လားရှိုးနဲ့ နမ့်ပေါင်မှာ တိုက်ပွဲ ပြင်းထန်လာပြီး ပြည်သူတွေ၊ နေအိမ်တွေ ထိခိုက်မှု ထပ်တိုးလာ

  ဇူလိုင် ၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနဲ့ နမ့်ပေါင်ဘက် ဇူလိုင်လ ၃ ရက်နေ့ နေ့လယ်ပိုင်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ပြည်သူတွေ၊ နေအိမ်တွေ ထိခိုက်မှု ထပ်တိုးလာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မန္တလေး မီးပွိုင့်နားက ပန်အုပ်ကျောင်းမှာ လက်နက်ကြီးကျတာ။ သုံး ယောက် ထိတယ်လို့ပြောတယ်။လို့ ဒေသခံ တယောက်က ပြောပါတယ်။ မြို့ဝမ်ဘက်လည်း လက်နက်ကြီး တလုံးကျပြီး ကလေးနှစ်ယောက်ထိတယ်လို့ သိရပြီးရပ်ကွက်က ၉ ဘက် စစ်မှုထမ်းဟောင်း အိမ်ယာနားဘက်လည်း တလုံးကျ၊ ရပ်ကွက် ၁၀ နယ်မြေ ၁၊ သရဖီလမ်း နဲ့ မြတ်လေးလမ်း တောင်မှာလည်း ရှော့တိုက်တလုံးထိထားတယ်လို့ သိရကြောင်း သူက ပြောပါတယ်။ ဒီမနက်ပိုင်း ဗျူဟာလမ်းဘက် ရှော့တိုက်ဒုံးကျည်ကျတာမှာ ထပ်သိရ သလောက်…

Read More

သံတွဲမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ပိုမိုမြင့်တက်လာ

  ဇူလိုင် ၄ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် နဲ့ ငပလီကမ်းခြေတလျှောက်ကရွာတွေဘက်မှာတိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တာကြောင့် အရပ်သားသေဆုံးမှုမြင့်လာသလို နေရပ်စွန့်ခွာ စစ်ဘေးရှောင်သူအရေအတွက်လည်း သောင်းနဲ့ချီပြီးရှိလာနေတယ်လို့သိရပါတယ်။ ဇူလိုင်လပထမရက်အတွင်းမှာ သံတွဲမြို့နယ် ၊မြုံပြင်ရွာထဲကို လက်နက်ကြီးကျလို့ ဒေသခံအမျိုးသမီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ငပလီကမ်းခြေ၊ငပလီရပ်ကွက်ထဲမှာ လက်နက်ကြီးကျလို့ ဖခင်ဖြစ်သူနဲ့သားသမီးနှစ်ယောက် သေဆုံးမှုရှိခဲ့ပြီး အရပ်သားသေဆုံးမှု ၂၅ ယောက်ထက်မနည်းရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။ ” သံတွဲ ၊ငပလီကမ်းခြေတလျှောက်မှာ တိုက်ပွဲကနေ့တိုင်းဖြစ်နေတာ။ အားလုံးနီးပါးစစ်ရှောင်ကြပြီ။ စစ်ရှောင်ဖို့မဖြစ်နိုင်သူတွေနဲ့ အခြေအနေငြိမ်မယ်ထင်ပြီးနေသူတွေလောက်ပဲရှိတယ်။သံတွဲဆို မြို့ပေါ်အထိမဖြစ်သေးပေမယ့် မြို့ လုံးကျွတ်လောက်ရှောင်ကြပြီ ” လို့ သံတွဲစစ်ရှောင်တွေ ကိုကူညီပေးနေတဲ့ ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိအထိသံတွဲ နဲ့ ငပလီက ဒေသခံတွေအနေနဲ့ ခြေကျင်တမျိုး ၊ကားနဲ့တဖုံ ဂွမြို့ကို စစ်ဘေးရှောင်လာသူအများအပြားရှိနေကြောင်း ၊ စစ်ရှောင်စခန်းဖွင့်လှစ်ထားတာမရှိတဲ့အတွက် အရေအတွက်အတိအကျကိုမပြောနိုင်ပေမယ့် ခန့်မှန်းစစ်ရှောင်နူန်းက သောင်းချီရှိနေတယ်လို့ဆိုပါတယ်။ စစ်ရှောင်သူတွေကို ဂွမြို့…

Read More

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မိုးများလာနိုင်ပြီး မြစ်ကြီးတွေအားလုံး မြစ်ရေတွေ မြင့်တက်လာနိုင်

  ဇူလိုင် ၄ – ၂၀၂၄ SN (VOM) လာမယ့် ဇူလိုင် ၆ ရက်၊ ၇ ရက်နဲ့ ၈ ရက်တို့မှာ မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ မိုးများလာနိုင်ပြီး မြန်မာနိုင်ငံရှိ မြစ်ကြီးတွေ အားလုံး မြစ်ရေတွေ မြင့်တက်လာနိုင်မယ့် အခြေအနေတွေ ရှိနေတယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်က ပြောပါတယ်။ အဲဒီရက်တွေမှာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အနောက်မြောက်ပိုင်း ပင်လယ်ပြင်မှာ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်း တခုဖြစ်ပေါ်နိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။ “မုန်တိုင်းအဆင့်အထိတော့ ရောက်မှာမဟုတ်ပေမယ့် မြန်မာနိုင်ငံဘက်မှာတော့ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ မိုးများလာနိုင်တာကို တွေ့ရပါတယ်။ ဇူလိုင် ၅ ရက်နောက်ပိုင်းမှာလည်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်တဲ့ အခြေအနေပေါ်မူတည်ပြီး မိုးများနိုင်ပါဦးမယ်” လို့ သူက အသိပေးထားပါတယ်။ လက်ရှိအချိန်မှာ…

Read More

ဂျပန်နိုင်ငံ မီဆာဝါလေတပ်စခန်းမှာ အမေရိကန်ရဲ့ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ် ၄၈ စင်း ပထမဆုံးအကြိမ် ဖြန့်ကြက်မယ်

  တိုကျို၊ ဇူလိုင်-၄-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်း မီဆာဝါလေတပ်အခြေစိုက်စခန်းမှာ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေကို ပထမဆုံးအကြိမ် ဖြန့်ကြက်ချထားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ အိုမိုရီစီရင်စု မီဆာဝါလေတပ်အခြေစိုက်စခန်းမှာ လက်ရှိဖြန့်ကြက်ထားတဲ့ အက်ဖ်-၁၆ တိုက်လေယာဉ် ၃၆ စင်းအစား အက်ဖ်-၃၅ တိုက်လေယာဉ် ၄၈ စင်းကို အစားထိုးဖြန့်ကြက်မယ်လို့ ပင်တဂွန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အက်ဖ်-၃၅ ကိုယ်ပျောက်တိုက်လေယာဉ်တွေဟာ အဆင့်မြှင့်ရေဒါရှောင်ကွင်းမှုစနစ်၊ ရန်သူခြိမ်းခြောက်မှုတွေကို လျင်မြန်စွာသိရှိနိုင်တဲ့ အာရုံခံစနစ်တွေတပ်ဆင်ထားတဲ့ ပဉ္စမမျိုးဆက် အဆင့်မြင့် တိုက်လေယာဉ်တွေဖြစ်ပါတယ်။ ဂျပန်ရှိ အမေရိကန်စစ်တပ်ရဲ့ စွမ်းဆောင်ရည်အဆင့်မြှင့်တင်မှုများနဲ့ပတ်သက်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်းမှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ဒေါ်လာ ၁၀ ဘီလီယံထိ ကုန်ကျနိုင်ပါတယ်။ ဒီအစီအစဉ်ဟာ အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို တိုးမြှင့်ဖို့၊ ဒေသတွင်းအဟန့်အတား ပိုမိုအားကောင်းလာစေဖို့နဲ့ အင်ဒို-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်းရေးတို့ကို အထောက်အကူပြုမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်အပြီးတွင်…

Read More

ဝက်နဲ့ လူပုံတွေပါတဲ့ ရှေးအကျဆုံး နံရံဆေးရေးပန်းချီ အင်ဒိုနီးရှားက ကျောက်ဂူထဲမှာ ရှာတွေ့

  ဂျကာတာ၊ ဇူလိုင်-၄-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားနဲ့ ဩစတြေးလျသိပ္ပံပညာရှင်တွေဟာ တောင်ဆူလာဝေစီကျွန်းရှိ ကျောက်ဂူတခုအတွင်းကနေ ရှေးအကျဆုံး နံရံဆေးရေးပန်းချီကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ တောဝက်တကောင်နဲ့ လူပုံအရုပ်ပုံသုံးပုံ ပါဝင်တဲ့ အဲဒီနံရံဆေးရေးပန်းချီဟာ နှစ်ပေါင်း ၅၁၂၀၀ သက်တမ်းရှိပြီး ယခင်က ရှေးအကျဆုံးသတ်မှတ်ခံထားရတဲ့ ဂူအတွင်းမှ နံရံဆေးရေးပန်းချီထက် နှစ်ပေါင်း ၅၀၀၀ စောကြောင်း ပညာရှင်တွေက ပြောပါတယ်။ ပန်းချီမှာတော့ ပါစပ်ဟထားတဲ့ ဝက်တကောင်ပုံ ၊ တုတ်ကိုင်ထားတဲ့ လူသုံးယောက်ရဲ့ ပုံစံတွေ ပါဝင်ပါတယ်။ အင်ဒိုနီးရှားဟာ ရှေးဦးလူသားယဉ်ကျေးမှုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်လို့ အင်ဒိုနီးရှား သုတေသီတွေကပြောပါတယ်။ ယခုတွေ့ရှိမှုဟာ လူသားတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုဆိုင်ရာ အယူအဆတွေကို ယခင်ကထက် ပိုမိုလေ့လာနိုင်မှာဖြစ်ပြီး သူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကိုပါ ပြောင်းလဲစေတယ်လို့ ဩစတြေးလျနိုင်ငံ ဂရီဖစ်တက္ကသိုလ်မှ ပါမောက္ခမက်ဇင်အော်ဘတ်က ပြောပါတယ်။ ဒီပန်းချီကားဟာ ရှုပ်ထွေးတဲ့ ဇာတ်လမ်းတပုဒ်အကြောင်းဖြစ်ပြီး ရှေးအကျဆုံးသက်သေအထောက်အထားဖြစ်ကာ…

Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဟဇ်ဘိုလာထိပ်တန်းတပ်မှူး သေဆုံး

  တဲလ်အဗစ်၊ ဇူလိုင်-၄-၂၀၂၄ မျိုးဆက်(VOM) အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတယောက် သေဆုံးသွားကြောင်း ဟဇ်ဘိုလာအဖွဲ့က အတည်ပြုထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟဇ်ဘိုလာအဖွဲ့ကလည်း အစ္စရေးဘက်ကို ဒုံးကျည်တွေကို ပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ လက်ဘနွန်က ဟဇ်ဘိုလာတွေအပေါ် လိုအပ်တဲ့ဘယ်လိုအရေးယူမှုကိုမဆိုလုပ်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂယ်လ်လန့်က ပြောပါတယ်။ နှစ်ဘက်အကြား နယ်စပ်ပြန်ကျော် အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး တင်းမာမှုတွေမြင့်တက်နေပါတယ်။ အစ္စရေးဟာ ဟဇ်ဘိုလာတွေအပေါ် စစ်ဆင်ရေးတွေလုပ်မယ့် ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ချမှတ်ခဲ့ပါတယ်။ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ ဂါဇာစစ်ပွဲစတင်ပြီးနောက် ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲပ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက အစ္စရေးနယ်စပ်ကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အစ္စရေးဟာ ဂါဇာမှ စစ်ဆင်ရေးတွေကို အဆင့်လျှော့ချပြီး လက်ဘနွန်နဲ့ထိစပ်နေတဲ့ နိုင်ငံမြောက်ပိုင်းကို တပ်တွေ ပိုမိုဖြန့်ကြက်နေပြီး အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ်ပဋိပက္ခဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း…

Read More

ကင်ညာအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲ လူ ၄၀ နီးပါး သေဆုံးပြီး ၃၆၀ ကျော်ဒဏ်ရာရ

  နိုင်ရိုဘီ၊ ဇူလိုင်-၄-၂-၂၀၂၄ မျိုးဆက်(VOM) ကင်ညာနိုင်ငံမှာ အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေနဲ့ပတ်သက်ပြီး ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသေဆုံးသူ ၃၉ ယောက်ထိရှိလာပြီး ၃၆၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကင်ညာလူ့အခွင့်အရေးအဖွဲ့တဖွဲ့က ပြောပါတယ်။ အခွန်တိုးမြှင့်မယ့် ကိစ္စအပေါ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ဇွန်လလယ်ကတည်းက ကင်ညာနိုင်ငံတဝန်းမှာ ဖြစ်ပွားနေခဲ့ပြီး ဇွန် ၂၅ ရက်တွင် ပါလီမန်ကို ဝင်ရောက်စီးနှင်းခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ အင်အားသုံးဖြိုခွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ကင်ညာသမ္မတ ဝီလျံရူတိုက အခွန်တိုးမြှင့်ကောက်ခံမယ့် ဥပဒေကို ရုပ်သိမ်းကြောင်း ကြေညာခဲ့ပေမယ့် သူရာထူးကနေနှုတ်ထွက်ရေးအတွက် တောင်းဆိုဆန္ဒပြမှုတွေဟာ နိုင်ငံတဝန်း ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ ကင်ညာနိုင်ငံဟာ အရှေ့အာဖရိကရှိ အဓိကစီးပွားရေးနိုင်ငံတခုဖြစ်ပြီး ကိုဗစ်ကပ်ရောဂါနဲ့ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုတို့ကြောင့် နိုင်ငံ့စီးပွားရေး ပြင်းထန်စွာ ထိခိုက်နေပြီး အခွန်တိုးမြှင့်ကောက်ခံပြီး စီးပွားရေး နာလန်ထူဖို့ အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း အထူးသဖြင့် စားနပ်ရိက္ခာ၊ လောစာဆီနဲ့ အခြားလူနေမှုစာရိတ်တွေ…

Read More

This Day in History

  Voice of Myanmar အမေရိကန်အာကာသအေဂျင်စီ(နာဆာ)၏ ပါ့သ်ဖိုင်ဒါ အာကာသယာဉ်သည် ခုနှစ်လအတွင်း မိုင်ပေါင်းသန်း ၁၂၀ ခရီးနှင်ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်သို့ ၁၉၉၇ ခုနှစ် ဇူလိုင် ၄ ရက်တွင် ဆင်းသက်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း ဂြိုဟ်ပေါ်သို့ ပထမဆုံးဆင်းသက်နိုင်ခဲ့သော အမေရိကန်အာကာသယာဉ်ဖြစ်သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July4

Read More
VOM News

FREE
VIEW