ပဲ့ထိန်းဒုံးကျည် တစင်းကို ဂျပန်ပယ်လယ်အတွင်း မြောက်ကိုရီးယား ပစ်ခတ်စမ်းသပ်ပြန်

 

ဆိုးလ်၊ ဇွန်-၂၆-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည်တစင်းကို ဒီနေ့ ဇွန် ၂၆ ရက်မှာ ပင်လယ်ပြင်ကို ဦးတည်ပြီး ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

အိမ်နီးချင်းမြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံဘက်ကို အမှိုက်မိုးပျံပူးပေါင်းများ လွှတ်တင်မှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အခုလို ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလို ဒုံးကျည်ပစ်လွှတ်မှုဟာ အောင်မြင်ခဲ့ဖွယ်မရှိကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ထုတ်ပြန်ထားပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ခွဲခြမ်းစိတ်ဖြာနေတယ်လို့ ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရုံးကလည်း ဂျပန်ပင်လယ်သို့ ဦးတည်သည့် မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်လွှတ်တင်မှုကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း အတည်ပြုထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားဟာ ယူကရိန်းမှာအသုံးပြုဖို့အတွက် ရုရှားကို မပေးပို့မီ အမြောက်တွေနဲ့ ခရုဇ်ဒုံးကျည်ထုတ်လုပ်မှုတွေကို အရှိန်မြှင့်နေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။

မြောက်ကိုရီးယားနဲ့ရုရှားတို့အကြား သမ္မတပူတင်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က မြောက်ကိုရီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်လာရင် အပြန်အလှန်စစ်ရေးအကူအညီပေးရေးတွေပါဝင်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Ref:AFP
Photo:AFP

#Voiceofmyanmar #VOM #မြောက်ကိုရီးယား #ပဲ့ထိန်းံဒုံးကျည် #ဂျပန်ပင်လယ် #စမ်းသပ်ပစ်ခတ်

Related posts

Leave a Comment

VOM News

FREE
VIEW