အန်ကာရာ၊ မေ-၃-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာတွေ ဖြစ်ပေါ်မှုတွေကြောင့် တူရကီဟာ အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသသို့ အထောက်အပံ့တွေ အနှောက်အယှက်ကင်းကင်းနဲ့ လုံလောက်စွာ စီးဆင်းမှုကို အစ္စရေးကခွင့်ပြုပေးတဲ့ အချိန်ထိ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း တူရကီကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ယမန်နှစ်က ဒေါ်လာ ၇ ဘီလီယံန်ီးပါးထိရှိခဲ့ပါတယ်။ ဒီလုပ်တာဟာ တူရကီသမ္မတအာဒိုဂန်ရဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အာဒိုဂန်ဟာ တူရကီပြည်သူတွေနဲ့ စီးပွားရေးသမားတွေရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို လျစ်လျူရှုထားကြောင်း အစ္စရေးတာဝန်ရှိသူတွေက ဝေဖန်ပြောဆိုထားပါတယ်။
၁၉၄၉ ခုနှစ်မှာ တူရကီဟာ အစ္စရေးနိုင်ငံကို အသိအမှတ်ပြုခဲ့တဲ့ ပထမဆုံးသောမွတ်ဆလင်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာသေးမီ ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားလာခဲ့ပါတယ်။
Ref:Reuters
Photo:Getty Images
ဂါဇာအရေးကြောင့် အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံး တူရကီ ရပ်ဆိုင်း
