တောင်ကိုရီးယားနဲ့နယ်စပ်မှာ မြောက်ကိုရီးယားက တံတိုင်းတွေ တည်ဆောက်နေ

 

ပြုံးယမ်း၊ ဇွန်-၂၁-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်အနီးရှိ နေရာအများအပြားမှာ တံတိုင်းပုံသဏ္ဍာန်အကာအရံ အပိုင်းတွေကိုတည်ဆောက်နေတယ်လို့ ဂြိုဟ်တုဓါတ်ပုံတွေက ဖော်ပြနေပါတယ်။

ဂြိုဟ်တုပုံရိပ်တွေအရ စစ်မဲ့ဇုန်အနီးမှာ အတားဆီးတွေလုပ်ထားတဲ့ အပိုင်းသုံးပိုင်းကိုတည်ဆောက်ထားပြီး နယ်စပ်ရဲ့ အရှေ့ဘက်စွန်းမှာ တစ်ကီလိုမီတာလောက်ရှိပြီး ဒါတွေဟာ နယ်စပ်မျဉ်းတလျှောက်မှာ နောက်ထပ်အတားအဆီးတွေ ထပ်မံဆောက်လုပ်နေဖွယ်ရှိပါတယ်။

စစ်မဲ့ဇုန်အနီးမှာ ဒီလိုလုပ်တာဟာ နှစ်နိုင်ငံအကြား ကာလရှည်ကြာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာလည်းဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ စစ်မဲ့ဇုန်ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့အကြား ၂ ဒသမ ၅ မိုင်ကျယ်ဝန်းတဲ့ ကြားခံဇုန်ဖြစ်ပါတယ်။

နှစ်နိင်ငံအကြား ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးစာချုပ်လက်မှတ်မထိုးရသေးတာကြောင့် သဘောတရားအရ နှစ်နိုင်စစ်ဖြစ်နေဆဲလို့ သတ်မှတ်လို့ပြီး စစ်မဲ့ဇုန်ကို နှစ်ပိုင်းခွဲပြီး ထိန်းချုပ်ထားကြပါတယ်။

နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်လာချိန်မှာ ထွက်ပေါ်လာတဲ့ ဒီလုပ်ဆောင်မှုဟာ ပုံမှန်မဟုတ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ မြောက်ကိုရီးယားဟာ နယ်စပ်တလျှောက် သူရဲ့တပ်တွေတည်ရှိမှုနဲ့ ခံတပ်တွေကို ခိုင်ခံအောင်ကြိုးပမ်းနေတယ်ဆိုတာ ခန့်မှန်းရကြောင်း ဆိုးလ်အခြေစိုက် မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ ရီဒီက သုံးသပ်ပြောဆိုပါတယ်။
Ref:BBC
Photo:BBC

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #တောင်ကိုရီးယား #အကာအရံ #စစ်မဲ့ဇုန် #တည်ဆောက်

Related posts

Leave a Comment

VOM News

FREE
VIEW