မြဝတီမှာ တိုက်ပွဲရပ်သွားတာ ရက်၂၀ ကျော်ပေမယ့် ဘဏ်တွေပြန်မဖွင့်နိုင်သေး



မေ ၁၁ – ၂၀၂၄
GG (VOM)

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပွားခြင်း မရှိတော့ပေမယ် ခုချိန်ထိ အစိုးရဘဏ်နဲ့ပုဂ္ဂလိကဘဏ်တွေ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

မြဝတီမြို့ မှာဖြစ်ပွားတဲ့တိုက်ပွဲကြောင့် သကြင်္ န်မတိုင်ခင် ဧပြီလ ၉ ရက်နေ့ကတည်းက အစိုးရဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံးပိတ်ထားတာဖြစ်လို် ခုဆိုရင် ဘဏ်တွေပိတ်ထားတာ တစ်လကျော်ကြာအထိရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။

” ဘဏ်တွေခုထိပြန်မဖွင့်သေးဘူး၊ကြာပြီ၊စီးပွားရေးဘဏ်တခုပဲ ပင်စင်လစာပေးတာ၊ ဝန်ထမ်းလစာအတွက် ဖွင့်တာရှိတယ်၊ကျန်တဲ့ဘဏ်တွေမဖွင့်သေးဘူး။ သကြင်္ န်မရောက်ခင်ကတည်းကပိတ်ထားတာခုထိပဲ ” လို့ မြဝတီမြို့ခံတဦးကပြောပါတယ်။

အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေအားလုံးပြန်မဖွင့်သေးတဲ့အတွက် ကုန်စည်ဖိုးငွေချေခြင်း၊ငွေထုတ်ခြင်းအပါအဝင် ဒေသတွင်းငွေသွင်းငွေထုတ်လုပ်ငန်း၊ငွေလွှဲတာတွေအခက်အခဲဖြစ်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

” ဘဏ်တွေကပိတ်ထားတော့ အပြင်မှာပဲလိုတာကိုထုတ်နေရတယ်၊အပြင်မှာငွေထုတ်တာက ဘဏ်မဟုတ်တော့ရာခိုင်နူန်းပေးထုတ်ရတာဆိုတော့အဆင်မပြေဘူး။ကုန်ဖိုးငွေဆိုတော့လည်းပမာဏကများတာရှိတယ်လေ၊ ဘာကြောင့်ပြန်မဖွင့်သေးဘူးဆိုတာလည်းဘာမှထုတ်ပြန်တာမရှိဘူး ” လို့ ကုန်သည်တဦးကပြောပါတယ်။

မြဝတီမြို့မှာ ဧပြီလ ၉ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားပြီး အဲ့ဒီနေ့ကတည်းက ဘဏ်တွေကိုပိတ်ထားတာဖြစ်ကြောင်း၊ တိုက်ပွဲက ဧပြီ ၁၁ ရက်နေ့မှာ ယာယီရပ်သွားပြီး ဧပြီလ ၁၉ ရက်မှာတိုက်ပွဲထပ်မံဖြစ်ပွားကာ ၂၁ ရက်နေ့မှာတော့ တိုက်ပွဲတွေ ရပ်သွားတာဖြစ်ပါတယ်။

တိုက်ပွဲတွေ ရပ်ပြီးအပစ်အခတ်မရှိတော့တာ ၂၁ ရက်ကြာရှိလာပြီဖြစ်ပေမယ့်လည်း ဘဏ်တွေကတော့ခုချိန်ထိပြန်လည်ဖွင့်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရန်ကုန် မော်လမြိုင်ကားလမ်းပေါ်ကျုံအိတ်တံတားကျိူးသွားတာကြောင့် ထိုင်း- မြန်မာ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းတွေလည်းပြတ်တောက်ပြီး ကုန်သွယ်မှုရပ်တန့်နေပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW