အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ဂျိုးဘိုင်ဒင်နဲ့ ဒေါ်နယ်ထရန့် ပထမဆုံးအကြိမ် စကားစစ်ထိုး

 

ဝါရှင်တန်၊ ဇွန်-၂၈-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင်မှာ လက်ရှိသမ္မတဂျိုးဘိုင်ဒင်နဲ့ သမ္မတဝင်ပြိုင်ဦးမယ့် သမ္မတဟောင်း ဒေါ်နယ်ထရန့်တို့ဟာ ရုပ်မြင်သံကြားကနေ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲပြုလုပ်ခဲ့ကြပါတယ်။

ဒီစကားစစ်ထိုးပွဲတော့ ဒေါ်နယ်ထရန့်ဟာ သမ္မတဂျိုးဘိုင်ဒင်ရဲ့ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ကြိမ်ဖန်များစွာ ဝေဖန်ပြောဆိုတိုက်ခိုက်ခဲ့ပြီး ဂျိုးဘိုင်ဒင်ကတော့ ဒေါ်နယ်ထရန့် ရင်ဆို်ငနေရတဲ့ ရာဇဝတ်မှုတွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို လွှမ်းမိုးဖို့ကြိုးစားတာတွေကို ဝေဖန်ပြောဆိုခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးပြသနာမှာ ဂျိုးဘိုင်ဒင်လက်ထက်မှာ နယ်စပ်တွေဖွင့်ပေးလိုက်တဲ့အတွက် ရာဇဝတ်မှုတွေ ပိုမိုထူပြောလာတယ်။ ထရန့်ကတော့ သူသမ္မတဖြစ်လာရင် တရားမဝင်နေထိုင်သူတွေကိုနှင်ထုတ်မယ်လို့ ပြောဆိုထားသူဖြစ်ပါတယ်။

ဘိုင်ဒင်က ထရန့်ကို အရှုံးသမားလို့ ခေါ်ဝေါ်ခဲ့ပြီး လမ်းဘေးကြောင်စရိုက်မျိုးလို့ ဆိုခဲ့ပါတယ်။ ထရန့်ကလည် ဒီစာကြောင်းရဲ့အဆုံးမှာ သူဘာပြောသွားလဲဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ သူဒီလိုမျိုးလုပ်ခဲ့ဖူးတာမျိုးလို့ မထင်ခဲ့ဘူးလို့ ပြန်လည်ချေပခဲ့ပါတယ်။

ဒီမိုကရက်တစ်တွေကတော့ သမ္မတဂျိုးဘိုင်ဒင်ရဲ့ စကားစစ်ထိုးပွဲစွမ်းဆောင်ရည်အပေါ် စိုးရိမ်ကြောင်းနဲ့ အစောပိုင်းပြောဆိုချက်တွေဟာ ထိတ်လန့်စရာတွေဖြစ်ပြီး အဓိကအချက်တွေပေးအောင်မပြောနိုင်ဘူးလို့ ဆိုပါတယ်။

ဒါဟာ နှေးကွေးတဲ့အစပျိုးမှုဖြစ်ပေမယ့် အရှိန်တက်လာပြီး ပြင်းထန်တဲ့အဆုံးသတ်နဲ့ စကားစစ်ထိုးပွဲလို့ ဒုတိယသမ္မတ ကမလာဟားရစ်က ပြောပါတယ်။ ရီပတ်ဘလီကန်တွေကတော့ ဒေါ်နယ်ထရန့်ရဲ့ ပြောဆိုချက်တွေအာရတယ်လို့ ဆိုကြပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmaynamr #VOM #အမေရိကန် #သမ္မတရွေးကောက်ပွဲ #ဂျိုးဘိုင်ဒင် #ဒေါ်နယ်ထရန့် #စကားစစ်ထိုး

Related posts

✕
VOM News

FREE
VIEW