အဘူဂျာ၊ မေ-၂၇-၂၀၂၄
မျိုးဆက်(VOM)
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း နိုင်ဂျာပြည်နယ်ရှိ ဝေးခံခေါင်သီတဲ့ဒေသမှာ သေနတ်သမားတွေက ရွာသား ၁၀ယောက်ကို သတ်ဖြတ်ပြီး လူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ဂျီးရီးယားစစ်သွေးကြွအုပ်စု ဘိုကိုဟာရမ်အဖွဲ့က သံသယရှိသူသေနတ်သမားအများအပြားဟာ ကူချီရွာကို ဝင်ရောက်တိုက်ခိုက်ပြီး ရွာသားတွေကို ပြန်ပေးဆွဲသွားတာလို့ ဒေသဆိုင်ရာတာဝန်ရှိသူတယောက်က ပြောပါတယ်။
ပြန်ပေးဆွဲခံရသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး အသတ်ခံရသူတွေထဲမှာ နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေတဲ့ ဒေသခံမုဆိုးတွေလည်း ပါဝင်ပါတယ်။
သေနတ်သမားတွေဟာ ကူချီရွာအတွင်း ဝင်ရောက်လုယူသတ်ဖြတ်ပြီးနောက် အချိန်နှစ်နာရီအကြာမှာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေနတ်သမားတွေရဲ့ အခုလိုလုပ်ရပ်တွေဟာ နိုင်ဂျီးရီးယားအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့အသက်တွေကို ကာကွယ်ဖို့ လုံး၀ပျက်ကွက်တဲ့ အရိပ်လက္ခဏာဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းကလည်း သေနတ်သမားတွေဟာ ကူချီရွာကို ဝင်ရောက်တိုက်ခိုက်ပြီး အမျိုးသမီးနဲ့ မိန်းမငယ်တွေကို အဓ္ဓမပြုကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ပြန်ပေးဆွဲတာတွေကို ရှောင်ရှားနိုင်ဖို့အတွက် သေနတ်သမားတွေကို ငွေများစွာ ပေးနေရပါတယ်။
သေနတ်သမားတွေဟာ ဂျီဟတ်ဝါဒီတွေနဲ့ ဆက်နွယ်မှုရှိမရှိ သေချာစွာမသိရသေးသော်လည်း နိုင်ဂျာပြည်နယ်တွင် တိုက်ခိုက်မှုများ တိုးပွားလာနေပါတယ်။ ပြီးခဲ့တဲ့လကလည်း ကျေးရွာအများအပြားကို လက်နက်ကိုင်ဂိုဏ်းတွေက တိုက်ခိုက်ပြီး ပြန်ပေးဆွဲမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
Ref:BBC
Photo:Boko Haram
Related posts
-
ဆွီဒင် စာသင်ကျောင်းတကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လူ ၁၀ ယောက်သေဆုံး
စတော့ဟုမ်း၊ ဖေဖော်ဝါရီ-၅-၂၀၂၅ ရတီ(VOM) ဆွီဒင်နိုင်ငံ အလယ်ပိုင်းရှိ စာသင်ကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၁၀... -
ဂွမြို့နယ်ရှိ စစ်ရှောင်တွေမှာ အရေပြားရောဂါဖြစ်ပွားမှု နှစ်လအတွင်း ပိုမိုဆိုးရွားလာ
ဖေဖော်ဝါရီ ၅ – ၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ဂွမြို့နယ်ထဲက ကျေးရွာအများစုက... -
ကုလ လူ့အခွင့်အရေးကောင်စီကနေ အမေရိကန်နုတ်ထွက်မယ့်အမိန့် ဒေါ်နယ်ထရန့် လက်မှတ်ထိုး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၅-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်မယ့် အမိန့်တရပ်ကို သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး...