လှည်းတန်း ခုံးကျော်တံတားပေါ် ဟိုက်ဂျက်နဲ့ အိမ်စီးကားတိုက်မိပြီး တယောက်သေ ၊ နှစ်ယောက်ဒဏ်ရာရ

ဧပြီ ၈ – ၂၀၂၄
SN (VOM)
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်း ခုံးကျော်တံတားပေါ်မှာ ဒီကနေ့ ‌ညနေ ၄ နာရီ ဝန်းကျင်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတယောက် သေဆုံးသွားတယ်လို့ ပြည်သူ+လူရွှင်တော် (စမ်းချောင်း) ပရဟိတအသင်းမှ သိရပါတယ်။
Soueast အမျိုးအစား အိမ်စီးကားနဲ့ Hijet pickup အမျိုးအစားယာဉ်တို့ ခုံးကျော်တံတားပေါ် တိုက်မိခဲ့တာဖြစ်ပြီး Pick-up ယာဉ်က ယာဉ်မောင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဟိုက်ဂျက်ယာဉ်မောင်းက ဟံသာဝတီအဝိုင်းဘက်က တက်လာတယ်။ ဒီဘက်က Soueast တစီးက မြကန်သာဘက်က တက်လာတယ်။ တံတားပေါ်ရောက်တဲ့ အချိန်မှာ ဟိုက်ဂျက်က လမ်းကြောင်းမှားပြီး တဖက်က လာတဲ့ကားကို ဝင်တိုက်ပစ်လိုက်တာ။ ဟိုက်ဂျက် ယာဉ်မောင်းကတော့ နေရာမှာတင် ပွဲချင်းပြီးသွားတယ်။ တဖက်ယာဉ် Soueast ပေါ်မှာ အမျိုးသားတယောက်ရယ်၊ အမျိုးသမီးတယောက်ရယ်ပါတယ်။ အမျိုးသားကတော့ ရင်ဘတ်တွေ၊ ခေါင်းတွေ ထိသွားတယ်။ ဒဏ်ရာက rမစိုးရိမ်ရတဲ့အဆင့်ပါ။ အမျိုးသားကတော့ သူမောင်းတဲ့ ဘယ်ဘက်အခြမ်းကို တိုက်မိတာဆိုတော့ ဒဏ်ရာရတယ်။ အမျိုးသမီးကတော့ ဒဏ်ရာသိပ်မရဘူး” လို့ ပြည်သူ+လူရွှင်တော် ပရဟိတအသင်း ဥက္ကဋ္ဌ ဦးမျိုးထွန်းက ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာကို ပြည်သူ+လူရွှင်တော် ပရဟိတအသင်းနဲ့အတူ ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ ယာဉ်တစီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ယာဉ်တစီး၊ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့၊ အနာဂတ်အလင်းတန်း ပရဟိတအသင်းတို့က သွားရောက်ကူညီ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Photo Crd – Nyein Chan

Related posts

Leave a Comment

VOM News

FREE
VIEW