စစ်ကိုင်းတိုင်းမှာ ဒီကနေ့ တရက်တည်း လူငါးယောက်ထက်မနည်း ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

မတ် ၊ ၂၈ ၊ ၂၀၂၄
SP (VOM)
ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ပင်လည်ဘူးမြို့နယ် ၊ ညောင်ပင်သာကျေးရွာနားမှာ နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် လူ လေးယောက် သေဆုံးတယ်လို့ နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” ပစ်သတ်ခံရတဲ့ လူလေးယောက်က ညောင်ပင်သာရွာခံတွေမဟုတ်ဘူး ၊ ရွာနားကိုရောက်နေတာ ရက်တပတ်လောက်ရှိပြီး ၊ ဘယ်ရွာကဆိုတာမသိရဘူး ၊ သူတို့က သေနတ်တွေကိုယ်စီပါတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
ဒါ့အပြင် ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပင်လည်ဘူး ညောင်ပင်သာရွာနား ဒီမနက်ပိုင်းက နယ်မြေရှင်းလင်းရေး အဖွဲ့နဲ့ ထိတွေ့မှုဖြစ်တယ် ၊ အမျိုးသား အလောင်း လေးလောင်းနဲ့ လက်လုပ် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ ဒိုးဝိုင်းချောင်းကျေးရွာနားမှာ နစက လုံခြုံရေးအဖွဲ့တွေရဲ့ ပစ်ခတ်ဖမ်းဆီးခြင်းကိုခံရလို့ လူတယောက်သေဆုံးပြီး သေဆုံးသူဆီက လက်ပစ်ဗုံး နှစ်လုံး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ ၊ နေ့လယ်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ကမ္မမြို့နယ်ခွဲနားမှာ ဆိုင်ကယ်စီးလာတဲ့ လူတယောက် ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသူဆီက ပစ္စတိုသေနတ် တလက်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ကျွဲခြံကျေးရွာအနီး ရွှေဘို – ရေဦး လမ်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ကားတစီးကို ပစ်ခတ်ဖမ်းဆီးတာကြောင့် ၊ အဲ့ဒီ ကားပေါ်မှာပါလာတဲ့ ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နဲ့ သူ့မိန်းမ ဒေါ်ပေါက်ဆိုတဲ့ လင်မယားနှစ်သေဆုံးခဲ့တယ်လို့နယ်ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW