မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အတွက် ရုရှားဆီက အကူအညီရယူနိုင်ကြောင်း အမေရိကန် သတိပေး

 

ဝါရှင်တန်၊ ဇွန်-၂၅-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ တာဝေပစ်ဒုံးကျည်အစီအစဉ်တွေမှာ ရုရှားဆီကနေ အကူအညီတွေ ရယူနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန်အခြေစိုက် နိုင်ငံခြားဆက်ဆံရေးကောင်စီက ဝါရှင်တန်မှာ ကြီးမှူးကျင်းပတဲ့ အခမ်းအနားတခုမှာ အခုလို သတိပေးခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားကလည်း ယူကရိန်းစစ်ပွဲအတွက် ရုရှားကို စစ်ရေးအကူအညီတွေ ပေးအပ်ခဲ့တယ်လို့သူကဆိုပါတယ်။

ဒီလိုကူညီမှုအတွက် မြောက်ကိုရီးယားက အပြန်အလှန်အနေနဲ့ ရုရှားဆီက ပြန်ရတာတွေအပေါ် ဆွေးနွေးငြင်းခုန်မှုတွေရှိပါတယ်။ ဒါကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်အပြင် စွမ်းအင်နဲ့ အခြားအရာတွေပါဝင်တယ်လို့ မိမိတို့ယုံကြည်ထားပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်က ပြောပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာချုပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက လက်မှတ်ရေးထိုးခဲ့ပြီး ရုရှား သို့မဟုတ် မြောက်ကိုရီးယားကို ကျူးကျော်တို်ကခိုက်ပါက စစ်ရေးအရ အပြန်အလှန်အကူအညီပေးဖို့အချက်လည်း ပါဝင်နေပါတယ်။

စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ အခုလို ခြေလှမ်းစိတ်လာတာနဲ့ပတ်သက်ပြီး အစိုးရိမ်ပူပန်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားပြီး သဘောတူညီချက်ရဲ့ သက်ရောက်လာနိုင်ခြေကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေတယ်လို့ သူကပြောဆိုပါတယ်။

Ref:NHK
Photo:Yonhap

#Voicoofmyanmar #VOM #ရုရှား #မြောက်ကိုရီးယား #နျူကလီးယား #ဒုံးကျည်အစီအစဉ် #အကူအညီရယူ

Related posts

Leave a Comment

VOM News

FREE
VIEW