မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်

နယူးယောက်၊ ဧပြီ-၆-၂၀၂၄
မျိုးဆက်(VOM)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်ငငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှောကို ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထုတ်ပြန်ကြေညာပါတယ်။

မစ္စဘစ်ရှော့ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာနေရာမှာ အစားထိုး တာဝန်ယူသွားမှာဖြစ်ပါတယ်။

အခုလို ခန့်အပ်ခံရမှုနဲ့ပတ်သက်ပြီး ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ကြိုဆိုလိုက်ပြီး ရာထူးတာဝန်နဲ့ လိုက်လျောညီထွေ အတွေ့အကြုံတွေရှိခဲ့တဲ့ မစ္စဘစ်ရှော့ရဲ့ ခန့်အပ်မှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်ပေါ်နေချိန်မှာ အရေးပါတယ်လို့ ဆိုပါတယ်။

ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေတည်ဆောက်ဖို့ ကူလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အာဆီယံအပြင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ ဂျူလီဘစ်ရှော့ာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ဩစတြေးလျလွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှာလည်း ၂၀၁၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Ref:9News
Photo:Getty Images

Related posts

VOM News

FREE
VIEW