ပူတင်နဲ့ ရှီကျင်းပင် ကာဇက်စတန်မှာ တွေ့ဆုံဆွေးနွေးမယ်

 

မော်စကို ၊ ဇူလိုင်-၃-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ကာဇက်စတန်မှာ ဒီနေ့တွေ့ဆုံမှာဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ပါတယ်။ကာဇက်စတန်မှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတနှစ်ယောက် တွေ့ဆုံမှာဖြစ်ပါတယ်။

ယူကရိန်းအရေးကြောင့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရုရှားဟာ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ်နေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

သမ္မတနှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ နှစ်နိုင်ငံစီးပွားရေးနဲ့ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာဖို့ သဘောတူခဲ့တဲ့ မေလထိပ်သီးဆွေးနွေးပွဲအပြီးမှာ ခုတကြိမ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

သမ္မတပူတင်ဟာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး အရေးပေါ်အခြေအနေမှာ နှစ်နိုင်ငံအကြား စစ်ရေးကူညီပေးတာအပါအဝင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နဲ့ရုရှားအကြားမှာလည်း ဆက်ဆံရေးဘယ်လို နီးကပ်လာမလဲဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။

လက်ရှိကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးမှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်နဲ့ ဥရောပဦးဆောင်တဲ့ မူဘောင်ကိုဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။

Ref:NHK
Photo:AP

#Voiceofmyanmar #VOM #ရုရှား #တရုတ် #ပူတင် #ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု #အစည်းအဝေး

Related posts

Leave a Comment

VOM News

FREE
VIEW