ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၄
မျိုးဆက်(VOM)
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးကြိုးပမ်းရာမှာ အာဆီယံအနေနဲ့ ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ကုန်သွယ်မှုတွေ ရပ်တန့်ပြီး ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေ ယာယီဝင်ရောက်မှု ဖြစ်ပွားခဲ့တဲ့ မြန်မာနယ်စပ်က တိုက်ပွဲတွေဖြစ်ပွားအပြီးမှာ ထိုင်းအစိုးရက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့နဲ့ မြန်မာအာဏာပိုင်တွေအကြား ၂၀၂၁ ခုနှစ်က ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်နိုင်မှု အားနည်းတဲ့အပေါ်လည်း ဒေသတွင်းမှာ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။
“ ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့တော့ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့ လာအိုနိုင်ငံနဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့တယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောပါတယ်။
“ အတိုက်အခံတွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေက ထိုင်းနဲ့အရမ်းနီးတဲ့ မြ၀တီထိရောက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံအနေနဲ့ ပိုပြီးတော့ လုပ်ဖို့လိုတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ယခင်နှစ်အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှား၊ ယခုနှစ်ဥက္ကဌ လာအိုနဲ့ လာမယ့်နှစ်အလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံတို့အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးကြဖို့ ထိုင်းအစိုးရက ယခုသီတင်းပတ်အတွင်းမှာ အဆိုပြုခဲ့ပါတယ်။
Ref: Reuters
Photo: Reuters
Related posts
-
မအူပင်မြို့နယ်မှာ အအေးခေါင်းသယ်ယူလာတဲ့ နာရေးအသင်း ကားတစီး တိမ်းမှောက် သုံးယောက်သေဆုံး
မေ ၊ ၉ ၊ ၂၀၂၄ TT (VOM) ဧရာဝတီတိုင်း ၊... -
ဗလမင်းထင်တံတား အနီးက မိုင်းနား စုပေါင်းဂိတ်ကို KIA နဲ့ ပူးပေါင်းအဖွဲ့ လာရောက်ပစ်ခတ်
မေ ၉၊ ၂၀၂၄Shy V (VOM)ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်ကြား ဗလမင်းထင်တံနား အနီးက... -
တိုက်ပွဲကြောင့် ယာယီပိတ်ထားတဲ့ ရန်ကုန်-ထားဝယ်-မြိတ် လမ်းပိုင်း ပြန်ဖွင့်
မေ ၉ – ၂၀၂၄ SN (VOM) တနင်္သာရီတိုင်းအတွင်း တိုက်ပွဲကြောင့် လေးရက်ကြာ...