စင်ကာပူ၊ မေ-၁၆-၂၀၂၄
မျိုးဆက်(VOM)
စင်ကာပူနိုင်ငံမှာ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီရှန်းလွန်း ရာထူးကနေ နှုတ်ထွက်ပြီးနောက် ဒုတိယဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ လော့ရန့်ဝမ်ဟာ စင်ကာပူဝန်ကြီးချုပ်သစ်ဖြစ်လာပါတယ်။
လော့ရန့်ဝမ်ဟာ မေ ၁၆ ရက်မှာ စင်ကာပူဝန်ကြီးချုပ် အဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သူ့ရဲ့ဦးဆောင်မှုပုံစံဟာ ယခင်မျိုးဆက်တွေနဲ့ ကွဲပြားပြီး မျိုးဆက်အပြောင်းအရွှေ့တခုဖြစ်လာလိမ့်မယ်လို့ သူက အလေးပေးပြောဆိုပါတယ်။
စင်ကာပူနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးနဲ့ နိုင်ငံရဲ့ရှေ့ခရီးအတွက် စည်းလုံးညီညွှတ်ကြဖို့ သူက တိုက်တွန်းပြောဆိုပါတယ်။ စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ် လီကွမ်းယုရဲ့ သားဖြစ်သူ ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းကတော့ အစိုးရအဖွဲ့မှာ ထိပ်တန်း ဝန်ကြီးတပါးအဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။
ဝန်ကြီၤးချုပ်သစ်ဟာ ဗျူရိုကရက်ဟောင်းပြီး အသက် ၅၁ နှစ်ရှိပြီဖြစ်ကာ လူလတ်တန်းစားမိသားစုမှာ ကြီးပြင်းလာသူဖြစ်ပါတယ်။ သူဟာ ကိုဗစ်ကပ်ရောဂါကာလမှ ကိုဗစ်တိုက်ဖျက်ရေး ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ဒုတိယဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
နိုင်ငံတွင်းမှာ သက်ကြီးရွယ်အိုဦးရေမြင့်မားလာပြီး မွေးဖွားနှုန်းကျဆင်းလာခြင်း၊ တရုတ်-အမေရိကန် တင်းမာမှုတွေပြင်းထန်နေချိန်မှာ စင်ကာပူရင်ဆိုင်နေရတဲ့ ပြည်တွင်းပြည်ပ အရေးတွေအပေါ် စီးပွားရေးပညာရှင် ဝန်ကြီးချုပ်အနေနဲ့ ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။
Ref:NHK
Photo:AFP
Related posts
-
ဖိလစ်ပိုင်ရေပြင်မှာ တရုတ်ရေအောက်ဒရုန်းတစင်း ရှာဖွေတွေ့ရှိ
မနီလာ၊ ဇန်နဝါရီ-၂-၂၀၂၄မျိုးဆက်(VOM)တရုတ် မောင်းသူမဲ့ ရေအောက်ဒရုန်းလို့ ယူဆရတဲ့ ယာဉ်တစင်းကို ဖိလစ်ပိုင်ရေပြင်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က... -
အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုးကာရံမှု မိုရေးနယ်စပ်မှာ ပြီးစီး
ဒေလီ၊ ဇန်နဝါရီ-၂-၂၀၂၅မျိုးဆက်(VOM)အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ မိုရေးမှာ မြန်မာနဲ့ထိစပ်နေတဲ့နယ်စပ်မှာ ၉ ဒဿမ ၂၁၄ ကီလိုမီတာအရှည်ရှိ... -
အမေရိကန်မှာ လူအုပ်ထဲ ထရပ်ကားနဲ့ဝင်တိုက်လို့ ၁၅ ယောက်သေပြီး ၃၅ ယောက်ဒဏ်ရာရ
ဝါရှင်တန်၊ ဇန်နဝါရီ-၂-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ နယူးအော်လင်းစ်မှာ လူအုပ်ထဲကို ထရပ်ကားနဲ့ဝင်တိုက်မှုကြောင့် လူ ၁၅...