ဆိုးလ်၊ မေ-၃-၂၀၂၄
မျိုးဆက်(VOM)
တောင်ကိုရီးယားအစိုးရရဲ့ ပြည်ပရှိသံရုံးတွေကို မြောက်ကိုရီးယားက အန္တရာယ်ပြုလာနိုင်ကြောင်း ထောက်လှမ်းရေးသတင်းအချက်အလက်များကြောင့် သံရုံးငါးခုရဲ့ အကြမ်းဖက်သတိချက်အဆင့်ကို တောင်ကိုရီးယား အာဏာပိုင်တွေက မြှင့်တင်လိုက်ပါတယ်။
အခုသီတင်းပတ်အတွင်းမှာ ပြုလုပ်တဲ့ အစိုးရရဲ့ အကြမ်းဖက်တိုက်ဖျက်မှု အစည်းအဝေးမှာ အခုလိုဆုံးဖြတ်လိုက်တာလို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
လုံးခြုံရေးသတိပေးချက် တိုးမြှင်လိုက်တဲ့ သံရုံးငါးခုကတော့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်ရှိ တောင်ကိုရီးယား သံရုံးတွေနဲ့ တရုတ်အရှေ့မြောက်ပိုင်းနဲ့ ရုရှားရှေ့ဖျားပိုင်းရှိ ကောင်စစ်ဝန်ရုံးတွေ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အဲဒီသံတမန်ရေးရာဌာနတွေကို အန္တရာယ်ပြုဖို့ကြုံစည်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က အချက်အလက်တွေရရှိထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယား သံတမန်တွေနဲ့ နိုင်ငံသားတွေကို မြောက်ကိုရီးယားက အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ အရိပ်လက္ခဏာတွေ များစွာတွေ့ထားရကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။
Ref;NHK
Photo:Getty Images
တောင်ကိုရီးယားသံရုံးတွေကို မြောက်ကိုရီးယားက တိုက်ခိုက်နိုင်ခြေကြောင့် လုံခြုံရေးသတိပေးချက် တိုးမြှင့်
