မူဆယ်မှာ ကျွဲခတ်လို့ တယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

  ဇွန် ၂၄ – ၂၀၂၄ SN (VOM) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့မှာ မနေ့ ဇွန် ၂၃ ရက် ညနေပိုင်းက ကျွဲခတ်မှုကြောင့် တယောက်သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျွဲခတ်မှုကြောင့် အသက် ၅၂ အရွယ် အမျိုးသမီးတယောက်ဟာ နံရိုးနဲ့ ရင်ဘတ်မှာ ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကွတ်ခိုင်ဆေးရုံကို ပို့ဆောင် ဆေးကုသခဲ့ပေမယ့် ဒီကနေ့ ဇွန် ၂၄ ရက်၊ မနက်ပိုင်းမှာတော့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “နမ့်ဖတ်ကာကနေ ကျွဲကိုဝယ်လာပြီးတော့ ၁၀၅ မိုင်အရောက်မှာ ကျွဲကို ကားပေါ်ကချတဲ့အချိန်မှာ ဖြစ်တာ။ ကျွဲက ကားအောက် ရောက်ရောက်ချင်း ကမူးရှူးထိုး ပြေးပြီး နေရာအနှံ့က…

Read More

မန်တုံက ဈေးသည် ပြည်သူလုပ်ငန်းရှင် ပြည်သူနှစ်ယောက်ကို TNLA က မြို့ကနေ နှင်ထုတ်ပြီး ကာလိုင် ကိုယ်ထူကိုထ ကျောင်းကိုပါ ချိတ်ပိတ်

  ဇွန် ၂၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံက ဈေးသည် ပြည်သူလုပ်ငန်းရှင် နှစ်ယောက်ကို TNLA က မြို့ကနေ ထွက်ခွာခိုင်း နှင်ထုတ်ပြီး ကာလိုင် ကိုယ်ထူကိုထ ကျောင်းကိုပါ ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ မန်တုံက ဈေး ဆိုင်ဖွင့်ထားတဲ့ ဗမာမိသားစု ၂ စုကိုလည်း မန်တုံ မြို့နယ် ကနေ ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ အခု ဇွန်လ ၁၆ ရက်နေ့ TNLA ရဲ့ ထွေအုပ်ရုံးက စာလာပို့သွားတယ်လို့ ကာယကံ ရှင်တယောက်က ပြောပါတယ်။ “အကြောင်းပြချက်ကတော့ အဓိက လူမျိုးရေး ပါတာပေါ့။ အရင်တုန်းက အစိုးရ ဝန်ထမ်းတွေ နဲ့ အရမ်းရင်းနှီးတယ်။ အရင်တုန်း…

Read More

တောင်ကိုရီးယားမှာ လစ်သီယံဘက်ထရီစက်ရုံ ပေါက်ကွဲမီးလောင်မှု ၁၆ ယောက်သေပြီး ငါးယောက် ပျောက်ဆုံးနေ

  ဆိုးလ်၊ ဇွန်-၂၄-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနိုင်ငံရှိ လစ်သီယမ်ဘက်ထရီစက်ရုံတရုံမှာ ဒီနေ့ ဇွန် ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၁၆ ယောက်သေဆုံးပြီး ငါးယောက်ပျောက်ဆုံးနေပါတယ်။ ဆိုးလ်မြို့တောင်ဘက် ဟွာဆောင်ရှိ အာရီဆဲလ် ဘက်ထရီကုမ္ပဏီပိုင် စက်ရုံမှာ လောင်ကျွမ်းခဲ့တဲ့မီးကို မနက် ၁၀ နာရီ မိနစ် ၃၀ မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အလုံးရေ သုံးသောင်းငါးထောင်ရှိတဲ့ ဂိုထောင်ထဲက ဘက်ထရီတွေ ဆက်တိုက်ပေါက်ကွဲပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ဒါပေမယ့် ပေါက်ကွဲမှုစတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်ရုံအတွင်းကနေ အလောင်း ၂၀ တွေ့တယ်လို့ ယွန်ဟတ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပေမယ့် လူ ၁၆ ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရထားတယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေကတော့ ပျောက်ဆုံးနေတဲ့ လူငါးယောက်ကို အပူတပြင်း…

Read More

ဂါဇာမှာ စစ်ဆင်ရေးကြီးတွေ လျှော့ချပြီး ဟဇ်ဘိုလာနဲ့တင်းမာနေတဲ့ လက်ဘနွန်နယ်စပ်ကို အစ္စရေးတပ်တွေ ရွှေ့မယ်

  တဲလ်အဗစ်၊ ဇွန်-၂၄-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်တို့ကို တိုက်ခိုက်နေတဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးကြီးတွေ များမကြာခင် အဆုံးသတ်တော့မှာဖြစ်ပြီး အစ္စရေးတပ်တွေကို လက်ဘနွန်နဲ့ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်း နယ်စပ်တလျှောက်မှာ ထပ်မံချထားတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဒါဟာ စစ်ပွဲပြီးဆုံးပြီးလို့ ဆိုလိုတာမဟုတ်ဘဲ ပြင်းထန်တဲ့စစ်ဆင်ရေးတွေအဆင့်တွေ ရာဖာမှာပြီးဆုံးတော့မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြင်းထန်တဲ့ စစ်ဆင်ရေးကို လျှော့ချမှာဖြစ်ပေမယ့် ဒါဟာ စစ်ပွဲပြီးသွားတာမဟုတ်ဘူးလို့ သူကပြောပါတယ်။ အစ္စရေးတပ်တွေကို လက်ဘနွန်နယ်စပ်ရှိ နိုင်ငံမြောက်ပိုင်းကို ပြောင်းရွှေ့နိုင်ခြေရှိပြီး ဒါကိုလုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ အစ္စရေးအနေနဲ့ နိုင်ငံကာကွယ်ရေးက အဓိကဦးစားပေးဖြစ်ပြီး ဒုတိယအဆင့်ကတော့ ဒုက္ခရောက်နေတဲ့ အစ္စရေးနိုင်ငံသားတွေကို ကူညီဖို့ဖြစ်တယ်လို့ နေတန်ယာဟုက ဆိုပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့နဲ့ နယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ပြင်းထန်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဟဇ်ဘိုလာအဖွဲ့က အစ္စရေးကို ဒုံးကျည်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပါတယ်။…

Read More

ရုရှားတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှု ရဲ ၁၅ ယောက်သေဆုံး

  မော်စကို၊ ဇွန်-၂၄-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲ ၁၅ ယောက်သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားတွေဟာ ဩသဒေါ့ဘုရားကျောင်းနှစ်ကျောင်း၊ တရားဇရပ်တခုနဲ့ ရဲစခန်းတခုတို့ကို တပြိုင်တည်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲ ၁၅ ယောက်အပြင် ဘုန်တော်ကြီးတပါးနဲ့ လုံခြုံရေးအစောင့်တယောက်လည်း သေဆုံးခဲ့ပါတယ်။ အပြန်အလှန်တိုက်ခိုက်မှုအတွင်း သေနတ်သမားခြောက်ယောက်လည်း သေဆုံးခဲ့ပြီး ကျန်လူများကို ဆက်လက်ရှာဖွေနေပြီး အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောပါတယ်။ သေနတ်သမားတွေဟာ တရားဇရပ်တခုနဲ့ ဘုရာကျောင်းတကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မျက်မြင်သက်သေများကပြောသည်။ သေနတ်သမားတွေနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အခင်းဖြစ်ပွားခဲ့တဲ့ ဒါဂျက်စတန်ဒေသဟာ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုပြုရာ ဒေသလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လအတွင်းကလည်း မော်စကိုမြို့အနီး ခရိုကပ်စ်ခန်းမကို တိုက်ခိုက်မှုအပြီးမှာ ဒီတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း အိုင်အက်စ်အဖွဲ့က အခိုင်အမာဆိုခဲ့ပေမယ့် ရှရှားအာဏာပိုင်တွေကတော့ ယူကရိန်းနဲ့ အနောကပ်အုပ်စုကို စွပ်စွဲခဲ့ပါတယ်။ Ref:…

Read More

သံတွဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကမ်းခြေကျေးရွာအားလုံး အရေးပေါ်စစ်ဘေးရှောင်ရ

  ဇွန် ၂၄ – ၂၀၂၄ GG (VOM) ငပလီကမ်းခြေမှာရှိတဲ့ သံတွဲလေဆိပ်ခေါ် (ငပလီ လေဆိပ်) ကို AA က မနေ့က ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းမှာ ထိန်းချုပ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေလို့ ကမ်းခြေကျေးရွာအားလုံး အရေးပေါ်စစ်ရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ” AA က မနေ့ကပဲ အကုန်သိမ်းလိုက်တယ်၊ အဲဒီတကြောအကုန်သိမ်းလိုက်တယ်၊ အဲဒီကရဲတွေ ဝန်ထမ်းတွေရော ဖမ်းလိုက်တယ်လို့သိရတယ်။လေဆိပ်မှာက ခလရ ၅၅ တပ် ၊ခမရ ၅၆၆ တပ်တွေလည်းရှိတယ်၊ဒါကိုမှ AA က ဝိုင်းပြီးတော့ လေဆိပ်ကိုတိုက်လိုက်တာ၊ လေဆိပ်က သံတွဲလေဆိပ်လို့ခေါ်တယ် ရှိတာကငပလီမှာရှိတာ၊သံတွဲနဲ့ငပလီမှာဒီလေဆိပ်တခုပဲရှိတယ်၊လေဆိပ်ကလည်းခရီးသည်လေယာဥ်တွေပိတ် ထားပြီး သူတို့စစ်တပ်ကပဲအတက်အဆင်းလုပ်နေတာပါ၊ အခုတိုက်ပွဲတွေက ရခိုင်မြောက်ပိုင်းပဲတင်မကတော့ဘူး တောင်ပိုင်းအထိပါဖြစ်လာပြီးပြည်နယ်တခုလုံးဖြစ်နေပြီ ” လို့ ငပလီဒေသခံတယောက်ကပြောပါတယ်။ သံတွဲမြို့နယ်အတွင်းတိုက်ပွဲကနေ ငပလီကမ်းခြေ ဂေါ့ကျေးရွာအထိတိုက်ပွဲတွေကူးစက်ကာ ပြင်းထန်လာပြီးနောက်မှာ AA က…

Read More

ဆော်ဒီအာရေဗျမှာ ဟာ့ဂျ်ဘုရားဖူးရင်း အပူဒဏ်ကြောင့်သေဆုံးသူ ၁၃၀၀ ကျော်ထိ မြင့်တက်လာ

  ရီယတ်၊ ဇွန်- ၂၄-၂၀၂၄ မျိုးဆက်(VOM) ဆော်ဒီအာရေဗျနိုင်ငံ ဟာ့ဂျ်ကာလအတွင်း ပြင်းထန်တဲ့အပူချိန်ကြောင့် သေဆုံးတဲ့ ဘုရားဖူးအရေအတွက် ၁၃၀၀ ကျော်ထိရှိလာကြောင်း ဆော်ဒီအာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ ဘုရာဖူးများအဖြစ် တရားဝင်မှတ်ပုံတင်ခြင်းမရှိကြောင်း တာဝန်ရှိသူများကဆိုသည်။ လက်ရှိမှာတော့ မက္ကမြို့ရဲ့အပူချိန်ဟာ ၅၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိပူပြင်းနေပါတယ်။ သေဆုံးသူတွေရဲ့ လေးပုံသုံးပုံကျော်ဟာ မက္ကာကို တရားဝင်လာရောက်ဘုရားဖူးဖို့ တရားဝင်ခွင့်ပြုချက်မရှိသူများဖြစ်ပြီး လုံလောက်သော အမိုးအကာမရှိဘဲ နေရောင်အောက်မှာ သွားလာနေကြတယ်လို့ ဆော်ဒီသတင်းဌာနတွေက ဖော်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုနဲ့ တာနာရှည်ရောဂါသမားတွေပါဝင်တယ်လို့ ဆိုပါတယ်။ တရားဝင်ခွင့်ပြုချက်မရှိသူ တသိန်းလေးသောင်းအပါအဝင် ဘုရားဖူး တသန်းခွဲနီးပါးကို ကျန်းမာရေးတာဝန်ရှိသူတွေက အပူဆိုင်ရာ ပြုစုစောင့်ရှောက်မှုတွေ ပေးခဲ့ပြီး အချို့ကတော့ အပူလွန်ကဲမှုကြောင့် ဆေးရုံတက်နေရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အီဂျစ်နိုင်ငံသား ၆၅၈ ယောက်၊ အင်ဒိုနီးရှားနိုင်ငံသား ၂၀၀ ကျော်နဲ့ အိနိ္ဒယနိုင်ငံသား…

Read More

This Day in History

  Voice of Myanmar   ဩစတြေးလျ နိုင်ငံရေးသမား ဂျူလီယာဂီလဒ်သည် ဩစတြေးလျနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ၂၀၁၀ ခုနှစ် ဇွန် ၂၄ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June24

Read More

ရုရှားရဲ့ ဒရုန်းဂိုဒေါင်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ် ထုတ်ပြန်

  ကိဗ်ယက်၊ ဇွန်-၂၄-၂၀၂၄ မျိုးဆက်(VOM) အီရန်လုပ်ဒရုန်းတွေကို ပစ်လွှတ်ဖို့နဲ့ ဗိုလ်လောင်းတွေလေ့ကျင့်ဖို့ အသုံးပြုတဲ့ ရုရှားရဲ့ ဒရုန်းတွေထားရှိရာ ဂိုထောင်ကို လေကြောင်းတိုက်ခိုက်မှုတခုအတွင် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဂြိုဟ်တု ဓါတ်ပုံတွေက ပြသနေတယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။ တောင်ပိုင်း ခရက်စနိုဒါဒေသရှိ ရုရှားလေယာဉ်ကွင်းအနီးမှာ ကြီးမားတဲ့ပေါက်ကွဲမှုတခုဖြစ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် ဒီကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းစစ်တပ်က ဗီဒီယိုဖိုင်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားဘက်ကတော့ ဒီသတင်းတွေနဲ့ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးပေမယ့် အဲဒီဒေသမှာ ဒရုန်းအများအပြားကို ပစ်ချခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အီရန်လုပ် Shahed ဒရုန်းတွေကို အသုံးပြုဖို့ လေ့ကျင့်သင်ကြားပေးနေတဲ့ ဆရာတွေနဲ့ ဗိုလ်လောင်းအများအပြား သေဆုံးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီစစ်ဆင်ရေးကို ယူကရိန်းထောက်လှမ်းရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး စီစဉ်လုပ်ဆောင်ခဲ့တာလို့ ယူကရိန်း ရေတပ်အရာရှိတွေက ပြောပါတယ်။ အဲဒီအခြေစိုက်စခန်းဟာ သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ မာရီပိုးလ်မြို့နဲ့ ဆန့်ကျင်လက်…

Read More
VOM News

FREE
VIEW