ဂါဇာတောင်ပိုင်း ခန်းယွန်နစ်ရှိ အစ္စရေးတပ်ဖွဲ့တွေကို ရုပ်သိမ်း

တဲလ်အဗစ်၊ ဧပြီ-၈-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးဟာ ဂါဇာတောင်ပိုင်း ခန်းယွန်နစ်ရှိ တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။

ရာဖာမှာပြုလုပ်မယ့် စစ်ဆင်ရေးတွေအပါအဝင် နောက်ထပ်စစ်ဆင်ရေးတွေ ပြင်ဆင်ဖို့အတွက် ဆုတ်ခွာခဲ့တာဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လ်လန့်က ပြောပါတယ်။ ပါလက်စတိုင်း ဒုက္ခသည် အများအပြားကတော့ တောင်ဘက်စွန်း ခရိုင်တခုမှာ ခိုလှုံနေကြပါတယ်။

ခန်းယွန်နစ်ဟာ လအတန်ကြာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြုံတွေခဲ့ရတဲ့မြို့ဖြစ်ပြီး မြို့နဲ့အနီးတဝိုက်မှာလည်း ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအခြေအနေမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေအတွက် အစ္စရေးနဲ့ ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့တွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို စေလွှတ်ထားကြောင်း အစ္စရေးနဲ့ ဟားမတ်စ်တို့က ထုတ်ပြန်ထားပါတယ်။

နှစ်ဘက်အကြား နက်ရှိုင်းတဲ့ မတူကွဲပြားမှုတွေရှိနေပြီး ဒါတွေကို ပြေလည်ဖို့ မရေရာ မသေချာအခြေအနေဖြစ်ပါတယ်။ ဟားမတ်စ်တို့ကို အပြီးသတ်ချေမှုန်းမယ်လို့ အစ္စရေးက ရည်ရွယ်ထားပေမယ့် ဟားမတ်စ်တို့ကတော့ ထာ၀ရအပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခို်ကမှုကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ပြီး အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခို်ကမှုအတွင်း ဂါဇာမှာ လူပေါင်း သုံးသောင်းသုံးထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW