မန်တုံက ဈေးသည် ပြည်သူလုပ်ငန်းရှင် ပြည်သူနှစ်ယောက်ကို TNLA က မြို့ကနေ နှင်ထုတ်ပြီး ကာလိုင် ကိုယ်ထူကိုထ ကျောင်းကိုပါ ချိတ်ပိတ်

 

ဇွန် ၂၄၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံက ဈေးသည် ပြည်သူလုပ်ငန်းရှင် နှစ်ယောက်ကို TNLA က မြို့ကနေ ထွက်ခွာခိုင်း နှင်ထုတ်ပြီး ကာလိုင် ကိုယ်ထူကိုထ ကျောင်းကိုပါ ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

မန်တုံက ဈေး ဆိုင်ဖွင့်ထားတဲ့ ဗမာမိသားစု ၂ စုကိုလည်း မန်တုံ မြို့နယ် ကနေ ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ အခု ဇွန်လ ၁၆ ရက်နေ့ TNLA ရဲ့ ထွေအုပ်ရုံးက စာလာပို့သွားတယ်လို့ ကာယကံ ရှင်တယောက်က ပြောပါတယ်။

“အကြောင်းပြချက်ကတော့ အဓိက လူမျိုးရေး ပါတာပေါ့။ အရင်တုန်းက အစိုးရ ဝန်ထမ်းတွေ နဲ့ အရမ်းရင်းနှီးတယ်။ အရင်တုန်း ကတော့ အစိုးရ ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ၊ ရဲ၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ လစာတွေ ငွေတိုး ချေး ပုံစံနဲ့ ဝယ်ယူတာတွေ လုပ်တော့ အစိုးရနဲ့ ငွေကြေး စီးဆင်းမှု ရှိတယ်လို့ ပြောတယ်။ အကြောင်းပြချက်ကတော့ ဒါပါပဲ” လို့ သူက ပြောပါတယ်။

ဈေးသည် ဖြစ်တာကြောင့် စီးပွားရေး အရဈေးရောင်း၊ ဈေးဝယ် လုပ်ရတာဖြစ်ပြီး ဈေးသည် အနေနဲ့ ရန်သူမိတ်ဆွေ လူမျိုးခွဲခြားလို့ မရသလို နိုင်ငံရေးလညမး မားမလည်ဘူး။ ကိုယ့်ကြောင့် ဘယ်သူ တစ်ဦး တစ်ယောက် ကိုမှ ထိခိုက် နစ်နာ စေတာမျိုး မရှိပဲ အခုလို မြို့ကနေ မောင်းထုတ်တယ်လို့ သူက ရှင်းပြပါတယ်။

“ကျနော့်လိုပဲ ဆိုင်ဖွင့်တဲ့ တခြား ဗမာ မိသားစု တစုကိုလည်း အချိန် အတူတူ စာလာပေးတယါ။ သူတို့ကဆိုင်ကလည်း လမ်းဆုံမှာ ဆိုတော့ စစ်ဆေးရေးဂိတ်နဲ့ နီးတယ်။ တပ်နဒ့ နီးတယ်။ သူတို့ကတော့ စာရပြီး သုံး ရက်လောက်မှာ ဘာမှ အယူခံတာတွေ မလုပ်ပဲ ထွက်သွားတယ်။ ကျနော် ကတော့ မြို့နယ်မှူး ရဲ့ အိမ်ကို အကြိမ် သွားပြီး သွားမေးတယ်။ အကြောင်းပြချက်က အရင်တုန်းက အစိုးရဝန်ထမ်းတွေနဲ့ ငွေကြေး စီးဆင်း မှု ရှိတယ် ဆိုတာပဲ” လို့ သူက ရှင်းပြပါတယ်။

နှစ်ပေါင်း ၃၀ ကျော် နေခဲ့ တဲ့ နေရာကနေ ရက်အနည်းငယ်အတွင်း ရွှေ့ပြောင်းခဲ့ရလို့ စားစရာတွေလည်း မပါခဲ့တာကြောင့် ခက်ခဲ ဒုက္ခ ရောက်ရတယ်လို့ သူက ပြောပါတယ်။

လက်ရှိ ပြန်အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း ယခင်အဖွဲ့အစည်းတွေနည်းတူပဲ ဖြစ်နေမယ် ဆိုရင် ပြည်သူတွေ အနေနဲ့ ဘယ်အဖွဲ့ အစည်းမှ အားကိုးစရာ မရှိဖြစ်နေပြီး လူမျိုးရေးခွဲခြားမှုကို ဘယ်တိုင်းရင်းသား လူမျိုးတွေ ဖြစ်ဖြစ် အခုလို ဖြစ်ရပ်မျိုးကို မကြုံစေချင်ဘူးလို့ သူက ပြောပါတယ်။

ဒါအပြင် ကွတ်ခိုင်မြို့နယ်က ကာလိုင်ရွာရှိ ဒေသံတွေ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူ၊ ကိုယ်ထ ကျောင်းကို ယမန်နေ့ ဇွန်လ ၂၃ ရက်နေ့က TNLA တပ်ဖွဲ့တွေက လာရောက် ချိတ်ပိတ်သွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

“ကာလိုင်က ဒေသခံတွေ ဖွင့်ထားတဲ့ ကျောင်းကို TNLA တွေက မနေ့ ဇွန်လ ၂၃ ရက်နေ့က တံခါးတွေကို သစ်သားတွေနဲ့ ရိုက်ပြီး ချိတ်ပိတ်သွားတာ။ မနေ့က ကျောင်းပိတ်တယ်ဆိုတော့ ကျောင်းသူ၊ ကျောင်းသားတွေ မရှိကြဘူးတွေ။ သူတို့ အဲဒီ ကျောင်းကို လိုချင်လို့ နေမှာပေါ့။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒီလ ၈ ရက်နေ့ လောက် ကတည်းက ကျောင်းစဖွင့်တာ ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသားတွေက ကျောင်း တက်နေတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကိုယ်ထိန်းချုပ်ဒေသတခုလုံးက ကလေးတွေကို အခြေခံပညာ မသင်ကြားပေးနိုင်သေးရင် သင်ကြားနိုင်တဲ့ တခြား ကျောင်းတွေဖွင့်လှစ်တာ မတားမြစ်သင့်ပါဘူး” လို့ ဒေသခံ ပြည်သူ တယောက်ကလည်း ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ အခြေခံပညာကျောင်းအပါအဝင် လုံခြုံမှုအခြေအနေ အားမကောင်းသေးတဲ့ စာသင်ကျောင်းတွေကို ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း တအာင်းပြည် ပညာရေးကောင်စီ (Ta’ang Land Education Council – TLEC) က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ် ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းဟာ TLEC ရဲ့ အခြေခံပညာမူလတန်းကျောင်းတွေ ဖြစ်တဲ့ ဆာယာရွာ၊ ကုန်ချမ်းရွာ၊ ပန်လောရွာ၊ ဟိုဆိုင်ရွာ၊ လုံကိန်ရွာ၊ မန်မိုင်ရွာ၊ လွယ်ကန်ရွာ၊ မန်ပြိန်းရွာ စုစုပေါင်း အမကကျောင်း ၈ ကျောင်းတို့မှ ကလေးတွအေနနဲ့ သက်ဆိုင်ရာ ကျေးရွာကျောင်းကနေ မူလတန်းအဆင့်ပြီးရင် ကာလိုင်ကျေးရွာအလယ်တန်းကျောင်းသို့ တက်ရောက် ပညာသင်ကြား ကြရမည်ဖြစ်တာကြောင့် ကာလိုင်ကျေးရွာ အလယ်တန်းကျောင်းဖွင့်လှစ်နိုင်ရန် အနီးတဝိုက်ရှိ ဒေသခံ တိုင်းရင်းသားအားလုံးအတွက် အလွန်ပင်အရေးပါတဲ့ ကျောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကွတ်ခိုင်မြို့က ကျောင်း ၂ ကျောင်းမှာ MNDAA နဲ့ KIA တပ်စွဲ ထားလို့ ကျောင်း မဖွင့်နိုင်ဘူးလို့ လည်း ဖော်ပြထားပါတယ်။

အထက်ပါ ပိတ်ထားတဲ့ ကျောင်တွေထဲက ကျောင်းေတွမှာ ပုံမှန်တက်ရောက်စာသင်ကြားနေတဲ့ ကျောင်းသူ ကျောင်းသားေတွပညာသင်ကြားခွင့် မဆုံးရှုံးစေရန် လတ်တလောတွင် နီးစပ်ရာ TLEC ကျောင်းမှာ သွားရောက် ပညာသင်ကြားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW