မေလ ၁၆၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ လိုင်ဇာ အနီး၊ ဖွန်လွမ်ယန် စစ်ရှောင်စခန်းမှာ ယမန်နေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ ဝန်းကျင်ခန့်က အသက် ၁၀ နှစ်အရွယ် မီးကြိုး ပြတ်ကျနေတဲ့ ချောင်းထဲ ရေဆင်းချိုးရာက ဓာတ်လိုက်သေဆုံး သွားကြောင်း စစ်ရှောင်ပြည်သူတွေဆီက သိရပါတယ်။
“မီးကြိုးက ရေထဲ တွဲကျတော့ လျှပ်စစ်တွေက ရေထဲမှာ စီးဆင်းနေတာလေ။ အဲဒါဆိုတော့ ရေထဲဆင်းတာနဲ့ ဓာတ်လိုက်ပြီး သေဆုံးသွားပြီပေါ့။ မခံနိုင်လို့ သေဆုံးသွားတာ။ မီးကြိုးအရမ်းကြီးတယ်လေ။ မီးအား အရမ်းများမှာ။” လို့ စစ်ရှောင် အမျိုးသမီး တယောက်က ပြောပါတယ်။
ဓာတ်လိုက်သေဆုံးသွားတဲ့ ကလေးက အသက် ၁၀ နှစ်အရွယ်ရှိ လုကာဆန်အောင် ဖြစ်ပြီး ၄ နာရီခန့် အကြာမှ ပြန်လည် တွေ့ရှိတာကြောင့် အသက်ကယ်တင်ဖို့ မမီတော့တာလို့ သူက ပြောပါတယ်။
“တွေ့တွေ့ချင်း ဝါးလုံးအခြောက်နဲ့ မီးကြိုးဖယ်ပြီး ရေထဲက ပွေ့လာပေမယ့် မရတော့ဘူး။ မီးကြိုးက ဘက်ဟိုးနဲ့ ညှိပြီး ပြတ်သွားတာလို့ ကြားတယ်။ တွဲလောင်းကျနေတဲ့ အပိုင်းက ရေထဲရောက်နေတာ။ မီးကလည်း လာနေတော့ ရေထဲမှာ ဓာတ်လိုက်တာပေါ့။” လို့ နောက်ထပ် ဒေသခံ တယောက်ကပြောပါတယ်။
အဲဒီကလေး မိသားစုက ဆိုင်မိုင်ရွာဘက်ကဖြစ်ပြီး သူ့အမေနဲ့ အတူ ဖွန်လွမ်ယန် စစ်ရှောင်စခန်းဘက် သူ့ဦးလေးရဲ့ မင်္ဂလာဆောင်လာကြတာဖြစ်ကာ တစ်ဦးတည်းသောသားလည်း ဖြစ်တယ်လို့ဆိုပါတယ်။
Crd# စစ်ရှောင်ပြည်သူ တယောက်
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
နေပြည်တော်မှာ ရဲဝန်ထမ်းက ဇနီးကျောင်းဆရာမကို သေနတ်နဲ့ပစ်သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
ဇန်နဝါရီ ၂ – ၂၀၂၅SN (VOM)နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့မှာ မနေ့ ဇန်နဝါရီလ... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ...