ကံပိုင်တည် လမ်းကြောင်းက ကုန်တင် ယာဉ်မောင်းတွေ တိုက်ပွဲ အခြေအနေကြောင့် အခက်အခဲဖြစ်

 

ဇွန် ၁၀၊ ၂၀၂၄
Shy V (VOM)

တရုတ် – မြန်မာ နှစ်နိုင်ကံ ကုန်သွယ်ရာ လမ်းကြောင်း တစ်ခု ဖြစ်တဲ့ ကချင်ပြည်နယ်၊ ကံပိုင်တည် လမ်းကြောင်းက ကုန်တင် ယာဉ်မောင်းတွေ တိုက်ပွဲ အခြေအနေကြောင့် အခက်အခဲဖြစ်နေကြရကြောင်း ကုန်တင် ယာဉ်​​မောင်း​တွေက ပြောပါတယ်။

ကုန်သွယ်ရေး လမ်းကြောင်းက ပိတ်ထားတာ မရှိပေမယ့် ငှက်ပျောခြံ ဝင်ဖို့ လမ်းတွေ အဆင် ငှက်ပျောကား အကုန်လုံးနီးပါး ရပ်ထားရတယ်လို့ ငှက်ပျောကုန်တင် ယာဉ်မောင်း တယောက်က ပြောပါတယ်။

“ဟုတ်တယ်။ ကားတွေက တိုက်ပွဲကြောင့် ရပ်ထားတာ။ ကားသမားတွေရဲ့ အခက်အခဲကတော့ ဒီလို ရက် ကြာကြာ ရပ်ထားရတော့ အဆင်မပြေဘူးပေါ့လေနော်။ စားရေး၊ သောက်ရေး၊ နေရေး ထိုင်ရေး တစ်ခုမှ အဆင်မပြေဘူးလေ။ ဒီကြားထဲ ဟိုနား ကားမရပ်ရဘူး၊ ဒီနား ကားမရပ်ရဘူး ဆိုပြီး ဒီ ရပ်ကွက်အုပ်ချုပ်‌ရေးမှူး တွေကရော စည်ပင်ကရော ဒီ လမ်းဘေး ရပ်တာကို လာပြောတာတွေ ရှိတယ်။” လို့ သူက ပြောပါတယ်။

လမ်းဘေး နေထိုင် ရတာကြောင့် အပေါ့ အလေးသွား၊ ရေချိုး တာက အစ အခက်အခဲ ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

“ဟုတ်တယ်။ ကျနော်တို့ နောင်တာလော ကားလမ်းဘေးနား တဝိုက်မှာ စစ်ရှောင်နေ နေရတာလေ။ လမ်းလေး ဖွင့်နိုး ဖွင့်နိုးနဲ့။ ရက်ကြာပြီးတော့ တက်မယ် လုပ်တော့လည်း ဒီ ပုံမှန် သွားလာနေကျ လမ်းကြီးနဲ့ မရတော့ဘူး။” လို့ စစ်ရှောင်နေရတဲ့ ယာဉ်မောင်း တယောက် က ပြောပါတယ်။

အခြေအနေကြည့်ပြီး ကြားထဲမှာ ကိုယ့်ဟာနဲ့ကိုယ် အဆင်ပြေအောင် တစီး၊ နှစ်စီး လောက်ကို နှစ်ရက်၊ သုံးရက်နေ တစီး အဲလိုလေးတွေ ထွက်နေရတယ်လို့ ဆိုပါတယ်။

“ကံပိုင်တည် ကနေ မန္တလေး အဆင်းလမ်းမှာ နှစ်ဖက် တိုက်ပွဲ ကြား ညှပ်သွားလို့ ကားတွေလည်း ကျည်တွေထိ၊ မှန်တွေ ကွဲသွားတယ်။ ဖုန်းတွေရော ဘာမှ မစစ် မမေးပဲ ပါသမျှ ဖုန်း တပ်က သိမ်းသွားတယ်။” လို့ ပို့ကုန်ယာဉ်မောင်း တယောက် ကလည်း ပြောပြပါတယ်။

မန္တလေး ကနေ ကံပိုင်တည် ကုန်သွယ်ရာလမ်းပေါ်က ဝိုင်းမော်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစ လက်ရှိအထိ စစ်တပ်နဲ့ KIA ပူးပေါင်း အဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိထိ စစ်ရေး အခြေအနေ တင်းမာနေတာ ဖြစ်ပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW