ဟားမတ်စ်တို ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံလေးယောက် ထပ်မံသေဆုံး

 

တဲလ်အဗစ်၊ ဇွန်-၄-၂၀၂၄
မျိုးဆက်(VOM)

အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေးဓါးစာခံတွေထဲက နောက်ထပ် လေးယောက်သေဆုံးခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မှာ ပြုလုပ်တဲ့အစ္စရေးရဲ့စစ်ဆင်ရေးတခုအတွင်း ဟားမတ်စ်တွေနဲ့အတူရှိနေတဲ့ အစ္စရေးဓါးစာခံ လေးယောက်သေဆုံးခဲ့တာဖြစ်ပြီး အလောင်းတွေက ဟားမတ်စ်တို လက်ထဲမှာပဲရှိနေတယ်လို ဆိုပါတယ်။

သေဆုံးသူတွေကတော့ ဗြိတိန်-အစ္စရေးနိုင်ငံသား Nadav Popplewell ၊ Chaim Peri Y၊ oram Metzger ၊ Amiram Cooper တိုဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေက ထောက်လှမ်းအရေးအချက်အလက်တွေကို စုစည်းအတည်ပြုခဲ့တာလို ပြောပါတယ်။

သူတိုလေးယောက်ဟာ ဟားမတ်စ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း ခန်းယွန်နစ်မှာ အတူသေဆုံးခဲ့ကြတယ်လို အစ္စရေးစစ်တပ်တာဝန်ရှိသူကပြောပါတယ်။ ဟားမတ်စ်တိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်း ဓါးစာခံသုံးယောက်ရဲ့ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

ဟားမတ်စ်တိုဟာ အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ပြီးနောက် အစ္စရေးမှာ လူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၅၁ ယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကာ နိုဝင်ဘာလမှာရရှိခဲ့တဲ့ တပတ်ကြာအပစ်အခတ်ရပ်စဲရေးကာလအတွင်း ၁၀၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

Ref:BBC
Photo:Family Handout

Related posts

Leave a Comment

VOM News

FREE
VIEW