တိုက်ပွဲတွေကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့နယ်က စာသင်ကျောင်းအားလုံး ပိတ်ထားရ

 

ဇူလိုင် ၂၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေ အကုန်လုံး ပိတ်ထားရပြီး တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာလာနိုင်တဲ့ နေရာဒေသတွေမှာလည်း ကျောင်းဖွင့်ပေမယ့် ကလေးတွေကို မလွှတ် ရဲကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက ကျောင်းတွေ အားလုံးက မဖွင့်ဘူး။ ဖွင့်လည်း ဘယ်မိဘမှ မလွတ်ရဲဘူးလေ။ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်ထဲက ကျောင်းတွေ အကုန် ပိတ်ပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လက်ရှိတော့ နောင်ချိုနဲ့ ကျောက်မဲ မှာ တိုက်ပွဲ ပြင်းထန်နေပြီး သီပေါမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမယ့် စစ်ရေး တင်းမာနေတာကြောင့် ဘုန်းကြီးစာသင်ကျောင်းက ကိုရင်တွေ၊ သီလရှင်ကျောင်းက သီလရှင်တွေကိုပါ နေရပ်ပြန်ပို့ ပြီး ကျောင်းတွေ ပိတ်ထားရတယ်လို့ သူက ပြောပါတယ်။

“စစ်ရေး တင်းမာလာတာနဲ့ အဆောင်နေတဲ့ ကျောင်းသူကျောင်းသားတွေ ကိုလည်း ပြန်လွှတ်ကုန်ပြီလေ။ ဖြစ်လာရင်မှ မလွယ်တာ” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာနဲ့ နီးတဲ့ နေရာ ဒေသတွေဘက်က စာသင်ကျောင်းတွေတောင်မှ ပိတ်တယ်လို့ ဆိုပါတယ်။

ကလေးတွေကို ကျောင်းထားဖို့ အကုန်လုံးပြင်ဆင်ထားပေမယ့် အခြေအနေတွေ ရှုပ်ထွေးလာမယ်လို့ ကြားနေရတာကြောင့် စိတ်ပူ စိုးရိမ်ဝောာ့ ကလေးတွေကို ကျောင်းတောင် သွားမအပ်လိုက်ဘူးလို့ စစ်ရတင်းမာနေတဲ့ နေရာတွေထဲက ကလေးမိဘ တချို့က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ၁၀၂၇ စစ်ဆင်ရေးကာလက မြောက်ပိုင်း မဟာမိတ်ညီနောင်တွေ သိမ်းပိုက် ရှိထားတဲ့ နေကာ ဒေသ တချို့မှာလည်း ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါအပြင် ရှမ်းပြည်နယ်‌ေမြာက်ပိုင်းနဲ့ ထိစပ်နေတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ဘက်က စာသင်ကျောင်းတွေလည်း တိုက်ပွဲကြောင့် ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်တွေမှာ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်လာကာ နစက တပ်ဖွဲ့နဲ့ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့ တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Photo Crd#MOI

#voiceofmyanmar #VOM #ရှမ်းပြည်နယ်မြောက်ပိုင်း #တိုက်ပွဲ #စာသင်ကျောင်း #ပိတ်ထားရ

Related posts

Leave a Comment

VOM News

FREE
VIEW