ဗြိတိန်အထွေထွေ ရွေးကောက်ပွဲ လေဘာပါတီ အပြတ်အသတ်အနိုင်ရပြီး ကီယာစတာမာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်

 

လန်ဒန်၊ ဇူလိုင်-၅-၂၀၂၄
မျိုးဆက်(VOM)

ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီက အပြတ်အသတ်အနိုင်ရရှိနေတာကြောင့် ပါတီခေါင်းဆောင်ဖြစ်သူ ကီယာစတာမာဟာ ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲစစ်တမ်းတွေမှာတော့ လေဘာပါတီဟာ အမတ်နေရာ ၄၁၀ နဲ့ ကွန်ဆာဗေးတစ်တွေက ၁၄၄ နေရာအနိုင်ရတယ်လို့ ခန့်မှန်းထားပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် စတာမာကတော့ အပြောင်းအလဲတွေ ခုကစတော့မယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ လေဘာပါတီအနိုင်ရရှိကြောင်း လက်ရှိဝန်ကြီးချုပ် ရီရှီဆူနက်ခ်က ဝန်ခံပြောဆိုပါတယ်။ “ လေဘာပါတီက ဒီအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါပြီ ။ ဒီအနိုင်အတွက် ဂုဏ်ပြုဖို့ စတာမာကို ကျွန်တော်ဖုန်းဆက်ခဲ့ပြီးပြီ” လို့ ဝန်ကြီးချုပ် ဆူနက်ခ်က ပြောပါတယ်။

ဒီအရှုံးအတွက် တာဝန်ယူ၊ တာဝန်ခံတယ်လို့လည်း သူကဆိုပါတယ်။ “ဒီနေ့ ဗြိတိန်ရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို ငြိမ်းချမ်း၊ စည်းစနစ်ကျပြီး ဘက်ပေါင်းစုံက စေတနာပါသူတွေရဲ့လက်ထဲ လွှဲပြောင်းပေးနိုင်ခဲ့ပြီး ဒါဟာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့အနာဂတ်အတွက် အားလုံးယုံကြည်ရမယ်လို့ ”ဝန်ကြီးချုပ်ဆူနက်ခ်က ပြောပါတယ်။

သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းလာတာကို သိသာထင်ရှားတဲ့ ပြသနမှုဖြစ်ပြီး ဒီအပေါ် သင်္ခန်းတွေရရှိခဲ့သလို အရှုံးရလဒ်အတွက် မဲဆန္ဒရှင်တွေကို တောင်းပန်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ဆူနက်ခ်က ပြောပါတယ်။

Ref:BBC
Photo:Reuters

#Voiceofmyanmar #VOM #ဗြိတိန် #အထွေထွေရွေးကောက်ပွဲ #လေဘာပါတီ #အနိုင်ရ

Related posts

Leave a Comment

VOM News

FREE
VIEW