တောင်ကိုရီးယားမှာ အမျိုးသမီးတွေ လွှမ်းမိုးမှုများလို့ အမျိုးသားတွေသတ်သေမှုနှုန်းမြင့်တာလို့ မြို့တော်ကောင်စီဝင် ဝေဖန်

 

ဆိုးလ်၊ ဇူလိုင်-၁၀-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသားတွေ သတ်သေမှုနှုန်းမြင့်မားလာတာဟာ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေရဲ့ လွှမ်းမိုးမှုနှင့် ဆက်စပ်နေကြောင်း ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ ဒီလိုပြောဆိုမှုဟာ ကျိုးကြောင်းခိုင်လုံတဲ့ အချက်အလက်မပါဘဲ ပြောဆိုခဲ့တာကြောင့် တောင်ကိုရီးယား ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတွင်းမှာ နှစ်အနည်းငယ်အတွင်း လုပ်သားအင်အားမှာ အမျိုးသမီးများပါဝင်မှုတိုးလာခြင်းကြောင့် အမျိုးသားတွေအတွက် အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့ကို လက်ထပ်လိုတဲ့ အမျိုးသမီးကို ရှာဖွေရခက်ခဲလာကြောင်း ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်ခ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

မကြာသေးမီက အမျိုးသမီးကြီးစိုးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားတာက အမျိုးသားတွေ သတ်သေဖို့ ကြိုးပမ်းမှုတွေ တိုးပွားလာတာအတွက် တစိတ်တပိုင်း တာဝန်ရတယ်လို့ သူကအခိုင်အမာဆိုပါတယ်။

မြို့တော်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဆိုးလ်မြို့ ဟန်မြစ်တလျှောက် တံတားတွေမှာ သတ်သေဖို့ ကြိုးပမ်းမှုအရေအတွက်ဟာ ၂၀၁၈ ခုနှစ်မှာ ၄၃၀ ရှိခဲ့ရာက ၂၀၂၃ ခုနှစ်မှာတော့ ၁၀၃၅ ယောက်ထိရောက်ရှိလာပြီး သူတို့ထဲက ၆၇ ရာခိုင်နှုန်းကျော်မှာ အမျိုးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အမျိုးသားတွေ သတ်သေဖို့ ကြိုးပမ်းမှုမြင့်တက်လာခြင်းရဲ့ နောက်ကွယ်မှအကြောင်းအရာတွေကို သိပ္ပံနည်းကျလေ့လာဖို့ လိုအပ်ပြီး ဒီမိုကရက်တစ်ပါတီမှ ဆိုးလ်မြို့တော်ကောင်စီဝင် ကင်ကီဒပ်ရဲ့ ပြောဆိုမှုအပေါ် ပြည်သူတွေနဲ့ ပညာရှင်အသိုင်းအဝိုင်းရဲ့ ဝေဖန်မှုတွေ မြင့်တက်လျှက်ရှိနေပါတယ်။

Ref:BBC
Photo:Getty Images

#Voiceofmyanmar #VOM #တောင်ကိုရီးယား #အမျိုးသားသတ်သေမှု #မြင့်တက် #အမျိုးသမီးလွှမ်းမိုးမှု #ဝေဖန်

Related posts

Leave a Comment

VOM News

FREE
VIEW