လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်ကိုရီးယား ဘတ်စ်ကားယာဉ်မောင်းတွေ ဂိတ်မထွက်ဘဲ သပိတ်မှောက်

ဆိုးလ်၊ မတ်-၂၈-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်မှာ ဘတ်စ်ကား ယာဉ်မောင်းတွေဟာ လုပ်ခလစာ အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဒီနေ့ မတ် ၂၈ ဂိတ်မထွက်ဘဲ သပိတ်မှောက်နေကြပါတယ်။
သူတို့တွေရဲ့ ဆန္ဒပြမှုတွေကြောင့် ဆိုးလ်မြို့ရဲ့ ဘတ်စ်ကားပို့ဆောင်ရေး ၉၇ ရာခိုင်နှုန်းထိခိုက်ခဲ့ပြီး အများပြည်သူသွားလာမှုတွေ အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။
ယာဉ်မောင်းတွေဟာ တနာရီကို လုပ်ခလစာ ၁၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ တောင်းဆိုနေပြီး လစာညှိနှိုင်းမှု မအောင်မြင်ပြီးနောက် ဆန္ဒပြ သပိတ်မှောက်မှု စတင်ခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးမှုတွေကို မနက်ဖြန်မှာ ဆက်လုပ်သွားမှာဖြစ်ပြီး ရလဒ်မထွက်သေးတဲ့အချိန်မှာ ဆန္ဒပြမှုတွေ ဆက်လုပ်မလားဆိုတာ အတိအကျမသိသေးကြောင်း ယာဉ်မောင်းသမဂ္ဂက ပြောပါတယ်။
အခုလိုအခြေအနေမှာ ဆိုးလ်မြို့အစိုးရဟာ မြေအောက်ရထားပြေးဆွဲမှုတွေကို သတ်မှတ်ချိန်ထက် တိုးမြှင့်ပြေးဆွဲပေးမှာဖြစ်ပြီး ခရိုင် ၂၅ ခရိုင်မှာလည်း မြေအောက်ရထားဘူတာရုံတွေကို သွားလာနိုင်ဖို့ ဘတ်စ်ကားအစီးရေ ၄၈၀ ကို စီစဉ်ထားမယ်လို့ ဆိုပါတယ်။
ဒါဟာ တောင်ကိုရီးယားမှာ ၁၂ နှစ်အတွင်း ယာဉ်မောင်းတွေရဲ့ ပထမဆုံး သပိတ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က နောက်ဆုံးပြုလုပ်ခဲ့တဲ့ သပိတ်ဟာ မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပါတယ်။
Ref:AFP
Photo:AFP/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW