လှည်းတန်း ခုံးကျော်တံတားပေါ် ဟိုက်ဂျက်နဲ့ အိမ်စီးကားတိုက်မိပြီး တယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

ဧပြီ ၈ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ခုံးကျော်တံတားပေါ်မှာ ဒီကနေ့ ‌ညနေ ၄ နာရီ ဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ပြည်သူ+လူရွှင်တော် (စမ်းချောင်း) ပရဟိတအသင်းမှ သိရပါတယ်။ Soueast အမျိုးအစား အိမ်စီးကားနဲ့ Hijet pickup အမျိုးအစားယာဉ်တို့ ခုံးကျော်တံတားပေါ် တိုက်မိခဲ့တာဖြစ်ပြီး Pick-up ယာဉ်က ယာဉ်မောင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ဟိုက်ဂျက်ယာဉ်မောင်းက ဟံသာဝတီအဝိုင်းဘက်က တက်လာတယ်။ ဒီဘက်က Soueast တစီးက မြကန်သာဘက်က တက်လာတယ်။ တံတားပေါ်ရောက်တဲ့ အချိန်မှာ ဟိုက်ဂျက်က လမ်းကြောင်းမှားပြီး တဖက်က လာတဲ့ကားကို ဝင်တိုက်ပစ်လိုက်တာ။ ဟိုက်ဂျက် ယာဉ်မောင်းကတော့ နေရာမှာတင် ပွဲချင်းပြီးသွားတယ်။ တဖက်ယာဉ် Soueast ပေါ်မှာ အမျိုးသားတယောက်ရယ်၊…

Read More

မြောင်းတကာစက်မှုဇုန်က မွေးမြူရေးအစာစပ်စက်ရုံ မီးလောင်မှု အလုပ်သမား တယောက်သေ ၊ လေးယောက်ဒဏ်ရာရ

ရန်ကုန် ၊ ဧပြီ ၈ – ၂၀၂၄ GG(VOM) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြောင်းတကာစက်မှုဇုန်ထဲက JAPFA ကြက်အစာစပ်စက်ရုံ မီးလောင်မှုမှာ ဝန်ထမ်းအမျိုးသားတယောက်သေဆုံးခဲ့ပြီး နောက်ထပ်ဝန်ထမ်းလေးယောက်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ မွေးမြူရေးအစာစပ်စက်ရုံမှာ မီးလောင်စဥ် စက်ရုံရဲ့အမြင့်ဆုံးအထပ်ဖြစ်တဲ့ ငါးလွှာလောက်မှာရောက်ရှိနေတဲ့ ဝန်ထမ်းအမျိုးသားက မီးအပူရှိန်နဲ့ မီးခိုးမွှန်တဲ့ဒဏ်တွေကြောင့် အပေါ်ဆုံးအလွှာကနေ ခုန်ချခဲ့ရာမှ မီးလောင်မှုဒဏ်ရာ၊ခုန်ချဒဏ်ရာတွေကြောင့်ဆေးရုံပို့စဥ်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” မီးလောင်တဲ့အချိန် သူက အစာစပ်စက်ရုံရဲ့ငါးလွှာလောက်ရှိမှာပေါ့အဲ့မှာရောက်နေတာ၊ မီးကအောက်ခြေကနေလောင်ပြီးအပေါ်ကိုလှိုက်တက်တော့ နောက်ဆုံးအပူဒဏ် မခံနိုင်ဘဲ အပေါ်ဆုံးက JAPFA စာတန်းနားကနေ ခုန်ချတာပေါ့။သေသွားတယ်။ကျန်ဒဏ်ရာရသူကနောက်ထပ်လေးယောက်လောက်ရှိမယ်၊အရမ်းဆိုးဆိုးဝါးဝါးမရှိဘူး။လှေခါးကပြန်ဆင်းချိန်ဖြစ်တာပေါ့။ စက်ရုံကတော့ အစားစပ်တဲ့နေရာပေါ့။အထဲမှာအစာစပ်တဲ့ဖိုတွေရှိတယ် အဲ့နေရာအဓိကလောင်တာပေါ့။အောက်ကနေစလောင်တာ မီးညွှန့်ကအပေါ်ကိုတက်သွားတာအပြင်ကိုမထွက်ဘူး” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မှော်ဘီမြို့နယ် မြို့မလူမှုကူညီရေးအသင်းတာဝန်ရှိတဦးကပြောပါတယ်။ သေဆုံးသူအမျိုးသားက အသက် ၄၂ နှစ်အရွယ် ဦးမင်းမင်းသန့်ဆိုသူဖြစ်ပြီး ကျန်တဲ့ ဒဏ်ရာရသူတွေကလည်းအမျိုးသား ၄ ယောက်ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ သေဆုံးသူအမျိုးသားနဲ့ ဒဏ်ရာရအမျိုးသားတွေက တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်မှာ အခ​ျိန်ပိုဆင်း အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေဖြစ်ပြီး…

Read More

YBS ယာဉ် မတော်တဆမှုကြောင့် သုံးလအတွင်း သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့

ဧပြီ ၈ – ၂၀၂၄ SN (VOM) အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလဆန်းပိုင်းအထိ သုံးလအတွင်း YBS ယာဉ် မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃၂ ယောက် ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သိရပါတယ်။ YBS ယာဉ် မတော်တဆမှုတွေမှာ လမ်းသွားလမ်းလာတွေကို တိုက်မိတဲ့ ဖြစ်စဉ်က အများဆုံး ဖြစ်ပြီး YRTC ရဲ့ စာရင်းတွေအရ ဧပြီ ၃ ရက်အထိ လမ်းဖြတ်ကူးသူကို တိုက်မိမှုကြောင့် သေဆုံးသူ ငါးယောက်နဲ့ ဒဏ်ရာရရှိသူ လေးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “YBS တွေက အခု‌နောက်ပိုင်း ပိုဆိုးလာတယ်၊ စည်းကမ်းအရမ်းမဲ့လွန်းတယ်။ YRTA အနေနဲ့ကလည်း ဒါတွေကို ထိထိရောက်ရောက်…

Read More

ဂါဇာတောင်ပိုင်း ခန်းယွန်နစ်ရှိ အစ္စရေးတပ်ဖွဲ့တွေကို ရုပ်သိမ်း

တဲလ်အဗစ်၊ ဧပြီ-၈-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဟာ ဂါဇာတောင်ပိုင်း ခန်းယွန်နစ်ရှိ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။ ရာဖာမှာပြုလုပ်မယ့် စစ်ဆင်ရေးတွေအပါအဝင် နောက်ထပ်စစ်ဆင်ရေးတွေ ပြင်ဆင်ဖို့အတွက် ဆုတ်ခွာခဲ့တာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လ်လန့်က ပြောပါတယ်။ ပါလက်စတိုင်း ဒုက္ခသည် အများအပြားကတော့ တောင်ဘက်စွန်း ခရိုင်တခုမှာ ခိုလှုံနေကြပါတယ်။ ခန်းယွန်နစ်ဟာ လအတန်ကြာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြုံတွေခဲ့ရတဲ့မြို့ဖြစ်ပြီး မြို့နဲ့အနီးတဝိုက်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအတွက် အစ္စရေးနဲ့ ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့တွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို စေလွှတ်ထားကြောင်း အစ္စရေးနဲ့ ဟားမတ်စ်တို့က ထုတ်ပြန်ထားပါတယ်။ နှစ်ဘက်အကြား နက်ရှိုင်းတဲ့ မတူကွဲပြားမှုတွေရှိနေပြီး ဒါတွေကို ပြေလည်ဖို့ မရေရာ မသေချာအခြေအနေဖြစ်ပါတယ်။ ဟားမတ်စ်တို့ကို အပြီးသတ်ချေမှုန်းမယ်လို့ အစ္စရေးက ရည်ရွယ်ထားပေမယ့် ဟားမတ်စ်တို့ကတော့ ထာ၀ရအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ…

Read More

ဒုတိယမြောက် ပြည်တွင်းဖြစ်ထောက်လှမ်းရေးဂြိုဟ်တု တောင်ကိုရီးယား လွှတ်တင်

ဝါရှင်တန်၊ ဧပြီ-၈-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားဟာ သူ့ရဲ့ဒုတိယမြောက် ပြည်တွင်းဖြစ် သူလျှိုဂြိုဟ်တုကို အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်းကနေ SpaceX ရဲ့ Falcon-9 ဒုံးပျံနဲ့ လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပထမဆုံး သူလျှိုဂြိုဟ်တုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ကယ်လီဖိုးနီးယားရှိ ဗန်ဒါဘာ့ဂ် အာကာသတပ်ဖွဲ့အခြေစိုက်စခန်းကနေ ကမ္ဘာပတ်လမ်းကြောင်းကို တောင်ကိုရီးယားက လွှတ်တင်ခဲ့ပါတယ်။ Falcon-9 ဒုံးပျံနဲ့ သယ်ဆောင်သွားတဲ့ တောင်ကိုရီးယား သူလျှိုဂြိုဟ်တုဟာ ဧပြီ ၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၃ နာရီ ၁၇ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပြီး ၄၅ မိနစ်အကြာမှာ ဂြိုဟ်တုကို ဒုံးပျံကနေခွဲထုတ်ပြီး ကမ္ဘာပတ်လမ်းထဲကို နေရာချနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ထားပါတယ်။ လွှတ်တင်ပြီး ၂ နာရီ ၄၀ မိနစ်အချိန်မှာတော့ ဂြိုဟ်တုဟာ မြေပြင်အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ရခဲ့တယ်လို့ ဆိုပါတယ်။…

Read More

မတည်ငြိမ်တဲ့ နယ်စပ်မြို့တွေက အစိုးရဝန်ထမ်းတွေ အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင်မှုတွေရှိနေ

ဧပြီ ၈၊ ၂၀၂၄ Shy V (VOM) မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ နယ်စပ်မြို့တွေက အစိုးရ ဝန်ထမ်းတွေ အိမ်နီးချင်းနိုင်ငံဘက် တိမ်းရှောင်မှုတွေရှိနေကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ “မူဆယ် နယ်စပ်ဒေသက ဝန်ထမ်းတွေဝောာ့ အခြေအနေ ရှုပ်ရင် တရုတ်နယ်စပ် ကျယ်ဂေါင်ဘက် သွားနေတယ်။ ကျယ်ဂေါင် ကနေပဲ မူဆယ်ဘက် ရုံးတက်ရတယ်။ အခြေအနေပေါ်မူတည်ပြီး မူဆယ်ဘက်လည်း နေတယ်” လို့ မူဆယ်နယ်စပ်က ဝန်ထမ်း တယောက်က ပြောပါတယ်။ ၁၀၂၇ ကာလကစ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းက မူဆယ် အပါအဝင် မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ၁၀၅ မိုင်၊ နမ့်ခမ်း တွေထဲက ဌာနဆိုင်ရာ ဝန်ထမ်း တွေ ဘေးကင်းရာ ရှောင်တိမ်းရှောင်တိမ်းနေကြရတာ လို့ဆိုပါတယ်။ ချင်းရွှေဟော် နယ်စပ်က ဌာနဆိုင်ရာ ဝန်ထမ်း တချို့လည်း…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၈ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၄၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၆၆ ကျပ် ဝယ်ဈေး – ၄၀၈၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၁၇ ကျပ် ဝယ်ဈေး – ၁၀၂.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၀ ကျပ် ဝယ်ဈေး – ၈၅၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၈ ကျပ် ဝယ်ဈေး – ၅၀၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၈ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၂၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

မိုဇမ်ဘစ်မှာ ကူးတို့သင်္ဘောနစ်မြုပ်မှု လူ ၉၀ ကျော်သေဆုံး

မာပူတို၊ ဧပြီ-၈-၂၀၂၄ မျိုးဆက်(VOM) မိုဇမ်ဘစ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းမှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၉၀ ကျော်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါသင်္ဘောပေါ်မှာ ခရီးသည် ၁၃၀ ကျော်လိုက်ပါသွားတယ်လို့ ယူဆရပြီး လက်ရှိမှာတော့ လူငါးဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့တွေဟာ ကာလဝမ်းရောဂါဖြစ်ပွားမှုကနေ ရှောင်တိမ်းလာကြတဲ့ နမ်ပူလာပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ ကူးတို့သင်္ဘောက သတ်မှတ်ထားတာထက် ခရီးသည်တွေ ပိုမိုတင်ဆောင်ခဲ့တာကြောင့် နစ်မြုပ်သွားပြီး တာဝန်ရှိသူတွေက အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။ နမ်ပူလာပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလကတည်းက ကာလဝမ်းရောဂါဖြစ်ပွားနေပြီး ကလေးငယ်တွေအပါဝင် လူများစွာ သေဆုံးခဲ့တယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ယူနီဆက်ဖ်ရဲ့အဆိုအရ လက်ရှိကာလဝမ်းရောဂါဖြစ်ပွားမှုဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံးအခြေအနေဖြစ်ပြီး၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ရောဂါဖြစ်ပွားသူ ၁၃၇၀၀ ရှိပြီး ၃၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါအပြင် နမ်ပူလာပြည်နယ်နဲ့ အိမ်နီးချင်း ကာဘိုဒယ်ဂါဒိုပြည်နယ်မှာလည်း ပြီးခဲ့တဲ့ခြောက်နှစ်ကစလို့ အစ္စလာမ္မစ် သောင်းကျန်းသူတွေရဲ့…

Read More
VOM News

FREE
VIEW