ကိယက်ဗ်၊ ဧပြီ-၆-၂၀၂၄
မျိုးဆက်(VOM)
ယူကရိန်းဟာ ရုရှားတောင်ပိုင်းကို ပစ်မှတ်ထားပြီး မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခို်ကခဲ့ပြီး ရော့စ်တော့ဗ်ဒေသရှိ ရုရှားလေတပ်စခန်းတခုက စစ်လေယာဉ်ခြောက်စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က အခို်ငအမာဆိုပါတယ်။
အဲဒီဒေသမှာရှိတဲ့ မိုရိုဇော့ အခြေစိုက်စခန်းဟာ ယူကရိန်းစစ်မြေပြင်မှာ အသုံးပြုနေတဲ့ ရုရှားရဲ့ Su-27 နဲ၌Su-34 တို်ကလေယာဉ်တွေ ထားရှိရာနေရာဖြစ်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခြေစိုက်စခန်း တိုက်ခိုက်ခံမှုနဲ့ပတ်သက်ပြီး ရုရှားဘက်က ထုတ်ဖော်ပြောကြားလာတာ မရှိသေးသလို ဘီဘီစီအနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါပေမယ့် ယူကရိန်းနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဲဒီဒေသမှ မောင်းသူမဲ့လေယာဉ် အစင်း ၄၀ ကျော်ကို ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။
ဒီအတောအတွင်း ယူကရိန်း ဇာပိုရစ်ဇီးယားမြို့မှာ ရုရှားရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ ယူကကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ခါကိဗ်မြို့အရှေ့ပိုင်းမှာလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
Ref:BBC
Photo:Getty Images