လားရှိုး၊ ကျောက်မဲ၊ နောင်ချို မြို့တွေမှာ တိုက်ပွဲ အတွင်း လက်နက်ကျည်ကြီးထိမှန်လို့ အရပ်သား ၉၀ ထက်မနည်း သေဆုံး

 

ဇူလိုင် ၅၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ ကျောက်မဲ၊ နောင်ချို မြို့တွေမှာ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ တိုက်ပွဲ အတွင်း လက်နက်ကျည်ကြီးထိမှန်လို့ အရပ်သား ၉၀ ထက်မနည်း သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“နောင်ချိုမှာလည်း လက်နက်ကျည်ကြီးစ တွေ ထိမှန်လို့ အရပ်သား ပြည်သူတွေ အယောက် ၃၀ လောက် သေဆုံးတယ်။ ကျောက်မဲ မှာ ပိုများတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

နောင်ချို – မန္တလေး လမ်းမပေါ်ကရွာတွေဖြစ်တဲ့ ကျောက်ကြမ်း၊ ရွှေညောင်ပင်၊ အုမ္မခါး၊ အုမ္မတီး၊ သဲခေါ်၊ ရေဝင်၊ စတဲ့ရွာတွေထဲက ဒေသခံ ပြည်သူတွေ အကုန်လုံး တိုက်ပွဲရှောင်ကြရပြီဖြစ်ပြီး ဘန့်ဘွေးက ဒေသခံ တချို့လည်း ရှောင်နေကြပြီလို့ သူက ပြောပါတယ်။

“ကျောက်မဲမှာ လက်နက်ထိပြီးသေတာ အယောက် ၅၀ လောက်ရှိတယ်လို့ ပြောတယ်။ လမ်းတွေက ပိတ်ထားတာလေ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

ထိခိုက်ဒဏ်ရရာတဲ့ အရပ်သား ပြည်သူတချို့ဝောာင် လမ်းခရီး ခက်ခဲလို့ သီပေါဘက်ပဲ ရောက်လာတဲ့ လူနာတွေရှိတယ်လို့ သူက ပြောပါတယ်။

သီပေါမှာတော့ တိုက်ပွဲ ပြင်းထန်တာမျိုး မရှိပေမယ့် နှစ်ဖက် စစ်ရေးတွေ တင်းမာနေပြီး တိုက်ပွဲ ပြင်းထန်လာမှာကိုတော့ စိုးရိမ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် လားရှိုးမှာလည်း ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ နှစ်ရက်အတွင်း လက်နက်ကြီး ထိလို့ အရပ်သားပြည်သူ ၁၂ ယောက်သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လားရှိုးမှာက လက်နက်ကြီးတွေကျတဲ့ နေရာများတယ်။ ၃ ရက်နေ့က ရပ်ကွက် ၁ ဗျူဟာလမ်းမှာ မိသားစု ၆ ပွဲချင်းပြီးဆုံးသွားတယ်။ မနေ့က ရက်ကွက် ၉ ဘက် သားအမိ နှစ်ယောက်၊ ရပ်ကွက် ၁၁ ပညာရေးကောလိပ် အနောက်ဘက်သုံးယောက်၊ ရပ်ကွက် ၅ မှာ တယောက် ဆိုတော့ သိရသလောက် ခြောက်ယောက် ဆုံးတာပေါ့” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

လက်နက်တွေ ဘယ်ဘက်က ပစ်လို့ ပစ်မှန်းမသိရပဲ ဒီနေ့ဇူလိုင်လ ၅ ရက်မနက်မှာတော့ လေယာဉ်တွေ အများအပြား ပျံသန်းထွက်ခွာနေသံတွေ ကြားရပြီး လက်ရှိတော့ လက်နက်ကြီး ပစ်ခတ်သံတွေ ငြိမ်ေနတယ်လို့ ဆိုပါတယ်။

လားရှိုးနဲ့ အနီးဝနိးကျင်မှာဝော့ ဇူလိုင်လ ၃ ရက်နေ့ကစ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ကျော့ပြန် ထိုးစစ်ဆင်နေပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်တွေဘက်မှာတော့ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ၁၀၂၇ ကျော့ပြန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #ကျောက်မဲ #နောင်ချို #တိုက်ပွဲ #အရပ်သားသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW