မန္တလေးမှာ သံဃာ အပါးတသောင်းကျော်ကို ဆွမ်းလောင်းလှူပွဲကျင်းပ

မန္တလေး၊ မေ- ၂၂- ၂၀၂၄ SA(VOM) မန္တလေးမြို့ လေးပြင် လေးရပ်မှာ သီတင်းသုံးတဲ့ သံဃာတော် အပါးတသောင်းကျော်ကို မေလ ၂၂ ရက် ကဆုန်လပြည့်နေ့ မနက် ၆ နာရီအချိန် ကျုံးပတ်လည်မှာ ပြည်သူလူထုနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီး ဆွမ်းလောင်းလှူတာဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။ ကျုံးပတ်လည် ၆၆ လမ်း အရှေ့ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ ၂၆ လမ်း တောင်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ လမ်း ၈၀ အနောက်ပြင်မှာ သံဃာ ၂၅၆၈ ပါး၊ မြောက်ပြင် ၁၂ လမ်းမှာ သံဃာ ၂၅၆၈ ပါး စုစုပေါင်း သံဃာ ၁၀၂၇၂ ပါးတို့ကို လောင်းလှူနေတာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က…

Read More

This Day in History

Voice of Myanmarဂျာမနီအဓိပတိ အဒေါ့ဖ်ဟစ်တလာနှင့် အီတလီဝန်ကြီးချုပ် မူဆိုလီနီတို့သည် ဂျာမနီနှင့် အီတလီတို့အကြား စစ်ရေးနှင့် နိုင်ငံရေးမဟာမိတ်အဖြစ် အပြည့်အ၀ပူးပေါင်းမည့် Pact of Steel သဘောတူစာချုပ်ကို ဘာလင်၌ ၁၉၃၉ ခုနှစ် မေ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

Read More

မန္တလေး – မိုးကုတ်ကားလမ်းက နွယ်ရုံကျေးရွာမှာ လူသတ်မှုတွေ အဖြစ်များလာပြီးနောက် ရွာခံလူတွေ ထွက်ပြေးတိမ်းရှောင်နေ

မေ ၊ ၂၂ ၊ ၂၀၂၄SP ( VOM)မန္တလေးတိုင်း မြောက်ပိုင်း ၊ စဥ့်ကူးမြို့နယ် ၊ မန္တလေး – မိုးကုတ်သွား ကားလမ်းနားက နွယ်ရုံကျေးရွာမှာ ဒီရက်ပိုင်းအတွင်း လူသတ်မှုတွေ အဖြစ်များလာပြီးနောက်ပိုင်း ရွာခံလူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မန္တလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ နွယ်ရုံရွာခံတယောက်က” မေ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ နွယ်ရုံရွာထဲကို အမည်မသိ လူသုံးယောက်ရောက်လာတယ် ၊ အဲ့ဒီနောက် ကိုစိုင်းကျော်သူ ၂၀ နှစ် ၊ သူ့မိန်းမ မသဲစု ၂၆ နှစ် ၊ အဲ့ဒီ လင်မယား နှစ်ယောက်ကို ပစ်သတ်တယ် ၊ နောက်ပြီး တရွာတည်းနေ ကိုပြည့်ဖြိုးမောင် ၂၀ နှစ်နဲ့ မောင်မျိုးဇော်အောင် ၁၈ နှစ် ဆိုသူ နှစ်ယောက်ကိုလည်း…

Read More

ကုန်ဈေးနှုန်းဒဏ်ပိ ခက်ခဲနေမြဲ ပြည်သူ့ဝမ်းရေး

မေ၊၂၂၊၂၀၂၄ SN (VOM) မြန်မာပြည်မှာ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်း မြင့်တက်လာနေပါတယ်။ စားသုံးသူတွေ အားလုံးမှာ သောကအသီးသီး ရှိနေကြပါတယ်။ ဒီအခြေအနေတွေထဲမှာ ဝင်ငွေနည်းလူတန်းစား၊ ပုံသေဝင်ငွေရ လူတန်းစားတို့ရဲ့ သောက ကတော့ ပိုပြီး ကြီးမားလှပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံစားကုန်၊ အထွေထွေကုန်စည် ဈေးနှုန်းတွေဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့အမျှ မြင့်တက်နေတာဟာ ခုချိန်ထိ အရှိန်လျော့သွားခြင်း မရှိသေးပါဘူး။ ငွေကြေးတတ်နိုင်သူတွေ လက်လှမ်းမီတဲ့ ရွှေမှအစ အခြေခံ စားသောက်ကုန်အထိ ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ လူတန်းစား အများစုဟာ စားဝတ်နေရေး ပိုပြီး ခက်ခဲ ကျပ်တည်းတဲ့ ပြဿနာတွေကို နေ့ဓဒူဝ ရင်ဆိုင်နေကြရပါတယ်။ အမေရိကန်ဒေါ်လာဈေး၊ စက်သုံးဆီဈေးတွေ မြင့်တက်လာခြင်း၊ မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတဝန်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာခြင်းနဲ့ နိုင်ငံ့စီးပွားရေး အခြေမခိုင်မှု ဖြစ်စဉ်တွေက အခြေခံကုန်စည်ဈေး မြင့်တက်လာခြင်းကို အကြောင်းဖန်စေပါတယ်။…

Read More

စစ်ကိုင်း လဝက ရုံးက ဝန်ထမ်းတွေကို ဖမ်းဆီးသွားတဲ့ ကားတစီး ပစ်ခတ်ဖမ်းဆီးခံရလို့ လူငါးယောက်သေဆုံး

မေ ၊ ၂၂ ၊ ၂၀၂၄SP ( VOM)စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်မှာရှိတဲ့ မြို့နယ် လူဝင်မှုနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံးကို မနေ့ မေ ၂၁ ရက် ၊ ညနေပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ရုံးထဲကိုဝင်ရောက်ပြီး ရုံးဝန်ထမ်းတချို့ကို ရိုက်နှက်ကာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ်လို့ စစ်ကိုင်း ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။စစ်ကိုင်း လဝကရုံးနဲ့ နီးစပ်သူတယောက်က” ညနေပိုင်း ရုံးဆင်းဖို့အချိန် အမည်မသိ (စုံစမ်းဆဲ) လူငါးယောက်က သေနတ်တွေကိုင်ပြီး ရုံးထဲကို ဝင်လာတယ် ၊ အဲ့ဒီနောက် ရုံးထဲမှာရှိတဲ့ ရုံးဝန်ထမ်းတွေကို သေနတ်ဒင်တွေနဲ့ ရိုက်နှက်တယ် ၊ ထိုးကြိတ် ကန်ကျောက်တယ် ၊ အဲ့ဒီအပြင် ” မင့်တို့က အခုထိ တာဝန်ထမ်းနေတုန်းလား…

Read More

စက်မှုဇုန်အားလုံး လျှပ်စစ်မီးသုံးစွဲခွင့် တရက် ၂ နာရီသာ ရရှိတဲ့အတွက် အခက်အခဲ ဖြစ်နေ

မေ ၂၁ – ၂၀၂၄SN (VOM)ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတဝန်းက စက်မှုဇုန်တွေအားလုံး လျှပ်စစ်မီးသုံးစွဲခွင့် တရက် ၂ နာရီသာ ရရှိတော့တဲ့အတွက် အခက်အခဲတွေဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။လက်ရှိမှာ စက်မှုဇုန်တွေအားလုံး နေ့စဉ် မနက် ၅ နာရီကနေ မနက် ၇ နာရီအထိ နှစ်နာရီသာ လျှပ်စစ်မီးရရှိတော့တာဖြစ်ပြီး အခုလို လျှပ်စစ်မီးပေးမှုအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြိုတင် အကြောင်းကြားခဲ့တာမျိုး မရှိဘူးလို့ လုပ်ငန်းရှင်တယောက် ပြောပါတယ်။“ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိတယ်။ အကုန်လုံး အဲ့တိုင်းဖြစ်သွားပြီ။ ဘာမှလည်း အကြောင်းမကြားဘူး။ အဲ့တော့ ကျန်တဲ့အချိန် မီးစက်ပဲ မောင်းရတော့တာပေါ့။ ဒီအတွက် ဆီလေးတော့ ပေးစေချင်တယ်။ အလုပ်ကတော့ ပိတ်လို့မှမရတာကိုး။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေက မှီခိုတဲ့သူက ရန်ကုန်တိုင်းမှာ ခုနစ်သိန်းကျော်လောက်ရှိတယ်” လို့…

Read More

အမရပူရ ရွှေကြက်ယက်ဘုရားမှာ ကဆုန် ညောင်ရေသွန်းပွဲတော်ကျင်းပ

မန္တလေး၊ မေ- ၂၁- ၂၀၂၄ SA(VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ရွှေကြက်ယက်ဘုရားမှာ ဒီကနေ့ ကဆုန်လဆန်း ၁၄ ရက်နေ့ နေ့လယ်ပိုင်းကစတင်ပြီး ကဆုန် ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေကြက်ယက်ကျေးရွာ ညောင်ရေသွန်းပွဲတော်ကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့မှာ သွန်းလောင်းကြတာဖြစ်ပါတယ်။ ကောစကန်ကျေးရွာအုပ်စု ၁၅ ရပ်ကွက်ကနေ မဲနှိုက်ပြီး အစီအတိုင်းလှည့်လည်ကြတာဖြစ်ပါတယ်။ ဒီနှစ်မှာ နံပါတ် ၁ ကျတဲ့ ရွှေလေးရပ်ကွက်နဲ့ နံပါတ် ၂ ကျတဲ့ ပတ္တမြားရပ်ကွက် အသီးသီးတို့က ဝင်း ခင်းပြီးတော့ လှည့်လည်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ ( ၃- ကွက်သစ် ၂ ကျေးရွာ)၊ ( ၄- သက္ကယ်တော်ကျေးရွာ)၊ (၅ – စိန်တုန်းကျေးရွာ)၊ ( ၆ – ရွာသစ်ကျေးရွာ)၊ (…

Read More

ယနေ့ ရွှေဈေး (မေ – ၂၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၄၂၀ ဒေါ်လာ-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၅၁၇၅၀၀၀ ကျပ်ဝယ်ဈေး ၅၁၃၅၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၄၉၇၅၀၀၀ ကျပ်ဝယ်ဈေး ၄၉၃၅၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာ

မေ ၂၁ – ၂၀၂၄SN (VOM)၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာပြည်ဟာ ဘက်ပေါင်းစုံမှာ ပျက်စီးယိုယွင်းလာပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရခက်ခဲလာတာကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ပြည်ပကနေ လာရောက် ရင်းနှီးမြှုပ်နှံသူတွေဟာလည်း တချို့ အပြီးတိုင် ထွက်ခွာသွားကြတာ ရှိသလို လုပ်ငန်း ခေတ္တ ရပ်ဆိုင်းထားကြတာတွေလည်း ရှိပါတယ်။“သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်မှာ မြန်မာ့စီးပွားရေးက အဘက်ဘက်က ယိုင်နဲ့ ကျဆင်းလာတာကို အထင်အရှား တွေ့နေရတယ်။ ၂၀၂၁ နောက်ပိုင်း FDIs (နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ) ဝင်ရောက်မှု သိသိသာသာ ကျဆင်းသွားတာကို ကြည့်ရင် သိနိုင်တာပဲလေ။ နောက်ပိုင်း အသစ်ဝင်ရောက်လာတွေတော့ ရှိပေမယ့် ဒီ အသစ်ဝင်လာတာတွေကို ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းအများစုက နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အချိန်၊ တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်ကို အခွင့်ကောင်းယူပြီး…

Read More

ဒေလီနဲ့ အိန္ဒိယမြောက်ပိုင်းမှာ အပူလှိုင်းဖြတ်သန်းမှုကြောင့် စာသင်ကျောင်းတွေပိတ်ဖို့ အမိန့်ထုတ်

ဒေလီ၊ မေ-၂၁-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြို့တော်ဒေလီအပါအဝင် နိုင်ငံမြောက်ပိုင်းမှာ ယခုသီတင်းပတ်ကုန်ပိုင်းကစ၍ အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်ထက် မြင့်တက်နေပြီး အပူလှိုင်းဖြတ်သန်းမှုကြောင့် စာသင်ကျောင်းတွေကို နွေရာသီကျောင်းပိတ်ရက်စောပိတ်ဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက်မှာ မြို့တော်ဒေလီရှိ နာဂျက်ဖ်ဂရာ့ခရိုင်မှာ အပူချိန် ၄၇ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိစံချိန်တင်ခဲ့ပြီး ယခုနှစ်နွေရာသီမှာ နိုင်ငံတွင်းမှာဖြစ်ပွားခဲ့တဲ့ စံချိန်တင်အပူချိန်ဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်းမှာ လည်းအပူချိန် ဆက်လက်မြင့်တက်နိုင်ကြောင်း တာဝန်ရှိသူများကသတိပေးထားပါတယ်။ ဒေလီနဲ့ အိမ်နီးချင်း ဥတာပရာဒေ့ရှ်၊ ဟာယာနာနှင့် ရာဂျက်စ်သန်တို့မှည လည်းအပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်ခဲ့ပါတယ်။ ဒေလီမြောက်ပိုင်းမြို့မှာ အမြင့်ဆုံးအပူချိန်ဟာ မေ ၂၁ ရက်မှည ၄၅ မှ ၄၆ ဒီဂရီစင်တီဂရိတ်ကိုကျော်လွန်နိုင်တယ်လို့ ဆိုပါတယ်။ ဇွန် ၄ ရက် ရလဒ်များကြေညာမည့် အိန္ဒိယအထွေထွေရွေးကောက်ပွဲကျင်းပနေချိန်မှာ အပူလှိုင်းဖြတ်မှု ဖြစ်ပေါ်နေတာဖြစ်ပြီး မတ်လမှ…

Read More
VOM News

FREE
VIEW