လုပ်ကြံခံရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် အသက်အန္တရယ် စိုးရိမ်ဖွယ် အခြေအနေရှိနေ



ဘရာတစ်လာဗာ၊ မေ-၁၉-၂၀၂၄
မျိုးဆက်(VOM)

နေသတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ ဥရောပတခွင် တုန်လှုပ်ချောက်ချားစေခဲ့တဲ့ လုပ်ကြံမှုမှာ သေနတ်နဲ့ လေးချက်အပစ်ခံခဲ့ရတာဖြစ်ပြီး စလိုဗက်ကီးယားနိုင်ငံရေးအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

“ ဝန်ကြီးချုပ်ရဲ့ အခြေအနေက ကိုယ့်ဘက်မပါသေးပါဘူး။ အခြေအနေတည်ငြိမ်တယ်ဆိုပေမယ့် စိုးရိမ်ရတယ်” လို့ ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဒုတိယဝန်ကြီးချုပ် ရောဘတ်ကာလီနက်ခ်က ဆေးရုံမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဝန်ကြီးချုပ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ သံသယရှိသူကိုတော့ လူသတ်မှုကျူးလွန်ရန် ကြံစည်မှုနဲ့ စွဲချက်တင်ပြီး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒီလုပ်ကြံမှုကို တယောက်တည်း လုပ်ဆောင်ခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးက ဆိုပါတယ်။

ဝန်ကြီးချုပ် ဆေးရုံတက်နေချိန်မှာ တာဝန်တွေကို တရားဝင်လွှဲပြောင်းရယူဖို့ မလိုသေးဘူးလို့ ဒုဝန်ကြီးချုပ် ရောဘတ်ကာနီနက်ခ်က ပြောပါတယ်။ ဝန်ကြီးချုပ် ဖီကိုဟာ သောကြာနေ့က နှစ်နာရီကြာ ခွဲစိတ်မှုတွေပြုလုပ်ခဲ့ပြီး အခြေအနေတိုးတက်မှုရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:Reuters
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW