သြစတြေးလျစစ်တပ်မှာ ပြည်ပနိုင်ငံသားတွေကိုပါ စစ်မှုထမ်းခွင့် ပြုတော့မယ်

 

ဆစ်ဒနီ၊ ဇွန်-၄-၂၀၂၄
မျိုးဆက်(VOM)

သြစတြေးလျစစ်တပ်ဟာ ဗြိတိန်အပါအဝင် ပြည်ပနိုင်ငံတွေကလူတွေကို စစ်သားစုဆောင်းပြီး စစ်မှုထမ်းခွင့် ပြုတော့မှာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံဟာ ဒေသတွင်းခြိမ်းခြောက်မှုတွေတိုးပွားလာတာနဲ့ ရင်ဆိုင်နေရချိန်မှာ လက်နက်ကိုင်တပ်ဖွဲတွေကို အင်အားဖြည့်တင်းရေး စစ်မှုထမ်းနည်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဇူလိုင်ကစပြီး သြစတြေးလျမှာ အမြဲတမ်းနေထိုင်တဲ့ နယူးဇီလန်နိုင်ငံသားတွေ စစ်မှုထမ်းလျှောက်ထားနိုင်ပြီး လာမယ့်နှစ်ကစပြီး ဗြိတိန်၊ အမေရိကန်၊ ကနေဒါအပါအဝင် အခြားပြည်ပနိုင်ငံတွေက အမြဲတမ်းနေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို စစ်မှုထမ်းခွင့် ပြုတော့မှာဖြစ်ပါတယ်။

စစ်မှုထမ်းအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို မရှိမဖြစ်လိုတယ်လို သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောပါတယ်။

သြစတြေးလျဟာ မကြာသေးမီနှစ်တွေအတွင်း အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်အင်အားတိုးချဲ့လာမှုကို ထိန်းချုပ်ရန်ရည်ရွယ်တဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေးမဟာမိတ်စာချုပ်ဖြစ်တဲ့ Aukus သဘောတူစာချုပ်ကို ၂၀၂၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

ဒါအပြင် သြစတြေးလျ၊ ဗြိတိန်၊ အမေရကန်၊ ကနေဒါနဲ့ နယူးဇီလန်တိုဟာ မျက်လုံးငါးစုံလို ခေါ်တဲ့ မဟာမိတ်ဖွဲြ့ပီး ထောက်လှမ်းရေးအချက်အလက်မျှဝေမှုတွေကို အနီးကပ်လုပ်ဆောင်နေကြပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW