မိတ္ထီလာမှာ ဝန်ထမ်းကြိုပို့ကားနဲ့ တပ်ပိုင်ကားတိုက်မိလို့ တယောက်သေ ၊ ၂၆ ယောက် ဒဏ်ရာရ

မတ် ၊ ၂၈ ၊ ၂၀၂၄ SP ( VOM) မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့၊တောမကျေးရွာအုပ်စုနားက မိတ္ထီလာ – သာစည် ကားလမ်း ၊ မဟာစည်တိုးချဲမှာ ဒီကနေ့ ညနေပိုင်းက ကားနှစ်စီးတိုက်မိရာက သေဆုံး ၊ ဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ပရဟိတ သမားတယောက်က ” ချည်မျှင်စက်ရုံက ဝန်ထမ်းကြို/ပို့ကားနဲ့ တပ်ပိုင်ယာဥ်နံပါတ် တပ်ဆင်ထားတဲ့ ကားတစီးနဲ့ တိုက်မိတယ် ၊ အဲ့ဒီ ယာဥ်နှစ်စီးတိုက်မိတဲ့ကြားမှာ ၊ ကြားညှပ်ပြီး စက်ဘီးစီးလာတဲ့ သူတစ်ယောက်သေးဆုံးတယ် ၊ ဝန်ထမ်းကြိုပို့ ကန်တာကားပေါ်မှာလိုက်ပါလာတဲ့ ဝန်ထမ်း ၂၆ ယောက် ဒဏ်ရာရတယ် ၊ အခု မိတ္ထီလာပြည်သူ့ဆေးရုံမှာ အရေးပေါ် ဆေးကုသခံနေတယ် ” လို့ ပြောပါတယ်။…

Read More

ရခိုင်နဲ့ ကယားရှိ စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးမှုပြဿနာ ပိုမိုဆိုးဝါးလာ မတ် ၂၈ – ၂၀၂၄ SN (VOM) ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်အပြင် သောက်သုံးရေ ရှားပါးပြတ်လပ်မှုဒဏ်ကို ပိုမို ဆိုးရွားစွာ ကြုံတွေ့လာနေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ပဋိပက္ခတွေ ကြာမြင့်လာတာနဲ့အမျှ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာ သောက်သုံးရေ ရှားပါးမှုပြဿနာ ပိုမိုဆိုးဝါးလာပြီး ထောက်ပံ့ကူညီမှုတွေ လျော့နည်းကျဆင်းလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations OCHA Myanmar) ရဲ့ မနေ့ မတ်လ ၂၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ယာယီရွှေ့ပြောင်းစခန်းတွေမှာ နေထိုင်နေရသူတွေအတွက် အစစအရာရာ ရှားပါးနေတဲ့ကာလမှာ သောက်သုံးရေ ရှားပါးလာမှုက အဓိက စိုးရိမ်စရာဖြစ်လာတယ်” လို့ UNOCHA Myanmar…

Read More

စစ်ကိုင်းတိုင်းမှာ ဒီကနေ့ တရက်တည်း လူငါးယောက်ထက်မနည်း ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားမှာ နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် လူ လေးယောက် သေဆုံးတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတဲ့ လူလေးယောက်က ညောင်ပင်သာရွာခံတွေမဟုတ်ဘူး ၊ ရွာနားကိုရောက်နေတာ ရက်တပတ်လောက်ရှိပြီး ၊ ဘယ်ရွာကဆိုတာမသိရဘူး ၊ သူတို့က သေနတ်တွေကိုယ်စီပါတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ ဒါ့အပြင် ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပင်လည်ဘူး ညောင်ပင်သာရွာနား ဒီမနက်ပိုင်းက နယ်မြေရှင်းလင်းရေး အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အမျိုးသား အလောင်း လေးလောင်းနဲ့ လက်လုပ် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။ အလားတူ…

Read More

ရန်ကုန်-မော်လမြိုင်လမ်းမှာ လူနာတင်ယာဥ် ပစ်ခတ်ခံရပြီး နှစ်ယောက်ထိခိုက်ခဲ့တာမို့ အသင်းရဲ့ကူညီရေးတွေ ယာယီရပ်မယ်

မတ် ၂၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကမာဆိုင်ကျေးရွာ၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်မှာ လူနာတင်ယာဥ်တစီးပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာသူတွေထဲက နှစ်​ယောက်သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မတ်လ ၂၇ ရက်နေ့ ၊ ည ၈ နာရီခွဲလောက်မှာ ကျိုက်ကော်က အရေးပေါ်လူနာတဦးကို ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်စဥ် ကမာဆိုင်ရွာနားအရောက်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် လူနာတင်ယာဥ် ယာဥ်မောင်းနဲ့ အရေးပေါ်လူနာမှာ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ လူနာတင်ယာဥ်ကတော့ သထုံမြို့နယ် အခြေစိုက် အကြင်နာတွဲလက် လူမှုကူညီရေးအသင်ကားဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် အသင်းကိုဆက်သွယ်မေးမြန်းရာ အသင်းတာဝန်ရှိသူတဦးက ” ရန်ကုန်လွှဲတဲ့လူနာကို လိုက်ပို့တာ ဘီးလင် ကမာဆိုင်ကွက်သစ်ရောက်တော့ မိုင်းကွဲတယ်၊ နောက်တော့ သေနတ်နဲ့ ပစ်တယ်၊ ပစ်ခံရပြီးကားကို ပစ်ထားရတယ်။ လူနာကို ပြီးမှအသင်းကားနဲ့ ထပ်သွားခေါ်ရတယ်။ ပစ်ခတ်မှုရှိတော့ချက်ခြင်းခေါ်မရဘူး အချိန်စောင့်ပြီးမှပဲခေါ်ရတယ်။…

Read More

ပြည်တွင်ရွှေစျေး ကျပ် ၄၄ သိန်းထိ ဆက်လက်မြင့်တက်လာ

ယနေ့ ရွှေဈေး (မတ် – ၂၈ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၉၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရွှေဘို – ရေဦးလမ်းမှာ ကားတစီး ပစ်ခတ်ခံရလို့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား သေဆုံး

မတ် ၊ ၂၈ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျွဲခြံကျေးရွာအနီး ရွှေဘို – ရေဦး လမ်းမှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ကားတစီးပစ်ခတ်ခံရပြီး ကားပေါ်မှာလိုက်ပါလာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယား ထိခိုက်သေဆုံးတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ပစ်ခတ်ခံရတဲ့ကားက ရွှေဘိုမြို့နယ် ၊ မြင်းချင်းရွာက ကားဖြစ်တယ် ၊ ကားပေါ်မှာ လိုက်ပါလာတာက မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် နဲ့ သူ့မိန်းမ ဒေါ်ပေါက် တို့ဖြစ်တယ် ၊ သူတို့လင်မယား နှစ်ယောက်စလုံး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီကားကိုမောင်းပေးတဲ့ လူက ထွက်ပြေးလို့ လွတ်လာတယ်” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်မှုဟာ…

Read More

လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်ကိုရီးယား ဘတ်စ်ကားယာဉ်မောင်းတွေ ဂိတ်မထွက်ဘဲ သပိတ်မှောက်

ဆိုးလ်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဘတ်စ်ကား ယာဉ်မောင်းတွေဟာ လုပ်ခလစာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဒီနေ့ မတ် ၂၈ ဂိတ်မထွက်ဘဲ သပိတ်မှောက်နေကြပါတယ်။ သူတို့တွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆိုးလ်မြို့ရဲ့ ဘတ်စ်ကားပို့ဆောင်ရေး ၉၇ ရာခိုင်နှုန်းထိခိုက်ခဲ့ပြီး အများပြည်သူသွားလာမှုတွေ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ ယာဉ်မောင်းတွေဟာ တနာရီကို လုပ်ခလစာ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုနေပြီး လစာညှိနှိုင်းမှု မအောင်မြင်ပြီးနောက် ဆန္ဒပြ သပိတ်မှောက်မှု စတင်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးမှုတွေကို မနက်ဖြန်မှာ ဆက်လုပ်သွားမှာဖြစ်ပြီး ရလဒ်မထွက်သေးတဲ့အချိန်မှာ ဆန္ဒပြမှုတွေ ဆက်လုပ်မလားဆိုတာ အတိအကျမသိသေးကြောင်း ယာဉ်မောင်းသမဂ္ဂက ပြောပါတယ်။ အခုလိုအခြေအနေမှာ ဆိုးလ်မြို့အစိုးရဟာ မြေအောက်ရထားပြေးဆွဲမှုတွေကို သတ်မှတ်ချိန်ထက် တိုးမြှင့်ပြေးဆွဲပေးမှာဖြစ်ပြီး ခရိုင် ၂၅ ခရိုင်မှာလည်း မြေအောက်ရထားဘူတာရုံတွေကို သွားလာနိုင်ဖို့ ဘတ်စ်ကားအစီးရေ ၄၈၀ ကို စီစဉ်ထားမယ်လို့ ဆိုပါတယ်။…

Read More

မန္တလေး ကုန်စည်ဒိုင် ၂၈-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- မတ်- ၂၈- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ်) – (60 ပိဿာ)- 155000/ 160000/ ဂျုံ –…

Read More

ကျိုက်မရော ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် တိုက်ပွဲကြောင့် ဒေသခံတွေပိတ်မိ၊ မီးလောင်မှုမှာ အိမ်ခြေ ၃၀၀ ကျော်ပျက်စီးခဲ့

ရန်ကုန် – မတ် – ၂၈ – ၂၀၂၄ GG (VOM) မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်ထဲက ဓမ္မသရွာမှာ မီးငြိမ်းသွားပေမယ့် ရွာထဲမှာ PDF နဲ့ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပြီး ပစ်ခတ်မှုဖြစ်နေလို့ ဒေသခံရွာသားတွေ ပိတ်မိနေတယ်လို့ ဓမ္မသ ရွာဒေသခံတွေဆီကသိရပါတယ်။ တိုက်ပွဲတွေကြောင့် ကြောင့် မီးဘေးသင့်ပြည်သူတွေရော၊ ရွာထဲမီးမလောင်ဘဲ ကျန်နေတဲ့နေအိမ် တွေကို စောင့်ရှောက်ဖို့ကျန်ခဲ့တဲ့ ဒေသခံတွေပါ ရွာအပြင်ကိုထွက်မရဘဲ ရွာထဲမှာပိတ်မိနေကြတာဖြစ်ပြီး အစားအသောက်၊ သောက်ရေတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။ ” မီးက ညတုန်းကလောင်နေချိန် ဘာမှမတတ်နိုင်လို့ထားခဲ့လိုက်ရတယ်၊မနက်ကျတော့ငြိမ်းသွားပြီ။ ရွာရဲ့ သုံးပုံ တပုံလောက်တော့ပါသွားတယ်။မီးငြိမ်းမှ သေချာသိရတာကိုး၊ ရွာထဲပိတ်မိနေသူတွေရှိနေပါတယ်။ စားစရာတွေလိုနေတယ်။အခုအပြင်ကိုထွက်မရပါဘူး။မီးဘေးသင့်သူတွေရော ၊ရွာခံတွေရောအကုန် ဒုက္ခရောက်နေပါတယ်။” လို့ ဓမ္မသရွာဒေသခံကပြောပါတယ်။ လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်လို့ နေအိမ်တွေပေါ်လက်နက်ကြီးကျည်ကျပြီး ထပ်မံမီးလောင်မှုဖြစ်ပွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ကော့ကရိတ်၊ ကော့ဘိန်းမြို့မှာ ဖြစ်နေတဲ့ စစ်တပ်နဲ့ PDF…

Read More

ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်တာကို တရားဝင် အသိအမှတ်ပြုတော့မယ်

ဘန်ကောက်၊ မတ်-၂၈-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုမယ့် ဥပဒေကြမ်းကိုအောက်လွှတ်တော်မှာ မတ် ၂၇ ရက်ကအတည်ပြုလိုက်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ လိင်တူချင်းလက်ထပ်ခြင်းဆိုင်ရာ သာတူညီမျှရေးအတွက် သမိုင်းဝင် ခြေလှမ်းတရပ်ဖြစ်ပြီး ဥပဒေဖြစ်လာဖို့ အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်ရဲ့ ထောက်ခံချက်တို့ လိုအပ်နေသေးသတယ်။ လွှတ်တော်အမတ် ၄၁၅ ဦးအနက် ၄၀၀ ကထောက်ခံခဲ့တဲ့ ဥပဒေကြမ်းမှာ အမျိုးသားနဲ့ အမျိုးသမီးတို့ လက်ထပ်ခြင်းအစား လူနှစ်ေပေါင်ဖက်မှုအဖြစ် အစားထိုးဖော်ပြထားပြီး လိင်တူချစ်သူများအမွေဆက်ခံခွင့်နဲ့ ကလေးမွေးစားခွင့်တွေလည်းပါဝင်ပါတယ်။ ဥပဒေကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်နေကြပြီး ထိုင်းနိုင်ငံဟာ လိင်တူလက်ထပ်ခြင်းကို တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးသော အရှေ့တောင်အာရှနိုင်ငံဖြစ်လာတော့မှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကိုအတည်ပြုလိုက်ခြင်းဟာ ပြသနာတိုင်းအတွက် အလုံးစုံ ကုစားဖြေရှင်းရေး မဟုတ်ပေမယ့် တန်းတူညီမျှမှုရဲ့ အစဖြစ်ကြောင်းအောက်လွှတ်တော် လက်ထပ်ခြင်းဆိုင်ရာကော်မတီဥက္ကဌ ဒန်နုဖန်ပန်နက်ကန်တာက ဥပဒေကြမ်းတင်သွင်းစဉ် လွှတ်တော်မှာ ပြောပါတယ်။ Ref:BBC Photo:Getty…

Read More
VOM News

FREE
VIEW