ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၁၂ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၈၀ ကျပ်ဝယ်ဈေး – ၃၉၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၉၄၀ ကျပ်ဝယ်ဈေး – ၂၈၆၅ ကျပ်-ယူရိုရောင်းဈေး – ၄၃၄၈ ကျပ်ဝယ်ဈေး – ၄၂၅၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၈.၇၀ ကျပ်ဝယ်ဈေး – ၁၀၆.၃၈ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၉၇ ကျပ်ဝယ်ဈေး – ၈၈၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၅၀ ကျပ်ဝယ်ဈေး – ၅၄၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၄၆ ကျပ်ဝယ်ဈေး – ၂၄.၉၁ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၄၂ ကျပ်ဝယ်ဈေး – ၄၆.၄၁ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၀ ကျပ်ဝယ်ဈေး – ၂.၈၄ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၉၄၀ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၁၂ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၆၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၂၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ယူကရိန်းအရှေ့မြောက်နယ်စပ်ကို ရုရှားရဲ့တိုက်ခိုက်မှု ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေး

ကိယက်ဗ်၊ မေ-၁၂-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းအရှေ့မြောက်ပိုင်းနယ်စပ်ကို ရုရှားရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ခါကိဗ်ဒေသက ဒေသခံ ၁၈၀၀ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက ရုရှားရဲ့ အံ့အားသင့်ဖွယ် ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး ခါကိဗ်မြို့ကို သိမ်းပိုက်ဖို့ ကြိုးပမ်းမှုအပါအဝင် ရုရှားဟာ သူ့ရဲ့ထိုးစစ်ကို နွေရာသီမှာ အရှိန်မြှင့်ဖွယ်ရှိနေပါတယ်ယူကရိန်းတပ်တွေကတော့ ရုရှားရဲ့ ဘယ်လိုထိုးစစ်ကိုမဆို တွန်းလှန်နိုင်တယ်လို့ အခိုင်အမာဆိုပါတယ်။ ရုရှားရဲ့ လက်ရှိထိုးစစ်အတွင်း ဗော့ချန့်ခ်မြို့အနီးရှိ ကျေးရွာငါးရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။ရုရှားရဲ့ ဒီတိုက်ခိုက်မှုဟာ သွေးတိုးစမ်းတဲ့သဘော တိုက်ခိုက်ခြင်း သို့မဟုတ် ပိုမိုကြီးမားတဲ့ ထိုးစစ်စတင်ခြားလား အပါအဝင် ရုရှားတပ်တွေ ဘယ်လောက်ထိ ထိုးစစ်ဆင်လာမယ်ဆိုတာကို ရှင်းလင်းစွာ မသိရပါဘူး။ယူကရိန်းသမ္မတ ဇီးလန်စကီးရဲ့ မနေ့ညက ပြောတဲ့ညစဉ်မိန့်ခွန်းမှာတော့ နယ်စပ်ရှိကျေးရွာ ခုနှစ်ရွာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ခံစစ်အတွက် ကြိုတင်ပြင်ဆင်နေကာ ဒွန်နက်စ်ဒေသအခြေအနေဟာ အထူးတင်းမာနေဆဲဖြစ်တယ်လို့…

Read More

This Day in History

Voice of Myanmarဆိုဗီယက်ယူနီယံသည် အနောက်ဘာလင်ကို ကားလမ်း၊ ရထားလမ်းများ ပိတ်ထားခြင်းအား ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၉ ခုနှစ် မေ ၁၂ ရက်တွင် ရုပ်သိမ်းပေးခဲ့သည်။

Read More

မြန်မာပြည် အလယ်ပိုင်းမှာ ၃ ရက်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှုတွေ အဖြစ်များလာ

မေ ၁၂ ၊ ၂၀၂၄ SP (VOM) ၂၀၂၄ မေ ၉ ရက်ကနေ မေ ၁၁ ရက်အထိ သုံးရက်တာ ကာလအတွင်း မြန်မာပြည် အလယ်ပိုင်းက မြို့ရွာတချို့မှာ ဒါဇင်နဲ့မက လူသေဆုံးရမှုတွေဖြစ်ပွားတာကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွင်း လူတရာကျော် သေဆုံးတယ်လို့ ဖြစ်စဥ်ဖြစ်ပွားရာအရပ်က ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ နယ်ခံတွေဖြစ်တဲ့ လူမှုကူညီရေး ပရဟိတ သမားတွေက ” ဒီရက်ပိုင်းမှာ နာရေးကူညီမှု လုပ်စဥ်တွေများလာတယ် ၊ မြင်းခြံနယ်မှာ လူ ၃၀ ကျော် ၊ ကျောက်ထုနယ်မှာ လူ ၃၀ ကျော် ကန့်ဘလူနယ်မှာ ၃၀ ကျော် ၊ မြင်းမူနယ်မှာ ၃၀ ကျော် သေဆုံးတာတွေရှိတယ် ၊ နောက်ပြီး မတ္တရာမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ငါးယောက်ထက်မနည်း…

Read More

မြိတ်ကို လေကြောင်းကနေ ခရီးသွားမယ်ဆိုရင်သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ စီးခွင့်ရမယ်

မေ ၁၁ -၂၀၂၄GG (VOM)တနင်္သာရီ တိုင်း၊ မြိတ်ကို အသွားအပြန်လုပ်မယ့်ခရီးသည်တွေအနေနဲ့ လေကြောင်းနဲ့ခရီးသွားမယ်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှသာ စီးနင်းခွင့်ပြုမယ်လို့သိရပါတယ်။” မြိတ်ကိုသွားမယ်ဆိုရင်လည်း ဘယ်မှာ နေမယ်ဆိုတာကို ဖော်ပြထားတဲ့ ရပ်ကွက်ထောက်ခံစာပါရမယ်၊မြိတ်ကနေ ထွက်မယ်ဆိုရင်လည်း ဘယ်ကိုသွားမယ်ဆိုတဲ့ ထောက်ခံစာပါရမှာပါ၊မပါရင်လက်မှတ်ဝယ်ထားလည်းစီးခွင့်မရပါဘူး၊ မြိတ်ကိုလာမယ့်သူက တည်းခိုခန်း၊ အသိမိတ်ဆွေနဲ့ ဆွေမျိုးတွေဆီမှာ နေမယ်ဆိုရင်လည်း မိမိနေထိုင်တဲ့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုထောက်ခံစာ ပါရမှာပါ ၊ ကိုယ့်ဘက်ကအပြည့်စုံပါတော့ပိုကောင်းတာပေါ့ ” လို့ လေယာဥ်ဘက်မှတ်ရောင်းချသူတယောက်ကပြောပါတယ်။ရပ်ကွက်ထောက်ခံချက်အပြင် UID စမတ်ကတ်၊မှတ်ပုံတင်လည်းပါဖို့လိုကြောင်း ၊ မေလ ၈ ရက်ကစပြီး ထောက်ခံအပြည့်အစုံယူဖို့ အသိပေးလာတာဖြစ်တယ်လို့သိရပါတယ်။အဆိုပါ လိုအပ်တဲ့ အထောက်အထားတွေကို လေဆိပ်ကို မဖြစ်မနေယူဆောင်လာရမှာဖြစ်ပြီး အထောက်အထားမပါရှိခဲ့ပါက လေယာဉ်ပေါ် တက်ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်းသိရပါတယ်။” မြိတ်မှာကအေးဆေးပါပဲ၊ ဘာလို့ခုလိုတင်းကြပ်လဲသေချာတော့မသိဘူး။အရင်ကခရီးသွားထောက်ခံစာပဲယူရတာ ၊အခုမှ တဆင့်တိုးတာပေါ့။ နယ်မြေမအေးချမ်းလို့ လုပ်တာထင်တယ်။ပြီးတော့ အလုပ်သမားတွေပြည်ပထွက်အလုပ်လုပ်မှာနဲ့ pdf တွေဝင်လာမှာစိုးလို့ထင်တာပဲ ၊ အခုက…

Read More

မူဆယ်မှာ စမတ်ကတ် အတု ကိုင်ဆောင်သူ ၁၀ ယောက် ဝန်းကျင် ဖမ်းမိ

မေ ၁၁၊ ၂၀၂၄Shy V (VOM)တရုတ် – မြန်မာနယ်စပ်၊ မူဆယ်မှာ ဒီရက်ပိုင်းအတွင်း စမတ်ကတ် အတု ကိုင်ဆောင်သူ ၁၀ ယောက် ဝန်းကျင် ဖမ်းမိကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေနဲ့ နယ်စပ် ဒေသခံ တွေဆီက သိရပါတယ်။“မြန်မာဘက်မှာ ဖမ်းမိတာ။ အခုဝန်ခံကတိ ထိုးခိုင်းတယ်။ ခြောက် ယောက်က အကြောက် လွန်ပြီး ထွက်ပြေးပြီ။ ၁၂ ယောက်။ ပွဲစားလုပ်တဲ့သူက မမိဘူး။ ရန်ကုန်ကတဲ့။ Online နဲ့ လုပ်တာ။” လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။နယ်စပ် ဒေသခံ အမျိုးသမီး တယောက်ကလည်း “တချို့ ပွဲစားတွေနဲ့ လုပ်တဲ့ စမတ်ကဒ် (UID) အတုတွေ ဖြစ်နေတယ်။ စမတ်ကဒ် အတုကြောင့် တချို့ ရုံးရောက်၊ ထောင်ရောက် တွေ ဖြစ်ကုန်ပြီ။…

Read More

နစကတက်ပြီးနောက်ပိုင်း နိုင်ငံအဝှမ်း ခိုး ဆိုး လုယက် ဓားပြ ၊ လူသတ် မှုတွေ အဖြစ်များလာ

မေ ၊ ၁၁ ၊ ၂၀၂၄TT(VOM)ပြည်ထဲရေးဌာနရဲ့ သုံးနှစ်တာ အမှုကြီးဖြစ်စဥ် နှိုင်းယှဥ်ချက် ဇယားပါ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ နိုင်ငံအဝှမ်း ခိုး ၊ ဆိုး ၊ လုယက် ၊ ဓားပြ ၊ လူသတ် ၊ ပြန်ပေးဆွဲ စတာတွေ အဖြစ်များလာတယ်လို့ ပြည်ထဲရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။” ပြီးခဲ့တဲ့ သုံးနှစ်တာ အမှုကြီး ဆယ်မျိုး ဖြစ်စဥ် နှိုင်းယှဥ်ချက် အရ လူသတ် ၊ ဓားပြ ၊ ပြန်ပေးဆွဲ မှုနဲ့ အခြားအမှု ခိုးဆိုးနှိုက် ဖြစ်စဥ်တွေလည်း ဖြစ်ပွားမှုတိုးလာတယ် ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် လူတွေက အလုပ်အကိုင် အဆင်မပြေတာ ၊ အလုပ်အကိုင် အခွင့်လမ်းရှာပါးတာ ၊ ကုန်စျေးနူန်းကြီးမြင့်တာ ၊ နောက်ပြီး ခေတ်ကာလ မတည်ငြိမ်မှုကို…

Read More

မြဝတီမှာ တိုက်ပွဲရပ်သွားတာ ရက်၂၀ ကျော်ပေမယ့် ဘဏ်တွေပြန်မဖွင့်နိုင်သေး

မေ ၁၁ – ၂၀၂၄GG (VOM)ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပွားခြင်း မရှိတော့ပေမယ် ခုချိန်ထိ အစိုးရဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။မြဝတီမြို့ မှာဖြစ်ပွားတဲ့တိုက်ပွဲကြောင့် သကြင်္ န်မတိုင်ခင် ဧပြီလ ၉ ရက်နေ့ကတည်းက အစိုးရဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံးပိတ်ထားတာဖြစ်လို် ခုဆိုရင် ဘဏ်တွေပိတ်ထားတာ တစ်လကျော်ကြာအထိရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။” ဘဏ်တွေခုထိပြန်မဖွင့်သေးဘူး၊ကြာပြီ၊စီးပွားရေးဘဏ်တခုပဲ ပင်စင်လစာပေးတာ၊ ဝန်ထမ်းလစာအတွက် ဖွင့်တာရှိတယ်၊ကျန်တဲ့ဘဏ်တွေမဖွင့်သေးဘူး။ သကြင်္ န်မရောက်ခင်ကတည်းကပိတ်ထားတာခုထိပဲ ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေအားလုံးပြန်မဖွင့်သေးတဲ့အတွက် ကုန်စည်ဖိုးငွေချေခြင်း၊ငွေထုတ်ခြင်းအပါအဝင် ဒေသတွင်းငွေသွင်းငွေထုတ်လုပ်ငန်း၊ငွေလွှဲတာတွေအခက်အခဲဖြစ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။” ဘဏ်တွေကပိတ်ထားတော့ အပြင်မှာပဲလိုတာကိုထုတ်နေရတယ်၊အပြင်မှာငွေထုတ်တာက ဘဏ်မဟုတ်တော့ရာခိုင်နူန်းပေးထုတ်ရတာဆိုတော့အဆင်မပြေဘူး။ကုန်ဖိုးငွေဆိုတော့လည်းပမာဏကများတာရှိတယ်လေ၊ ဘာကြောင့်ပြန်မဖွင့်သေးဘူးဆိုတာလည်းဘာမှထုတ်ပြန်တာမရှိဘူး ” လို့ ကုန်သည်တဦးကပြောပါတယ်။မြဝတီမြို့မှာ ဧပြီလ ၉ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားပြီး အဲ့ဒီနေ့ကတည်းက ဘဏ်တွေကိုပိတ်ထားတာဖြစ်ကြောင်း၊ တိုက်ပွဲက ဧပြီ ၁၁ ရက်နေ့မှာ ယာယီရပ်သွားပြီး ဧပြီလ ၁၉ ရက်မှာတိုက်ပွဲထပ်မံဖြစ်ပွားကာ ၂၁ ရက်နေ့မှာတော့…

Read More

ယနေ့ ရွှေဈေး (မေ – ၁၁ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၆၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၄၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW