လွယ်ဂျယ်မြို့မှာ နစကတပ် ရှိနေသေးပေမယ့် မြို့တွင်းက ဌာနဆိုင်ရာရုံးတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ချိပ်ပိတ်

ဧပြီ ၆၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ လွယ်ဂျယ်မြို့မှာ စစ်တပ်ရှိနေသေးပေမယ့် မြို့တွင်းက ဌာနဆိုင်ရာရုံးတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၄ ရက်နေ့က ချိပ်ပိတ် လိုက်ပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မြို့ထဲက ဌာနဆိုင်ရာ ရုံးတွေနဲ့ အရေးကြီးတဲ့နေရာတွေကို ချိပ်ပိတ်လိုက်ပြီ။ တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်တပ်မှာလည်း စစ်သားတွေရှိတယ်။ အရပ်ဝတ်နဲ့ပဲ။ ရဲရော သွားပေါင်းတယ်ပြောတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အများစုကတော့ မံစီတောင်ပေါ်လမ်းကနေ ထွက်သွားကြပြီး လမ်းမှာတော့ စစ်ဆေး ဖမ်းဆီး တာတွေတော့ မလုပ်ဘူးလို့ သိရတယ်လို့ ဆိုပါတယ်။ “နှစ်ဖက်စလုံးတော့ အပစ်အခတ် မရှိဘူး။ အခုက စစ်တပ်ပဲ ရှိတော့တာ။ လက်နက်လည်း မချဘူး။…

Read More

တောင်တရုတ် ပင်လယ်အရေး တင်းမာနေစဉ် အမေရိကန်၊ ဖိလစ်ပိုင်အပါအဝင် လေးနိုင်ငံ စစ်ရေးလေ့ကျင့်မယ်

မနီလာ၊ ဧပြီ-၆-၂၀၂၄ မျိုးဆက်(VOM) တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ သြစတြေးလျတို့ဟာ ရေးကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် ရေပြင်မှုာလည်းပြုလုပ်မှာဖြစ်ပြီး အမေရိကန်တိုက်ခိုက်ရေးသင်္ဘော ယူအက်စ်အက်စ်မိုဘိုင်း၊ သြစတြေးလျ ဖရီးဂိတ်စစ်သင်္ဘော အိတ်ချ်အမ်အေအက်စ် ဝရမ်မန်ဂါ၊ ဂျပန်ဖျက်သင်္ဘော ဂျေအက်စ် အာကီဘိုနိုအပြင် ဖိလစ်ပိုင်ရေတပ်က စစ်သင်္ဘောနှစ်စင်း ပါဝင်မယ်လို့ ဖိလစ်ပိုင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အန်ဒိုလောင်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ လေးနိုင်ငံ တပ်ဖွဲ့တွေရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ၊ နည်းစနစ်၊ လုပ်ထုံးလုပ်နည်းနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တောင်တရုတ်ပင်လယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ လေးနိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု…

Read More

ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှု ရုရှားစစ်လေယာဉ် ခြောက်စင်း ပျက်စီး

ကိယက်ဗ်၊ ဧပြီ-၆-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားတောင်ပိုင်းကို ပစ်မှတ်ထားပြီး မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခို်ကခဲ့ပြီး ရော့စ်တော့ဗ်ဒေသရှိ ရုရှားလေတပ်စခန်းတခုက စစ်လေယာဉ်ခြောက်စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က အခို်ငအမာဆိုပါတယ်။ အဲဒီဒေသမှာရှိတဲ့ မိုရိုဇော့ အခြေစိုက်စခန်းဟာ ယူကရိန်းစစ်မြေပြင်မှာ အသုံးပြုနေတဲ့ ရုရှားရဲ့ Su-27 နဲ၌Su-34 တို်ကလေယာဉ်တွေ ထားရှိရာနေရာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ အခြေစိုက်စခန်း တိုက်ခိုက်ခံမှုနဲ့ပတ်သက်ပြီး ရုရှားဘက်က ထုတ်ဖော်ပြောကြားလာတာ မရှိသေးသလို ဘီဘီစီအနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ယူကရိန်းနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဲဒီဒေသမှ မောင်းသူမဲ့လေယာဉ် အစင်း ၄၀ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။ ဒီအတောအတွင်း ယူကရိန်း ဇာပိုရစ်ဇီးယားမြို့မှာ ရုရှားရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ယူကကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ခါကိဗ်မြို့အရှေ့ပိုင်းမှာလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသန္တရ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၆ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၄၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၈၈ ကျပ် ဝယ်ဈေး – ၄၁၀၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၈ ကျပ် ဝယ်ဈေး – ၅၀၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်

နယူးယောက်၊ ဧပြီ-၆-၂၀၂၄ မျိုးဆက်(VOM) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်ငငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှောကို ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထုတ်ပြန်ကြေညာပါတယ်။ မစ္စဘစ်ရှော့ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာနေရာမှာ အစားထိုး တာဝန်ယူသွားမှာဖြစ်ပါတယ်။ အခုလို ခန့်အပ်ခံရမှုနဲ့ပတ်သက်ပြီး ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ကြိုဆိုလိုက်ပြီး ရာထူးတာဝန်နဲ့ လိုက်လျောညီထွေ အတွေ့အကြုံတွေရှိခဲ့တဲ့ မစ္စဘစ်ရှော့ရဲ့ ခန့်အပ်မှုဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေဖြစ်ပေါ်နေချိန်မှာ အရေးပါတယ်လို့ ဆိုပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေတည်ဆောက်ဖို့ ကူလသမဂ္ဂ အထူးကိုယ်စားလှယ်၊ အာဆီယံအပြင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူကပြောပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရတဲ့ ဂျူလီဘစ်ရှော့ာ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ဩစတြေးလျလွှတ်တော်အမတ်အဖြစ်…

Read More

ကာလရှည် ရပ်နားထားတဲ့ အမေရိကန်နဲ့တရုတ်တို့ရဲ့ စစ်ဘက်ဆိုင်ဆွေးနွေးပွဲတွေ ပြန်စ

ပေကျင်း၊ ဧပြီ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်စစ်တပ်နဲ့ တရုတ်စစ်တပ် တာဝန်ရှိသူတွေဟာ ၂၈ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် လေကြောင်းနဲ့ ရေကြောင်း စစ်ဆင်ရေး လုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့စဉ်မှာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆွေးနွေးပွဲတွေ ပြန်စဖို့သဘောတူခဲ့ကြတာပါ။ နှစ်ဘက်အကြား စစ်ဘက်ဆိုင်ရာ နောက်ဆုံးအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ ဆွေးနွေးပွဲကို ဟာဝိုင်အီရှိ ဟိုနိုလူလူမှာ နှစ်ရက်ကြာကျင်းပခဲ့တာဖြစ်ကြောင်း အမေရိကန် အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်းက စစ်ဆင်ရေးတွေမှာ လေကြောင်း ရေကြောင်း ဘေးကင်းရေးဆိုင်ရာ ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ ပြောပါတယ်။ အရှေ့နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ အမေရိကန်စစ်တပ်ရဲ့ စစ်လေယာဉ်၊ သင်္ဘောတွေနဲ့ တရုတ်စစ်တပ်ရဲ့ စစ်လေယာဉ် သင်္ဘောတွေဟာ မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။…

Read More

This Day in History

Voice of Myanmar ဂျာမနီသည် ၁၉၄၁ ခုနှစ် ဧပြီ ၆ ရက်တွင် ယူဂိုဆလားဗီးယားကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး လျှင်မြန်ကြမ်းကြုတ်သော တိုက်ခိုက်မှုအတွင်း အရပ်သား ၁၇၀၀၀ ကျော် သေဆုံးခဲ့သည်။

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၄၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၂၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW