မူဆယ်မှာ စမတ်ကဒ် မှောင်ခိုဈေး ၅ သိန်းခွဲ ကနေ ၇ သိန်း ဝန်းကျင်ရှိနေ



မေ ၂၊ ၂၀၂၄
Shy V (VOM)

တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မှာ စမတ်ကဒ် လို့ခေါ်တဲ့ UID (Unique Identity Number) ဟာ မှောင်ခိုဈေး ၇ သိန်း ဝန်းကျင်ရှိနေတယ်လို့ နယ်စပ် ပြည်သူတွေ ဆီက သိရပါတယ်။

“စမတ်ကတ်နဲ့ မူဆယ် ခရိုင်အတွင်းက စာအုပ် အနီ အတူတူ လုပ်ရင် တရုတ် ယွမ် ၂၂၀၀ လို့ ပြောနေတယ်။ စမတ်ကဒ် ပဲ ယူရင် တရုတ်ငွေ ၁၁၀၀ ယွမ် (ကျပ် ၅၈၀,၀၀၀ ကျော်) လို့ ပြောတယ်။ တဝက် တဝက် စီတဲ့။ စာအုပ်နဲ့ စမတ်ကတ်က ယွမ် ၂၂၀၀ (ကျပ် ၁၁ သိန်းခွဲကျော် ကျော်) လို့ပြောတယ်။” လို့ စာအုပ် သက်တမ်းတို့ ဖို့လုပ်နေတဲ့ မြန်မာ လုပ်သား တယောက်က ပြောပါတယ်။

အဲဒီ စမတ်ကဒ်နဲ့ နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် အနီကို ပွဲစားနဲ့ လုပ်ရတာဖြစ်ပြီး အရင်ရက်တွေမှာ လုပ်ထားသူေတွရဲ့ စာအုပ် မနေ့ မေလ ၁ ရက်နေ့က ထွက်လာပြီလို့ သိရတာကြောင့် သူတို့ ဝင်လို့ ဘာမှ မဖြစ်ဘူးဆိုရင် အဒီ ပွဲစားနဲ့ လုပ်မလို့ စောင့်ကြည့်နေတယ်လို့ သူက ပြောပါတယ်။

တချို့ ပွဲစားတွေကတော့ စမတ်ကဒ် တမျိုးတည်းပဲ ယူရင် မြန်မာငွေ ၇ သိန်း ဝောာင်းတယ်လို့ သူက ရှင်း ပြပါတယ်။

“မူဆယ်ခရိုင်က အိမ်ထောင်စု မဟုတ်ရင် စာအုပ် အနီက သိန်း ၈၀ လောက်ရှိတယ်။ စမတ်ကတ်ကတော့ ၇ သိန်း” လို့ မူဆယ် ဒေသခံ တဦးကလည်း ပြောပါတယ်။

မူဆယ် ခရိုင် လဝက ကတော့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် လျှောက်ထားသူ တွေအနေနဲ့ ကာယကံရှင် ကိုယ်တိုင်လာရောက်လျှောက်ထားရမှာ ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနဲ့ မိတ္တူ ၂ စောင်၊အိမ်ထောင်စုလူဦးရေစာရင်း မူရင်းနဲ့ မိတ္တူ ၂ စောင်၊ UID (Unique Identity Number) စမတ်ကတ် မူရင်းနဲ့ မိတ္တူ၊ လိုင်စင် ဓာတ်ပုံ ၄ ပုံ နဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (BP) စာအုပ်နဲ့ မိတ္တူ လို့အပ်ကြောင်း မေလ ၁ ရက်နေ့က အသိပေး ထုတ်ပြန် ထားပါတယ်။

မှတ်ချက် အနေနဲ့ UID (Unique Identity Number) စမတ်ကတ် ရရှိပြီးသူတွေသာ လျှောက်လွှာ လက်ခံ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေ အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ တွေဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာတာမှာ သတ်မှတ်ထားတဲ့ နယ်စပ်ဝင်/ထွက်ဂိတ် တွေကနေ TB (တပတ်ကဒ်), BP (ဋယ်စပ်ဖြတ်က‌ ကျော်ခွင့်စာအုပ်) တွေနဲ့ တရားဝင် ဝင်/ထွက်သွားလာခွင့် ပြုတာဖြစ်ပြီး နယ်စပ်ဝင်/ထွက်ဂိတ် တွေမှာ TBP, BP လက်မှတ်လာရောက်လျှောက်ထားသူ ပြည်သူတွေ အနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနဲ့ အတူ UID စာရွက်ပါ တစ်ပါတည်း ယူဆောင်လာကြဖို့၊ ၁-၅-၂၀၂၄ ရက်နေ့က စတင်ပြီး UID စာရွက်ပါမှသာ TBP, BP လက်မှတ် တွေထုတ်ပေးပြီး နယ်စပ်ဖြတ်သန်းခွင့်ပြုမှာဖြစ်‌ေကြာင်း ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထား ပြီးနောက် မူဆယ်မှာ စမတ်ကတ် မှောင်ခို ဈေးကွက်တွေ ပေါ်လာတာ ဖြစ်ပါတယ်။

Photo: Shy V(VOM) ( ဧပြီလ ၂၁ ရက်နေ့က မူဆယ်မှာ စမတ်ကတ် တိုကင် တန်းစီနေသူများ)

Related posts

Leave a Comment

VOM News

FREE
VIEW