သဗ္ဗာန်မှောက်ပြီးပျောက်ဆုံးနေတဲ့ ကျောင်းသားတွေအပါအဝင် ရှစ်ယောက် ရှာမတွေ့သေး

 

ဇူလိုင် ၁၀ – ၂၀၂၄
GG (VOM)

ဒီနေ့ မနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြစ်ထဲမှာ သဗ္ဗာန်မှောက်ပြီး ပျောက်ဆုံးသွားတဲ့ကျောင်းသားအပါအဝင် လူရှစ်ယောက်ကို ခုညနေပိုင်းအထိ ရှာဖွေမတွေ့သေးဘူးလို့ သိရပါတယ်။

လက်ရှိမှာနယ်မြေခံမီးသတ်တပ်ဖွဲ့တွေဘက်ကတော့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်လိုက်ပေမယ့်ပျောက်ဆုံးမိသား စုဝင်တွေဘက်ကတော့ ရှာဖွေမှုတွေဆက်လက်လုပ်နေသေးတယ်လို့သိရပါတယ်။

” ကျွန်တော်တို့ကတော့နေ့ခင်းကတည်းကရှာဖွေမှုမရှိတော့ဘူး။သူတို့မိသားစုတွေဘက်ကတော့ အဲဒီဘက်ကလူမှုရေးအသင်းတွေနဲ့ချိတ်ပြီးရှာနေတုန်းပဲ။ရှစ်ယောက်လုံးမတွေ့သေးတဲ့အခြေအနေပေါ့။ကြည့်မြင်တိုင်တဖက်ကမ်းရွာဘက်ကပါ ။စက်လှေတွေကို အသက်ကယ်အကင်္ျီတွေ ထားဖို့ပြောနေပါတယ်။နဂိုကတည်းကလည်းပြောတာကိုမလိုက်နာကြတာ ။ ” လို့ ကြည့်မြင်တိုင် မီးသတ်စခန်းမှတာဝန်ရှိသူတယောက်ကပြောပါတယ်။

သဗ္ဗာန်မှောက်ပြီး ပျောက်ဆုံးနေတဲ့ ရှစ်ယောက်ထဲမှာ ကျောင်းသားကသုံးယောက်နဲ့ ခရီးသည်က ငါးယောက်ပါကြောင်း၊ အားလုံးဟာ ကြည့်မြင်တိုင်တဖက်ကမ်းမှာရှိတဲ့ ငစင်နဲ့ ဦးမြရွာဘက်ကလို့ သိရပါတယ်။

လက်ရှိမှာသဗ္ဗာန်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး လူပျောက်ဆုံးမှု ရှိတာကြောင့် ဂိတ်မှူးနဲ့ စက်လှေမောင်းသူကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

” မောင်းတဲ့စက်လှေသမားကနားမကြားဘူး။ခုသူရောဂိတ်မှူးရောဖမ်းသွားကြတယ်။သူတို့က လူတွေပိုတင်တာကိုး။အမှန်က လူကြီးဆိုရင်ခြောက်ယောက်လောက်ပဲတင်ရတာ။ကလေး၊ကျောင်းသားတွေပါရင်ဆယ်ယောက်အထိတင်ကြတယ်။အခုက၁၆ယောက်ဆိုတော့အတော်များတယ်။အသက်ကယ်အကင်္ျီကလည်းမပါတော့ခက်တယ် ။ ” လို့ ကြည့်မြင်တိုင်ဒေသခံတယောက်ကပြောပါတယ်။

သဗ္ဗာန်က ဒီနေ့မနက် ၈ နာရီလောက်မှာ ကြည့်မြင်တိုင် တဖက်ကမ်းကနေ မောင်းလာစဥ် လိူင်မြစ်ထဲမှာရပ်ထားတဲ့ တွဲသဘေင်္ာကိုဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း၊ တိမ်းမှောက်မှုကြောင့် စက်လှေမောင်းသူအပြင် စက်လှေပေါ်ပါတဲ့ကျောင်းသားနဲ့ခရီးသည် ပေါင်း ၁၆ ယောက်ထဲက ရှစ်ယောက်ကိုသာကယ်ဆယ်နိုင်ပြီး ကျန်ရှစ်ယောက်ကတော့ခုချိန်ထိပျောက်ဆုံးနေတာဖြစ်ပါတယ်။

#Voiceofmyanmar #vom #ကြည့်မြင်တိုင် #လှိုင်မြစ် #သဗ္ဗာန်မှောက် #၈ယောက်ပျောက်နေ

Related posts

Leave a Comment

VOM News

FREE
VIEW