မနီလာ၊ ဧပြီ-၆-၂၀၂၄
မျိုးဆက်(VOM)
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အမေရိကန်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ သြစတြေးလျတို့ဟာ ရေးကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဖိလစ်ပိုင်အထူးစီးပွားရေးဇုန် ရေပြင်မှုာလည်းပြုလုပ်မှာဖြစ်ပြီး အမေရိကန်တိုက်ခိုက်ရေးသင်္ဘော ယူအက်စ်အက်စ်မိုဘိုင်း၊ သြစတြေးလျ ဖရီးဂိတ်စစ်သင်္ဘော အိတ်ချ်အမ်အေအက်စ် ဝရမ်မန်ဂါ၊ ဂျပန်ဖျက်သင်္ဘော ဂျေအက်စ် အာကီဘိုနိုအပြင် ဖိလစ်ပိုင်ရေတပ်က စစ်သင်္ဘောနှစ်စင်း ပါဝင်မယ်လို့ ဖိလစ်ပိုင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အန်ဒိုလောင်က ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုဟာ လေးနိုင်ငံ တပ်ဖွဲ့တွေရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာ၊ နည်းစနစ်၊ လုပ်ထုံးလုပ်နည်းနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တင်းမာမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ဖိလစ်ပိုင်၊ အမေရိကန်နဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ လေးနိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် အာဏာရယူခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးတည်ဆောက်နေပြီး တရုတ်နိုင်ငံအပေါ် ယခင်သမ္မတဒူတာတေးရဲ့ မူဝါဒတွေနဲ့ ပြောင်းပြန်ကျင့်သုံးရပ်တည်နေပါတယ်။
Ref:Reuters
Photo:Getty Images