မန္တလေးတိုင်းမှာ လေပြင်းတိုက်ခတ်လို့ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့

မန္တလေး၊ ဧပြီ ၈-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးတိုင်းမှာ ဧပြီ(၇)ရက် ည(၇)နာရီခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ခဲ့လို့ လူသေဆုံး၊ ထိခိုက်ဒဏ်ရာရတာနဲ့ ကား၊ဆိုင်ကယ် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မင်းဂံကျေးရွာမှာ လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး လက်ပံပင် ပြိုကျမှုကြောင့် အသက်(၆၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး အပင်ပိ သေဆုံးကာ အသက်(၄၅)နဲ့ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး(၂)ဦးလည်း ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းနဲ့ ၇၃လမ်းထောင့်မှာ ပြုလုပ်ထားတဲ့ “မြန်မာ့နှစ်ကူးအတာရေသဘင်ပွဲတော်”စာတန်းပါ ဆိုင်းဘုတ်ကြီး ပြိုကျခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။
” မီးသတ်ကတော့ သတင်းရရခြင်း 191(ကယ်ဆယ်ရေး)ကားထွက်ပါတယ်၊ သန္ဓေ အရန် ပူပေါင်းအဖွဲ့နဲ့ ကယ်ဆယ်ရှင်းလင်းရေတွေလုပ်တယ်လို့ သိရတယ်၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရတယ်၊ ကား(၂)စီးနဲ့ ဆိုင်ကယ်(၁)စီး ပျက်စီးမှုဖြစ်ခဲ့တယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူ(၁)ဦးကပြောပါတယ်။
ဖြစ်စဉ်မှာ လေပြင်းတိုက်ခတ် ဆိုင်းဘုတ်ပြိုကျမှုကြောင့် ဖြတ်သန်းသွားလာနေတဲ့ လန်ခရူဆာ ကား (၁)စီး ရှေ့ဘောနပ်ဖုံး ဆေးပွန်းမှုဖြစ်ခဲ့၊ ဆူဇူးကီး အာတီကာ ကား(၁)စီး ရှေ့လေကာမှန်ကွဲ၊ဘောနပ်ဖုံးပျက်စီးခဲ့ပြီး စူပါကပ်ဆိုင်ကယ်(၁)စီး ထိခိုက်ပျက်စီးကာ အဲ့ဒီဆိုင်ကယ်စီးနင်းလာသူ အသက်(၆၀)အရွယ် အမျိုးသားတစ်ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
ဒါ့အပြင် သပိတ်ကျင်းမြို့နယ်မှာလည်း လေပြင်း တိုက်ခတ်မှုကြောင့် သစ်ပင်များ၊ဓာတ်တိုင်များ ၊Mpt ဖုန်းတိုင်များ လဲပြိုကျမှုဖြစ်ခဲ့တာကြောင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းက ရှင်းလင်းကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။
Photo – AT & Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW