ယနေ့ ရွှေဈေး (ဇွန် – ၁၀ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အပိတ်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၅၀၄၇ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။  

Read More

စစ်ကိုင်းနဲ့ မုံရွာမှာ ဆိုင်ကယ်စီးလာသူ လူငါးယောက် ပစ်ခတ်ဖမ်းဆီးခံရလို့ သေဆုံး

  ဇွန် ၊ ၁၀ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွာ – အမြင့် ကားလမ်း ၊ ထနောင်းတော ကျေးရွာနားမှာ ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးယောက်ကို နစက လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နစက လုံခြုံရေး အဖွဲ့တွေက ထနောင်တော (တောင်) ရွာနဲ့ (မြောက်) ရွာကြား မုံရွာ – အမြင့် တာရိုးလမ်းပေါ်မှာ ဆိုင်ကယ်နှစ်စီး လူသုံးယောက်ကို ပစ်ခတ်ဖမ်းဆီးတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ခံရတဲ့ လူသုံးယောက် သေဆုံးသွားတယ် ” လို့ ထနောင်းတော (တောင်)ရွာ ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး…

Read More

မန္တလေး ကုန်စည်ဒိုင် ၁၀- ၆-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

  မန္တလေး- ၁၀- ၆-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့အမျိုးမျိုး ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 190000/ 200000 ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 190000/ 200000 ဂျုံ (စစ်ကိုင်း/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 190000/200000 ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 190000 / 200000 ဂျုံ (ကလေး) – ၆၀ ပိဿာ 150000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 165000/ 170000/ ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ -165000/ 170000/ ဂျုံ…

Read More

H&M brand ထုတ်တဲ့ အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးပေးဖို့ အလုပ်သမားတွေဆန္ဒပြတောင်းဆိုနေကြ

  ဇွန် ၁၀ – ၂၀၂၄ GG (VOM) ရန်ကုန် ၊ရွှေပြည်သာစက်မှုဇုန်ထဲက Kingsrich Myanmar fashion အထည်ချုပ် စက်ရုံမှာ အခြေခံ လုပ်ခလစာတိုးပေးဖို့အတွက် အလုပ်သမားတွေက စက်ရုံတွင်းဆန္ဒပြမှုဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီကသိရပါတယ်။ ဒီနေ့ ဇွန်လ ၁၀ ရက်နေ့မနက်ပိုင်း စက်ရုံလုပ်ငန်းခွင်ရောက်ရှိချိန်ကတည်းက အလုပ်သမားတွေဟာ အလုပ်မလုပ်ဘဲ စက်ရုံတွင်းမီးပိတ်ကာ ဆန္ဒပြပြီး လုပ်ခလစာတိုးပေးဖို့တောင်းဆိုခဲ့တာဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ စက်ရုံတာဝန်ရှိသူတွေနဲ့ညှိနိူင်းနေကြဆဲဖြစ်တယ်လို့သိရပါတယ်။ ” သူတို့က အခုခေါင်းဆောင်မရှိဘူး၊အခုလောလောဆယ်တဆိုင်းကိုတယောက်ကိုခေါ်ပြီးညှိနိူင်းနေတယ်၊ သူတို့တောင်းတာကလုပ်ခလစာတိုးပေးဖို့တခုတည်းပဲ၊တခြားတောင်းဆိုမှုမပါဘူး၊သူတို့ကအခုမနက်မှဆန္ဒပြကြတာဆိုတော့ခုမှညှိနိူင်းနေကြတုန်း၊စက်ရုံမှာတော့ စစ်ကားနဲ့ရဲကားရောက်လာတယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်းရောက်လာတယ်သိရတယ်၊အခုကတော့ အလုပ်သမားတွေပဲဆွေးနွေးနေကြတာ ” လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတယောက် ကပြောပါတယ်။ လက်ရှိမြင့်တက်လာတဲ့အခြေခံစားသောက်ကုန်အပါမဝင် ကုန်စျေးနူန်း ကြီးမြင့်မှုကြောင့် လက်ရှိရရှိနေတဲ့ အခြေခံလုပ်ခလစာနူန်းထား အဆင်မပြေတော့တဲ့အတွက် အလုပ်သမားတွေကလုပ်ခလစာတိုးပေးဖို့ တောင်းဆိုကြတာဖြစ်တယ်လို့သိရပါတယ်။ အလုပ်သမားတွေတောင်းဆိုမှုနဲ့ပတ်သက်လို့စက်ရုံရဲ့ တာဝန်ရှိသူတယောက်က ” ဝန်ထမ်းတွေအားလုံးက ကုန်စျေးနူန်း တက်တဲ့အတွက်လစာတိုးလိုချင်ကြတာပါ၊ကုမ္ပဏီကတော့ ဝန်ထမ်းတွေရောစက်ရုံဘက်ရောကြည့်ပြီးလုပ်ရမှာပါ၊ဝန််ထမ်းတွေကအေးချမ်းစွာတောင်းဆိုကြတာပါ၊အခုက၅၈၀၀တော့ပေးထားပါတယ်၊အဲ့ဒါကိုတိုးပေးဖို့တောင်းဆိုကြတာပါ၊အခုကုန်စျေးနူန်းတွေကြောင့်ထပ်တိုးဖို့တောင်းဆိုကြတာပါ၊တောင်းဆိုတာကိုဝန်ထမ်းတွေအနေနဲ့ဘယ်လောက်တောင်းဆိုသလဲဆိုတာသီးသီးသန့်သန့်မထွက်သေးတော်အခုမေး​ေနတုန်းညှိနိူင်းနေတုန်းပါပဲ ” လို့ ပြောပြပါတယ်။ အလုပ်သမားတွေ…

Read More

ကံပိုင်တည် လမ်းကြောင်းက ကုန်တင် ယာဉ်မောင်းတွေ တိုက်ပွဲ အခြေအနေကြောင့် အခက်အခဲဖြစ်

  ဇွန် ၁၀၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နှစ်နိုင်ကံ ကုန်သွယ်ရာ လမ်းကြောင်း တစ်ခု ဖြစ်တဲ့ ကချင်ပြည်နယ်၊ ကံပိုင်တည် လမ်းကြောင်းက ကုန်တင် ယာဉ်မောင်းတွေ တိုက်ပွဲ အခြေအနေကြောင့် အခက်အခဲဖြစ်နေကြရကြောင်း ကုန်တင် ယာဉ်​​မောင်း​တွေက ပြောပါတယ်။ ကုန်သွယ်ရေး လမ်းကြောင်းက ပိတ်ထားတာ မရှိပေမယ့် ငှက်ပျောခြံ ဝင်ဖို့ လမ်းတွေ အဆင် ငှက်ပျောကား အကုန်လုံးနီးပါး ရပ်ထားရတယ်လို့ ငှက်ပျောကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။ “ဟုတ်တယ်။ ကားတွေက တိုက်ပွဲကြောင့် ရပ်ထားတာ။ ကားသမားတွေရဲ့ အခက်အခဲကတော့ ဒီလို ရက် ကြာကြာ ရပ်ထားရတော့ အဆင်မပြေဘူးပေါ့လေနော်။ စားရေး၊ သောက်ရေး၊ နေရေး ထိုင်ရေး တစ်ခုမှ အဆင်မပြေဘူးလေ။ ဒီကြားထဲ ဟိုနား…

Read More

ယနေ့ ရွှေဈေး (ဇွန် – ၁၀ ရက်၊ နံနက် ၉ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၉၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၅၀၄၇ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ရေစကြိုနယ် ခုနှစ်ပင်ကျေးရွာမှာ နစကတပ် နဲ့ PDF တိုက်ပွဲဖြစ်လို့ ထိခိုက်သေဆုံးသူတွေ

  ဇွန် ၊ ၁၀ ၊ ၂၀၂၄ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊မအူအလယ်အုပ်စု ခုနှစ်ပင်ကျေးရွာနားမှာ မနေ့ ဇွန် ၉ ရက် ၊ မနက်ပိုင်းက နစက လုံခြုံရေးတပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ ၄ ေယာက်ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါရတယ်။ ” ရေစကြိုမြို့ရဲ့ မြောက်ဘက် ၊ ခုနှပင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်တယ် ၊ ထွက်ပြေးတိမ်းရှောင်ရသူ ဒေသခံ နှစ်ရာကျော်လောက်ရှိမယ် ၊ ထိခိုက်သေဆုံးသူတွေလည်း ရှိတယ် ” လို့ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ခုနှစ်ပင်ရွာနားမှာ PDF ၃၀ ကျော်နဲ့ ထိတွေ့တိုက်ပွဲ…

Read More

ပြည်ပ ငွေအဝင်ပြနိုင်မှသာ OWIC ကတ် လုပ်ပေးမယ်လို့ ဆိုတာကြောင့် ခွင့်ပြန်လုပ်သားတွေ အခက်တွေ့နေ

  ဇွန် ၉ – ၂၀၂၄ SN (VOM) ပြည်ပကနေ တရားဝင်ငွေလွှဲတဲ့ ဘဏ်အထောက်အထား ပြနိုင်မှသာ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) ပြုလုပ်ပေးမယ်လို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက အသိပေး ကြေညာထားတဲ့အတွက် အခက်တွေ့နေရတယ်လို့ ခွင့်ပြန်လုပ်သားတွေက ပြောပါတယ်။ “ငွေလွှဲဖို့ ပြောတာက လွှဲစရာငွေရှိရင်တော့ အဆင်ပြေတာပေါ့။ မရှိတော့လည်း ဘယ်လိုလုပ်ပေးရမလဲ။ လူတိုင်းက အိမ်ကို ငွေပြန်ပို့နိုင်နေကြတာမှ မဟုတ်တာ။ ပြည်ပမှာ အလုပ်အဆင်မပြေလို့ နေထိုင်၊ စားသောက်စရိတ် မလောက်ရင်လည်း အိမ်ကို ငွေမလွှဲနိုင်ဘူးလေ။ အဲဒီတော့ ဘဏ်စလစ်က ဘယ်လိုပြပေးရမလဲ။ ပြည်ပရောက်သွားတိုင်း အလုံးစုံ အဆင်ပြေနေတာ မဟုတ်ဘူး” လို့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူတယောက်က ပြောပါတယ်။ သက်ဆိုင်ရာဌာနဘက်ကတော့ ပြည်ပမှာရှိစဥ်က မိသားစုဆီလွှဲပို့ငွေ…

Read More

ထိုင်းမှာ ခွဲစိတ်ဖိုစောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတယောက် ဆေးရုံပေါ်မှာ ပစ်သတ်ခံရ

  ဘန်ကောက်၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံ Muang ခရိုင်ရှိ ပြည်သူ့ဆေးရုံမှာ ခွဲစိတ်ကုသဖို စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားတယောက် ဆေးရုံပေါ်မှာ ပစ်သတ်ခံခံရတယ်လို ထိုင်းရဲတွေက ပြောပါတယ်။ ပစ်ခတ်မှုဟာ Khon Kaen ဆေးရုံရဲ့ အမျိုးသားခွဲစိတ်ကုသဆောင်မှာ မနေ့က မနက်အစောပိုင်း ၁ နာရီလောက်မှာ ဖြစ်ပွားခဲ့တာလို ခရိုင်ရဲတပ်ဖွဲမှူး ကပြောပါတယ်။ သေနတ်သမားဟာ ဆေးရုံကို ဧည့်သည်အဖြစ်ဟန်ဆောင် ဝင်ရောက်လာပြီး သူနာပြုကို စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပြီးနောက် ကျော်စွာအောင်ရဲ့အခန်းထဲကို ရောက်လာပစ်ခတ်ပြီး ချက်ချင်းထွက်ပြေးသွားတယ်လို ရဲတပ်ဖွဲကပြောပါတယ်။ ရဲတပ်ဖွဲရောက်ရှိသွားချိန်မှာတော့ မြန်မာနိုင်ငံသား အသက် ၂၉ နှစ်အရွယ် ကျော်စွာအောင်ကို ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာနဲ့ တွေ့ရှိခဲ့ပြီး အရေးပေါ်ကုသမှုတွေပေးပေမယ့် သေဆုံးခဲ့တယ်လို ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ သူ့ရဲ့ ချစ်သူဖြစ်သူ အမည်မဖော်လိုတဲ့ ထိုင်းမိန်းကလေးပြောတာကတော့ ကျော်စွာအောင်ရဲ့ ကျောမှာအကြိတ်တွေ့တာကြောင့် ခွဲစိတ်ကုသမှုခံယူဖို ဆေးရုံမှာ စောင့်ဆိုင်းနေတာဖြစ်ပြီး သူတိုဟာ ငါးဖမ်းပိုက်စက်ရုံတရုံမှာ…

Read More

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု မိန့်ခွန်းလာပြောဖို အမေရိကန်လွှတ်တော်ခေါင်းဆောင်တွေ ဖိတ်ကြား

  ဝါရှင်တန်၊ ဇွန်-၇-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်မှာ ဇူလိုင် ၂၄ ရက်မှာ မိ်န့ခွန်းပြောကြားမယ်လို လွှတ်တော်ခေါင်းဆောင်တွေက အတည်ပြုပြောဆိုပါတယ်။ ဂါဇာစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်မှ အမေရိကန်ကွန်ဂရက်လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောဖိုကို အမေရိကန် ရီပတ်ဘလီကန်နဲ့ ဒီမိုကရက်တစ်ပါတီ နှစ်ရပ်စလုံးက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုကာ အစ္စရေးဝန်ကြီးချုပ် နေတန်ဟာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ဂယ်လန့်တိုကို ဖမ်း၀ရမ်းထုတ်ဖို လုပ်ဆောင်ခဲ့ပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ အစ္စရေးကို လူသတ်သမားတွေလို ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အိုင်စီစီရဲ့ လုပ်ရပ်လို နေတန်ယာဟုက ရှုတ်ချပြောဆိုထားပါတယ်။ အစ္စရေးနဲ့ အမေရိကန်အကြား အထူးသဖြင့် အမေရိကန်ထိပ်တန်းဒီမိုကရက်တစ်တွေအကြား သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာချိန်မှာ နေတန်ယာဟုရဲ့ အမေရိကန် ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီမိုကရတစ်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဂါဇာစစ်ပွဲဆက်လက်ဖြစ်ပွားပြီး သေဆုံးသူမြင့်တက်လာတဲ့အပေါ် အစ္စရေးကို ဝေဖန်ပြစ်တင်မှုတွေ…

Read More
VOM News

FREE
VIEW