အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်

  ဇူလိုင် ၁၇ – ၂၀၂၄ GG (VOM) နိုင်ငံကျော်တေးသံရှင် အဆိုတော်ကြီးဖြစ်တဲ့ စိုင်းဆိုင်မောဝ် ဟာ ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့ ၊ ည ၇ နာရီ ၁၅ မိနစ်မှာ အင်းစိန်မြို့နယ် ကောင်းအထူးကုဆေးရုံမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ အဆိုတော် စိုင်းဆိုင်မောဝ် ကွယ်လွန်တာနဲ့ပတ်သက်ပြီး ” အဆိုတော် စိုင်းဆိုင်မောဝ် ခုည ၇ နာရီ ၁၅ မိနစ်မှာကွယ်လွန်သွားပါပြီ။ ” လို့ မိသားစုနဲ့နီးစပ်သူတွေက လူမှုကွန်ယက်ကနေအသိပေးထားပါတယ်။ အဆိုတော် စိုင်းဆိုင်မောဝ်က ကို ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ မှာမွေးဖွားခဲ့တာဖြစ်လို့ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပါတယ်။ စိုင်းဆိုင်မောဝ်ဟာ ၂၀၂၀ ခုနှစ် တုန်းကလည်း မန္တလေးမြို့ မန္တလာ ဆေးရုံမှာ တက်ရောက်ပြီး…

Read More

စဉ့်ကူးမှာ မြို့ခံသုံးပုံနှစ်ပုံ မြို့ကိုစွန့်ခွာ ၊ စစ်ရှောင်နေအိမ် အများအပြား ဖောက်ထွင်းခံရမှုတွေရှိနေ

  ဇူလိုင် ၁၇ -၂၀၂၄ GG (VOM) မန္တလေးတိုင်း ၊ စဥ့်ကူးမြို့မှာ တိုက်ပွဲကြောင့် မြို့ပေါ်က နေအိမ်ရာနဲ့ချီမီးလောင်ပျက်စီးခဲ့ရသလို စစ်ရှောင်နေအိမ်အများအပြားလည်း ဖောက်ထွင်းခံရပြီး ပစ္စည်းတွေလုယက်ခံရမှုတွေရှိခဲ့တယ်လို့သိရပါတယ်။ စဥ့်ကူးမြို့မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် မြို့ခံလူထုရဲ့သုံးပုံ နှစ်ပုံလောက်ဟာ မြို့ကိုစွန့်ခွာပြီး စစ်ဘေးရှောင်နေကြသလို မြို့တွင်းကျန်ခဲ့တဲ့ပြည်သူတွေကလည်း တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းနဲ့မိမိနေအိမ်တွေမှာ ပုန်းခိုနေကြချိန် မြို့လယ်က အိမ်တော်တော်များများ ဖောက်ထွင်းခံရတာဖြစ်တယ်လို့ သိရပါတယ် ။ ” မြို့လယ်မှာရှိတဲ့ ပိုက်ဆံအရှိဆုံးအိမ်တွေ တော်တော်များများ ဖောက်ထွင်းခံရတယ်။ မြို့ထဲကျန်တဲ့ပြည်သူတွေက ဘုန်းကြီးကျောင်းတွေထဲမှာရှိတယ်၊တချို့က နေအိမ်ထဲမှာရှိပေမယ့် အိမ်ပြင်ကို မထွက်ရဲကြဘူးဗျ။ အခုတော့မြို့ထဲလည်းအိမ်တွေတော်တော်မီးလောင်တယ် ။ ရပ်ကွက်၁ နဲ့ရပ်ကွက် ၂ မှာအများဆုံးလောင်တယ်။အိမ် ၁၀၀ ကျော်လောက်ရှိတယ်။ ” လို့ စဥ့်ကူးမြို့ထဲမှာ စစ်မရှောင်ဘဲကျန်နေသေးတဲ့ မြို့ခံတယောက်ကပြောပါတယ်။ လက်ရှိမှာတော့ PDF က စဥ့်ကူးမြို့ နေရာအများစုကို ထိန်းချုပ်ထားတာကြောင့် မရှိတော့သလို…

Read More

မိုးကုတ် တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု ၁၂ ယောက်ထက်မနည်းရှိလာပြီး မြို့ထဲ လက်နက်ကြီး ဆက်တိုက်ကျနေ

  ဇူလိုင် ၁၇ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့အရှေ့ပိုင်းမှာ တိုက်ပွဲပြင်းထန်လာမှုနဲ့အတူ အရပ်သားဒေသခံသေဆုံးမှုမြင့်တက်လာသလို နေအိမ်တွေလက်နက်ကြီးထိမှန်ပြီး ထိခိုက် ပျက်စီးမှုတွေလည်း များလာနေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။ တိုက်ပွဲကြောင့် ခုရက်ပိုင်း ဇူလိုင်လ ၁၃ ရက်ကနေ ၁၇ ရက်နေ့ရဲ့မနက်ပိုင်းအထိဆိုရင် လက်နက်ကြီးထိမှန်ပြီး ဒေသခံသေဆုံးမှုအနေနဲ့ ခြောက်ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ယောက်ထက်မနည်းရှိထားတယ်လို့သိရပါတယ်။ ဒါအပြင် နေအိမ်တွေ ပေါ်လက်နက်ကြီးကျရောက်လို့ ထိခိုက်ပျက်စီးမှုနဲ့မီးလောင်ပျက်စီးမှုအနေနဲ့ဆိုရင်လည်း အိမ်ခြေ၂၀ ထက်မနည်းရှိနေပြီး လက်နက်ကြီးတွေလည်း ဆက်တိုက်ကျရောက်မှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုရက်ပိုင်းအတွင်းလက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဒေသခံထဲမှာ မိုးကုတ်ကို စာပေ ပညာလာရောက်သင်ကြားနေတဲ့ သံဃာတပါးပါဝင်ပြီး မိသားစုလိုက်တွေလည်းပါတယ်လို့သိရပါတယ်။ ” ခုမနက်လည်းတိုက်ပွဲတွေဖြစ်နေတယ်။လက်နက်ကြီးတွေလည်းဆက်တိုက်ကျနေတော့ အပြင်မထွက်ရဲကြဘူး။ခုမနက် မိုးကုတ်အရှေ့ပိုင်း ညောင်လေးပင်မှာဆို လူနေအိမ်ပေါ်ကို လက်နက်ကြ ကျလို့ အမျိုးသားတယောက် လက်မောင်းထိတယ်။ချမ်းမြသာယာရပ်ကွက်မှာဆိုလက်နက်ကြီးကျလို့မီးလောင်နေတာရှိတယ်။ရေပူကစာသင်ကျောင်းနားလည်းလက်နက်ကြီးကျလို့အန်တီကြီးတယောက်ထိတယ်။ဒါခုမနက်ပိုင်းလေးလက်လှမ်းမီသလောက်ရတဲ့အခြေအနေပါ ။ ” လို့ မိုးကုတ်မြို့ခံတယောက်ကပြောပြပါတယ်။ မိုးကုတ်အရှေ့ပိုင်းမှာ…

Read More

ဂျပန်မှာ အစပ်လွန်အာလူးကြော်တွေစားပြီး ကျောင်းသား ၁၄ ယောက် ဆေးရုံရောက်

  တိုကျို ၊ ဇူလိုင်-၁၇-၂၀၂၇ မျိုးဆက်(VOM) ဂျပန်နိုင်ငံ တိုကျိုရှိ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၄ ယောက်ဟာ အစပ်လွန်အာလူးကြော်တွေစားပြီး ဆေးရုံရောက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောင်းသားတွေထဲက တယောက် ကျောင်းကိုယူလာတဲ့ အာလူးကြော်အစပ်တွေကို အယောက် ၃၀ လောက် စားခဲ့ကြပြီးနောက် အချို့သူတွေဟာ ပျို့အန်တာ၊ ပါးစပ်တဝိုက်မှာ ပြင်းထန်စွာနာကျင်မှုတွေခံစားခဲ့ရပြီးနောက် အရေးပေါ်ဌာနက လာရောက်ခေါ်ဆောင်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။ ဆေးရုံတက်ရတဲ့ ကျောင်းသားကျောင်းသူတွေကို ဆေးရုံပို့ဆောင်ခဲ့ရာမှာ သတိလစ်မေ့မျောမှုတွေလည်း ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအာလူးကြော်တွေကို Isoyama Corp က ထုတ်လုပ်ရောင်းချတာဖြစ်ပြီး ဒီဖြစ်စဉ်အတွက် တောင်းပန်ထားပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဒီအစပ်လွန်အာလူးကြော်တွေ စားသုံးမယ့်သူတွေနဲ့ ပတ်သက်ပြီး သတိပေးချက် အပြည့်အစုံထုတ်ပြန်ထားကာ အသက် ၁၈ နှစ်အောက်တွေ ၊ သွေးတိုးနဲ့ အစာအိမ်ရှိသူတွေ စားသုံးတာကိုလည်း တားမြစ်ထားပါတယ်။…

Read More

စဉ့်ကူးတိုက်ပွဲအတွင်း အဆိုတော် တသသနဲ့ အချုပ်သားတွေ လွတ်မြောက်လာ

  ဇူလိုင် ၁၇ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မြို့သိမ်းတိုက်ပွဲအတွင်း အဆိုတော် တသသနဲ့ အချုပ်သားတွေ ပြန်လည် လွတ်မြောက်လာတယ်လို့ အဆိုတော် တသသက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။ သူမနဲ့အတူ အချုပ်သား အမျိုးသမီး၊ အမျိုးသား ခြောက်ယောက် ပါဝင်ပြီး အချုပ်ခန်းမှ ထွက်ပြေးစဉ် သူမရဲ့ မန်နေဂျာအပါအဝင် အဖွဲ့အစည်းတချို့က လေကြောင်း ပစ်ခတ်နေတဲ့ကြားကနေ အချုပ်ခန်းသော့ကို ရိုက်ဖျက်ပြီး ကယ်တင်ပေးခဲ့တာလို့ သူမက အသိထားပါတယ်။ “ကျွန်မအခု လွတ်လာပါပြီ။ လွတ်လာတယ်ဆိုတာ လွှတ်ပေးတာ မဟုတ်ပါဘူး။ စဉ့်ကူးမှာ တိုက်ပွဲ နှစ်ကြိမ်ဖြစ်တယ်။ ပထမတကြိမ်ဖြစ်တော့ ကျွန်မတို့ကို အချုပ်က ထုတ်ပြီး လက်ထိပ်ခတ်၊ မခေါက်ရွာဘက်မှာ ခုနစ်ရက်ထားတယ်။ လက်ထိပ်နဲ့အတူ အိပ်ခဲ့ရတယ်။ ခုနစ်ရက်မြောက်တဲ့နေ့မှာ စဉ့်ကူးအချုပ်ကို ပြန်ပို့ပါတယ်။ အချုပ်ရောက်လို့…

Read More

ဘန်ကောက် ဟိုတယ်မှာ သေဆုံးသူခြောက်ယောက် လက်ဖက်ရည်ထဲ အဆိပ်ခတ်ခံခဲ့ရ ၊ စုံစမ်းစစ်ဆေးဖို့ အမေရိကန် FBI ကို အကူအညီခေါ်

  ဘန်ကောက်၊ ဇူလိုင်-၁၇-၂၀၂၇ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဇိမ်ခံဟိုတယ်တခုမှာ တွေ့ရှိခဲ့တဲ့ အလောင်းခြောက်လောင်းဟာ အစားအသောက်တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်အခတ်ခံရပြီး သေဆုံးသွားဖြစ်ပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့အတွက် အမေရိကန်အက်ဖ်ဘီအိုင်အဖွဲ့ကို အကူညီတောင်းထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ကြွေးမြီကိစ္စအငြင်းပွားမှုနဲ့ ဆက်နွယ်ပြီး ခုလိုအဆိပ်ခတ်ခံလိုက်ရတာလို့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက သေဆုံးခဲ့ဖွယ်ရှိတဲ့ လူခြောက်ယောက်ရဲ့ အလောင်းတွေကိုတော့ ဘန်ကောက်မြို့လယ်က Grand Hyatt Erawan ဟိုတယ်က အခန်းထဲမှာ မနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးသူခြောက်ယောက်မှာ လေးယောက်က ဗီယက်နမ်နိုင်ငံသားတွေဖြစ်ပြီး ကျန်နှစ်ယောက်ကတောပ အမေရိကန်နိုင်ငံသားတွေဖြစ်ကာ ဒီထဲက နှစ်ယောက်ဟာ ရင်းနှီးမြုပ်နှံဖို့အတွက် အခြားတယောက်ကို ဘတ် ၁၀ သန်းချေးငှားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ယူဆထားပါတယ်။ သူတို့ခြောက်ယောက်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ဟိုတယ်ငါးလွှာက အခန်းထဲမှာ စုဝေးခဲ့ကြပြီး နေ့လယ် ၂ နာရီမှာ…

Read More

ကလေးမြို့ရှိ ဆီဆိုင်တွေမှာ ဓာတ်ဆီပြတ်လပ်နေပြီး တလီတာ ၈၅၀၀ ကျော် ပေးဝယ်နေရ

  ဇူလိုင် ၁၇ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ကလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီ ပြတ်လပ်နေပြီး ဇူလိုင် ၁၅ ရက်နေ့မှစတင်ကာ တလီတာ ၈၅၀၀ ကျော် ပေးဝယ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်လောက်ကတည်းက ကလေးမြို့မှာ စက်သုံးဆီပြတ်လပ်နေတာလို့ သိရပြီး လက်ရှိမှာ အရောင်းဆိုင်ကြီးတချို့လည်း ပိတ်ထားတာကြောင့် ရေသန့်ဘူးနဲ့ လက်လီ ရောင်းချပေးနေတဲ့ လမ်းဘေးဈေးဆိုင်တွေမှာသာ ဝယ်ယူနေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ပြီးခဲ့တဲ့လ အစလောက်ကတည်းက တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတာကြောင့်ရယ်၊ လမ်းတွေကလည်း မဟာမြိုင်ရော၊ ဂန့်ဂေါရော ပိတ်နေတော့ ပိုဆိုးကုန်တာပေါ့။ လမ်းတွေ ပြန်ဖွင့်ပေးမယ်ဆိုရင်တော့လည်း အနည်းနဲ့အများတော့ အဆင်ပြေမှာပါ။ ဆီက ဂါလံဈေးဆိုရင် တဂါလံ လေးသောင်းကျော်နေပြီ။ တချို့ဆိုင်တွေကျတော့လည်း ဆီကရှိတယ်။ ဒါပေမယ့် မရောင်းချင်ကြဘူး။ ဈေးတင်ချင်ကြတယ်”…

Read More

အိန္ဒိယ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် မြင့်တက်

ဂျမူး၊ ဇူလိုင်-၁၇-၂၀၂၇ မျိုးဆက်(VOM) အိန္ဒိယထိန်းချုပ်ထားတဲ့ အငြင်းပွားဖွယ် ကက်ရှ်မီးယားဒေသမှာ မကြာသေးမီကာလကစလို့ အကြမ်းဖက်မှုတွေ မြင့်တက်နေပြီး တနင်္လာနေ့ကလည်း စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် အိန္ဒိယစစ်သား လေးယောက် သေဆုံးခဲ့ပါတယ်။ ဂျမူးရှိ ဒိုဒါခရိုင်က သစ်တောတွေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် ခြုံခိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ အငြင်းပွားနေတဲ့ ဒီဒေသက အခြားနေရာတခုမှာလည်း ယာဉ်တန်းကို တိုက်ခိုက်မှုကြောင့် စစ်သားငါးယောက် သေဆုံးခဲ့ပါသေးတယ်။ ၁၉၈၉ ခုနှစ်ကတည်းက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင် သောင်းကျန်းမှုတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး မကြာသေးမီ နှစ်တွေအတွင်းမှာတော့ အကြမ်းဖက်မှုတွေ လျော့ကျခဲ့ပါတယ်။ ဒါပေမယ့် ဒီဒေသမှာ မကြာသေးမီကာလတွေအတွင်း သွေးထွက်သံယိုတွေပိုများလာခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လနောက်ပိုင်း ဒေသတွင်းမှာ အကြမ်းဖက်တိုက်ခို်ကမှု ရှစ်ကြိမ်ထိ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့လကလည်း ဒေသတွင်း ဟိန္ဒူဘုရားဖူးတွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားတစီးကို စစ်သွေးကြွတွေရဲ့ တိုက်ခို်ကမှုကြောင့်…

Read More

လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့အနီးတွေမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

  ဇူလိုင် ၁၇၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ သီပေါ ကျောက်မဲ၊ နောင်ချို မြို့အနီးတွေမှာ တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လားရှိုးမြို့ပြင်ဘက်မှာဝောာ့ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ မနက် မိုးမလင်းခင်ကစ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၂ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ “လားရှိုး မြို့ပြင် ဟိုပိတ်ရွာဘက် လည်းလေကြောင်းနဲ့ ပါ ဗုံးကြဲလာလို့ အိမ်စောင့် ကျန်ခဲ့တာ ဆက်နေလို့ မရတော့ဘူး။ ထွက်လာရတယ်။ တိုက်ပွဲက ပိုဆိုးလာမယ်ထင်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လားရှိုးမြို့နဲ့ အနီး ဝန်းကျင် နေရာ တချို့မှာ လက်နက် ကျည်တွေကြောင့် ဖုန်းကြိုး၊…

Read More

ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြပွဲတွေ ပြင်းထန်လာပြီးနောက် စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေအားလုံး ပိတ်

  ဒါကာ၊ ဇူလိုင်-၁၇-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအလုပ်ခွဲတမ်းနဲ့ ပတ်သက်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပိုမိုပြင်းထန်လာပြီးနောက် နိုင်ငံတဝန်းရှိ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို နောက်ထပ်အသိပေးချက် မထုတ်မပြန်မချင်း ပိတ်ထားလိုက်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြပွဲတွေအတွင်း လူခြောက်ယောက် သေဆုံးပြီးနောက်မှာ အာဏာပိုင်တွေက အခုလိုအမိန့်ထုတ်လိုက်တာဖြစ်ပြီး ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေဟာ အစိုးရရဲ့ အလုပ်အကိုင် မူဝါဒအပေါ် ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်ထံမှ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း သားသမီးများအတွက် အစိုးရအလုပ်အကိုင်တွေ ကြိုတင်နေရာချထားပေးတဲ့စနစ်ကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ရက်အတန်ကြာကတည်းက ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစိုးရအလုပ်တွေရဲ့ သုံးပုံတပုံကို စစ်ပြန်သူရဲကောင်းအဖြစ် သတ်မှတ်ခံထားရသူတွေရဲ့ သားသမီးများအတွက် ထားရှိခြင်းဟာ ခွဲခြားဆက်ဆံခံရတာလို့ ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေက ကန့်ကွက်ပြောဆိုပါတယ်။ မြို့တော်ဒါကာအပါအဝင် မြို့အများအပြားမှာ ယခုသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူများအကြား အထူးသဖြင့် အာဏာရ အဝါမီလိဂ်ရဲ့…

Read More
VOM News

FREE
VIEW