တရုတ်အရှေ့ပိုင်းမှာ ရေဘေးကြောင့် လူနှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

 

ပေကျင်း ၊ ဇူလိုင်-၃-၂၀၂၄
မျိုးဆက်(VOM)

တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းတွေတိုက်ခတ်ပြီး ယန်ဇီမြစ်နဲ့ အခြားမြစ်တွေ ရေကြီးလျှံလာတာကြောင့် လူနှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ မကြာသေးမီကာလတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ အပူလှိုင်းဖြတ်ခြင်းစတဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အန်ဟူပြည်နယ်မှာ လူကိုးသိန်းကိုးသောင်းကျော်ထိခိုက်ခဲ့ပြီး နှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့ ညနေထိ အန်ဟူဒေသရှိ ခရိုင် ၃၆ ခရိုင်မှာ မိုးသက်မုန်တိုင်းတွေ ကျရောက်ခဲ့ပြီး နိုင်ငံရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်ဇီမြစ်ဟာ သတိပေးစိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ဆက်လက်မြင့်တက်နေတယ်လို့ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါအပြင် မိုးဆက်လက်ရွာသွန်းမှုတွေကြောင့် ပြည်နယ်အတွင်းရှိ အခြားသောမြစ်နဲ့ ရေကန်ခြောက်ခုဟာလည်း သတိပေးချက်အဆင့်ထက် ကျော်လွန်နေကြောင်း သတိပေးထားသည်။ အန်ဟူရှိ ယန်ဇီမြစ်တလျှောက် ရေကာတာတွေနဲ့ တမံတွေကို စောင့်ကြည့်ဖို့ ထောင်နဲ့ချီတဲ့ တာဝန်ရှိသူတွေကို စေလွှတ်ဖြန့်ကြက်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:CNA
Photo:AFP

#Voiceofmyanmar #VOM #တရုတ် #အရှေ့ပိုင်း #ရေဘေး #လူနှစ်သိန်းခွဲကျော် #ရွှေ့ပြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW