ဗန်း‌မော်ခရိုင်က မြို့နယ်သုံးခုမှာ တိုက်ပွဲ​တွေ ​ပြင်းထန်နေ​​ပြီးနေအိမ်တချို့ မီးလောင်

မေ ၈၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်အတွင်းက ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်နဲ့ မိုးမောက်မြို့တွေမှာ ယမန်နေ့ မေလ ၇ ရက်နေ့ ၅ နာရီကျော်ခန့်ကစ စစ်တပ်နဲ့ KIA ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲ ​ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး တိုက်ပွဲ အတွင်း မိုးမောက် ဘက်က အရပ်သား ပြည်သူတွေရဲ့ နေအိမ် တချို့ မီးလောင်ကျွမ်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနက် ၅ နာရီခွဲ‌လောက်က မိုးမောက်၊ မံစီနနဲ့ ဗန်းမော် စင်ခန်းရွာဘက် တချိန်ထဲ တိုက်ပွဲ ဖြစ်နေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
စင်းခန်းရွာ နဲ့ အနီးဝန်းကျင်က ရဲ၊ စစ်တပ် စခန်း ၆ နေရာ၊ မံစီမြို့ဘက်က ရဲ၊ စစ်တပ် စခန်း ၅ နေရာ နဲ့ မိုးမောက်မြို့ဘက် နေရာတချို့မှာ စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေကြောင်း KIA နဲ့နီးစပ်တဲ့ The Kachin Net က ယမန်နေ့ညမှာ သတင်းထုတ်ထားပါတယ်။
ယမန်နေ့ ​မေလ ၇ ရက်နေ့ ၇ နာရီဝန်းကျင်မှာ စင်းခန်း အခြေစိုက် စစ်တပ်စခန်း၊ မံစီ စေတီကုန်း စစ်တပ်စခန်း၊ မနက် ၁၀ နာရီခန့်မှာ မံစီရဲစခန်းနဲ့ နေ့လယ်ပိုင်း ခန့်က စင်းခန်းတာဝါတိုင်ကုန်း စစ်တပ်စခန်း၊ မိုးမောက်မြို့က စစ်တပ်နဲ့ ရဲစခန်း တွေကို သိမ်းပိုက်ထားကြောင်း ဖော်ပြထားပါတယ်။
မိုးမောက်မြို့မှာတော့ သုံးနေရာလောက် တိုက်ပွဲ ဖြစ်နေပြီး ‌မန်ဘုံနဲ့ ကြေးနန်း ရပ်ကွက်တွေဘက် စစ်တပ်တွေ ရှိနေပြီး စစ်တပ်ဘက်က လေကြောင်း ပစ်ကူတွေလည်း လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိုးမောက်မြို့က နေအိမ်တွေ မီးလောင်နေတယ်။ မနေ့ကတည်းက လောင်တာ မနေ့ည အထိ လောင်နေတုန်းပဲ။ တော်တော် လောင်သွားလောက်ပြီ။” လို့ အဝေးကနေ လှမ်းမြင်နေတဲ့ ဒေသခံ တယောက်က ပြောပါတယ်။
မံစီမြို့နယ်က စစ်တပ်စခန်း တခုထဲက အဆောက်အဦးတွေလည်း မီးကူးစက် လောင်ကျွမ်းနေတာ အဝေးက တွေ့ရကြောင်း ဒေသခံ တယောက်က ပြောပါတယ်။
မံစီမြို့ ရဲစခန်းရှေ့က ‌နေအိမ် တလုံး မီးလောင်ထားတာရှိပြီး နေအိမ်တွေတချို့လည်း ထိခိုက်ပျက်စီးတာရှိကာ တိုက်ပွဲအတွင်း ဒေသခံ တယောက် လက်နက်ကြီးထိမှန်သေဆုံးသွားသလို ဒေသခံ တယောက်လည်းထိခိုက် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
မေလ ၆ ရက်နေ့ကလည်း စစ်တပ်ရဲ့ ပွိုင့် ၁၁၀၃ ဂီဒုန် တပ်စခန်းနဲ့ အခြား ကာကင်းစခန်းတွေ အပြင် မေလ ၅ ရက်နေ့ကလည်း ဆွမ်ပရာဘွမ် ခလရ – ၄၆ တပ်စခန်းနဲ့ ဝိုင်းမော်မြို့နယ်က ငကျန်တပ်စခန်းအပါအဝင် တခဖို့ ကာကင်း စခန်းတွေကို KIA နဲ့ ပူးပေါင်း အဖွဲ့တွေက သိမ်းပိုက်ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံများ

Related posts

Leave a Comment

VOM News

FREE
VIEW