အမေရိကန်ဒုသမ္မတ ကမလာဟားရစ် ယူကရိန်းငြိမ်းချမ်းရေး ညီလာခံ တက်ရောက်မယ်

 

ဝါရှင်တန်၊ ဇွန်-၄-၂၀၂၄
မျိုးဆက်(VOM)

ဒီလနှောင်းပိုင်းမှာ ဆွစ်ဇာလန်မှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေး ညီလာခံကို အမေရိကန်ဒုသမ္မတ ကမလာဟားရစ် တက်ရောက်မယ်လို့ အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အဲဒီညီလာခံမှာ အမေရိကန်ကိုယ်စားပြုအဖြစ် ဒုတိယသမ္မတဟားရစ်တက်ရက်မယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင်တက်ရောက်ဖို့ တောင်းဆိုထားပါတယ်။

ညီလာခံကို ဇွန် ၁၅ ရက်နဲ့ ၁၆ ရက်တို့ ကျင်းပဖို့စီစဉ်ထားပြီး ယူကရိန်းက အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးမှုတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ သမ္မတရွေးကောက်ပွဲမဲဆွယ်မှုအတွက် ရန်ပုံငွေပွဲကို ဇွန် ၁၅ မှာ လော့အိန်ဂျလိစ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ယူကရိန်းငြိမ်းချမ်းရေး ညီလာခံမှာ ရုရှားရဲ့ ဆွေးနွေးအဆိုပြုချက်တွေမပါဘဲ သို့မဟုတ် မတက်ရောက်ရင် ညီလာခံကို တက်ရောက်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်း ရုရှားဟာ ယူကရိန်းနယ်စပ်ဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နယ်မြေအချို့သိမ်းယူနိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်က ထုတ်ပြန်ထားပါတယ်။

Ref:NHK
Photo:Getty Images

John, [6/4/2024 9:10 AM]

Related posts

Leave a Comment

VOM News

FREE
VIEW