ရုရှားကို တိုက်ဖို့ ယူကရိန်းကိုလက်နက်တွေ ထောက်ပံ့ရင် အမှားကြီးမှားလိမ့်မယ်လို့ တောင်ကိုရီးယားကို ပူတင်သတိပေး

 

မော်စကို ၊ ဇွန်-၂၁-၂၀၂၄
မျိုးဆက်(VOM)
ရုရှားကိုပြန်တိုက်ဖို့ ယူကရိန်းကို လက်နက်တွေပေးမယ်ဆိုရင် အမှားကြီးမှားလိမ့်မယ်လို့ တောင်ကိုရီးယားကို ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားတို့ရဲ့ စစ်ဘက်ဆိုင်အရာ အပြန်အလှန်ကူညီပေးမှုတွေပါဝင်တဲ့ သဘောတူညီချက်ထွက်ပေါ်ပြီးနောက် ဒီအပေါ်တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတနိုင်ငံကို ရန်စမှုတွေကြုံရင် အလားတူကူညီပေးဖို့ ဖြစ်နိုင်ခြေကို တောင်ကိုရီးယားက စဉ်းစားနေတယ်လို့ တောင်ကိုရီးယားက ပြောဆိုပြီးနောက်မှာ ပူတင်က အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် တောင်ကိုရီးယားက ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားအနေနဲ့ယူကရိန်းကို လက်နက်ထောက်ပံ့ရေး ပြန်လည်စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ တောင်ကိုရီးယားက ယူကရိန်းကို လက်နက်တွေထောက်ပံ့ဖို့ ဆုံးဖြတ်မယ်ဆိုရင် လက်ရှိတောင်ကိုရီးယားအစိုးရ ကျေနပ်လက်ခံနိုင်ဖွယ်မရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှာပါ” လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေမယ်ဆိုရင် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်တွေပေးဖို့ ဆန္ဒရှိတယ်လို့ ပူတင်က သတိပေးပါတယ်။

ရုရှားသမ္မတပူတင်ရဲ့ သတိပေးချက်ထွက်ပေါ်ပြီးနောက်မှာတော့ တောင်ကိုရီးယားဟာ ယူကရိန်းအတွက် လက်နက်တွေထောက်ပံ့ရာမှာ ရွေးချယ်စရာနည်းလမ်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဒီနေ့ဇွန် ၂၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကျင်ဂျုံအန်နဲ့အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်မှာ ဗီယက်နမ်နိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #ရုရှား #တောင်ကိုရီးယား #ယူကရိန်း #လက်နက်ထောက်ပံ့မှု #ပူတင်သတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW