အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဗုံးခြိမ်းခြောက်မှုများကြောင့် စာသင်ကျောင်း ၁၀၀ ကျော် ပိတ်ထားရ

ဒေလီ၊ မေ-၂-၂၀၂၄
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ ဗုံးခြိမ်းခြောက်မှုအတုတွေကို အီးမေးလ်နဲ့ ပေးပို့ခဲ့မှုတွေကြောင့် ဒေလီအနီးရှိ ကျောင်းပေါင်း ၁၀၀ နီးပါးမှ ထောင်နဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း တာဝန်ရှိသူတွေက မေ ၂ ရက်မှာ ပြောပါတယ်။
ဗုံးခြိမ်းခြောက်မှုခံရတဲ့ ဒေလီအနီး ဆင်ခြေဖုံးရှိ စာသင်ကျောင်းတွေကို ရှာဖွေရေးတွေ ပြုလုပ်နေတာကြောင့် ပိတ်ထားပြီး ပြည်သူတွေအနေနဲ့ စိတ်မပူကြဖို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနဲ့ ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
ခြိမ်းခြောက်တဲ့ အီးမေးလ်တွေရဲ့ မူလဇစ်မြစ်ကို ခြေရာခံရှာဖွေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ခွေးတွေ၊ ဗုံးရှင်းလင်းရေးအဖွဲ့တွေနဲ့ ရှာဖွေနေပြီး ဆိုးရွားတဲ့ ဖြစ်ရပ်မျိုးမကြုံတွေ့စေဖို့ အပြည့်အဝပြင်ဆင်ထားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။
မြို့တော်ဒေလီရှိ ဆေးရုံအချို့မှာလည်း အလားတူခြိမ်းခြောက်စာတွေ ရရှိခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့ ထိန်းတန်းတာဝန်ရှိသူက သတင်းထောက်တွေ ကိုပြောပါတယ်။
လက်ရှိချိန်ထိ ဗုံးခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ထူးခြားတဲ့ အခြေအနေကို မျက်ခြည်မပြတ်စောင့်ကြည့်နေကြောင်း ဒေလီပညာရေးဝန်ကြီးကပြောပါတယ်။ ဒါဟာ အများပြည်သူ ထိတ်လန့်စေဖို့ အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
Ref:BBC
Photo:PTI/Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW