ဟားမတ်စ်တို့က တဲလ်အဗစ်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်၊ အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်လို့ ၃၅ ယောက်သေဆုံး

တဲလ်အဗစ်၊ မေ-၂၇-၂၀၂၄မျိုးဆက်(VOM)ဂါဇာရှိ ရာဖာမြို့ကို အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃၅ ယောက်သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ဒါဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဟားမတ်စ်တို့ဟာ ရာဖာကနေ ဒုံးကျည်တွေနဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်တုံ့ပြန်ခဲ့တာဖြစ်ပြီး လေးလအတွင်း ပထမဆုံးအကြိမ် တာဝေးပစ်လက်နက်နဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ဟားမတ်စ်တို့ပစ်ခတ်လိုက်တဲ့ ဒုံးကျည်အများအပြားကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အသေအပျောက်သတင်း ထွက်ပေါ်လာတာမရှိပါဘူး။ ဒီအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေတပ်ဟာ ဟားမတ်စ်တို့ရဲ့ အခြေစိုက်ရာအဆောက်အအံတခုကို တိကျတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်အရ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာ အရပ်သားအများအပြား ထိခိုက်ခဲ့ကြောင်း အစီရင်ခံစာတွေကို ရရှိထားပြီး ဖြစ်စဉ်ကို ပြန်လည်သုံးသပ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဒါဟာ အစ္စရေးကို လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ပေးနေတဲ့ အမေရိကန်တာဝန်ခံရမယ့် အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်တယ်လို့ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်က ပြောပါတယ်။ဟားမတ်စ်တို့ နောက်ဆုံးခြေကုပ်ယူရာ ရာဖာမြို့မှာ ဟားမတ်စ်တို့ကို…

Read More

အိန္ဒိယနိုင်ငံ ဒေလီရှိ ဆေးရုံတရုံမီးလောင်မှု မွေးကင်းစကလေးငယ် ခြောက်ယောက်သေဆုံး

ဒေလီ၊ မေ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ဆေးရုံတရုံမှာဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် မွေးကင်းစကလေးငယ် ခြောက်ဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဗီဗက်ဗီဟာ ဆေးရုံမှာ မွေးကင်းစကလေးငယ် ၁၂ ယောက်ရှိပြီး မီးလောင်မှုကြောင့် ထွက်ပြေးသွားသော ဆေးရုံပိုင်ရှင်ကို အရေးယူနိုင်ရေး လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။မီလောင်မှုမှာ အောက်ဆီဂျင်အိုးပေါက်ံကွဲမှုကြောင့် ပိုမို ကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကို ငြိမ်းသတ်ရန် မီးသတ်ကား ၁၄ စီးစေလွှတ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။လှေကားတခုတည်းပါရှိတဲ့ ဆေးရုံအဆောက်အအဦမှ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရန် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး ဆေးရုံဟာ လူနေရပ်ကွက်ကြားမှာ တည်ရှိနေပြီး ဘေးကင်းလုံခြုံရေးစည်းမျဉ်းများကိုလည်း လိုက်နာခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ပြီးခဲ့တဲ့ စနေနေ့အစောပိုင်းကလည်း အနောက်ဂူဂျာရက်ပြည်နယ်ရှိ ကစားကွင်းတခုမှာ မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်အများစုအပါအဝင် လူ ၂၇ ယောက်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။Ref:BBCPhoto: Reuters

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၇ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၂၁၀ ကျပ်ဝယ်ဈေး – ၄၁၇၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၁၂၀ ကျပ်ဝယ်ဈေး – ၃၀၄၀ ကျပ်-ယူရိုရောင်းဈေး – ၄၅၇၀ ကျပ်ဝယ်ဈေး – ၄၄၃၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၅.၀၁ ကျပ်ဝယ်ဈေး – ၁၁၂.၇၁ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၉၄ ကျပ်ဝယ်ဈေး – ၈၆၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၈၁ ကျပ်ဝယ်ဈေး – ၅၆၇ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၈၆ ကျပ်ဝယ်ဈေး – ၂၆.၀၅ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၀.၆၃ ကျပ်ဝယ်ဈေး – ၄၉.၅၀ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၀၈ ကျပ်ဝယ်ဈေး – ၃.၀၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၂၂၄ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၇ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၂၁၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၀၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နိုင်ဂျီးရီးယားမှာ သေနတ်သမားတွေက လူ ၁၀ ယောက်ကိုသတ်ပြီး ၁၆၀ ကျော်ကို ပြန်ပေးဆွဲသွား

အဘူဂျာ၊ မေ-၂၇-၂၀၂၄မျိုးဆက်(VOM)နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နိုင်ဂျာပြည်နယ်ရှိ ဝေးခံခေါင်သီတဲ့ဒေသမှာ သေနတ်သမားတွေက ရွာသား ၁၀ယောက်ကို သတ်ဖြတ်ပြီး လူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။နိုင်ဂျီးရီးယားစစ်သွေးကြွအုပ်စု ဘိုကိုဟာရမ်အဖွဲ့က သံသယရှိသူသေနတ်သမားအများအပြားဟာ ကူချီရွာကို ဝင်ရောက်တိုက်ခိုက်ပြီး ရွာသားတွေကို ပြန်ပေးဆွဲသွားတာလို့ ဒေသဆိုင်ရာတာဝန်ရှိသူတယောက်က ပြောပါတယ်။ပြန်ပေးဆွဲခံရသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး အသတ်ခံရသူတွေထဲမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ဒေသခံမုဆိုးတွေလည်း ပါဝင်ပါတယ်။သေနတ်သမားတွေဟာ ကူချီရွာအတွင်း ဝင်ရောက်လုယူသတ်ဖြတ်ပြီးနောက် အချိန်နှစ်နာရီအကြာမှာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ပြောပါတယ်။သေနတ်သမားတွေရဲ့ အခုလိုလုပ်ရပ်တွေဟာ နိုင်ဂျီးရီးယားအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ဖို့ လုံး၀ပျက်ကွက်တဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။၂၀၂၁ ခုနှစ်အတွင်းကလည်း သေနတ်သမားတွေဟာ ကူချီရွာကို ဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသမီးနဲ့ မိန်းမငယ်တွေကို အဓ္ဓမပြုကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ပြန်ပေးဆွဲတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် သေနတ်သမားတွေကို ငွေများစွာ ပေးနေရပါတယ်။သေနတ်သမားတွေဟာ ဂျီဟတ်ဝါဒီတွေနဲ့…

Read More

This Day in History

Voice of Myanmarအင်ဒိုနီးရှားနိုင်ငံ ယိုဂီကတာမြို့တွင် ၂၀၀၆ ခုနှစ် မေ ၂၇ ရက်က လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၆ ဒသမ ၃ အဆင့်ရှိ အင်အားပြင်း မြေငလျင်ကြောင့် လူ ၅၈၀၀ ထက်မနည်း သေဆုံးပြီး ၁ ဒသမ ၅ သန်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

Read More

ပခုက္ကူမြို့နယ် PDF စခန်းတခု တိုက်ခိုက်ခံရ ၊ လူခြောက်ယောက်သေဆုံး

မေ ၊ ၂၆ ၊ ၂၀၂၄ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ မြို့စိုးကျေးရွာအုပ်စု ၊ ချမ်းသာကြီးကျေးရွာ မှာရှိတဲ့ စာသင်ကျောင်းနားမှာ မနေ့ မေ ၂၅ ရက် မနက် ၆ နာရီဝန်းကျင်က နစက တပ်နဲ့ ဒေသတွင်း လက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့မနက်ပိုင်းက မိုးလင်းတာနဲ့ ရွာနားကို နစက တပ်တွေရောက်လာတယ် ၊ ဘယ်အချိန်က စပြီးရောက်တယ်ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး ၊ အဲ့ဒီနောက် စာသင်ကျောင်းနားမှာ တိုက်ပွဲဖြစ်တယ် ၊ ရွာခံ သုံးယောက်အပါအဝင် တခြားဧည့်သည် သုံးယောက်နဲ့ စုစုပေါင်း လူခြောက်ယောက် သေဆုံးတယ်…

Read More

မုန်တိုင်းကြောင့် ရခိုင်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်

မေ ၂၆ – ၂၀၂၄ SN (VOM) မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ လာမယ့် ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL) ရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ မြေပုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မအီ၊ အမ်း စတဲ့ ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် စုစုစံက ခန့်မှန်းထားပါတယ်။ စစ်တွေအနောက်ဘက် ပင်လယ်ပြင်မှာ ရေလှိုင်းအမြင့် ၁၈ ပေမှ ၂၁ ပေ အထိ ရှိနိုင်ပြီး လေတိုက်နှုန်း တနာရီကို ၃၆ မိုင်မှ ၄၈ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၆ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၂၀၀ ကျပ်ဝယ်ဈေး – ၄၁၅၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၅၀ ကျပ်ဝယ်ဈေး – ၃၀၀၀ ကျပ်-ယူရိုရောင်းဈေး – ၄၅၇၁ ကျပ်ဝယ်ဈေး – ၄၄၆၉ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၄.၂၉ ကျပ်ဝယ်ဈေး – ၁၁၁.၇၃ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၇၉ ကျပ်ဝယ်ဈေး – ၈၆၉ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၇၅ ကျပ်ဝယ်ဈေး – ၅၆၅ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၆၄ ကျပ်ဝယ်ဈေး – ၂၆.၀၄ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၀.၃၅ ကျပ်ဝယ်ဈေး – ၄၉.၂၂ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၀၆ ကျပ်ဝယ်ဈေး – ၃.၀၀ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၄၄၂ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၂၃၀၀၀၀ ကျပ် ဝယ်ဈေး ၅၁၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၀၃၀၀၀၀ ကျပ် ဝယ်ဈေး ၄၉၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW