ဂျပန်မှာ အစပ်လွန်အာလူးကြော်တွေစားပြီး ကျောင်းသား ၁၄ ယောက် ဆေးရုံရောက်

 

တိုကျို ၊ ဇူလိုင်-၁၇-၂၀၂၇
မျိုးဆက်(VOM)

ဂျပန်နိုင်ငံ တိုကျိုရှိ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၄ ယောက်ဟာ အစပ်လွန်အာလူးကြော်တွေစားပြီး ဆေးရုံရောက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကျောင်းသားတွေထဲက တယောက် ကျောင်းကိုယူလာတဲ့ အာလူးကြော်အစပ်တွေကို အယောက် ၃၀ လောက် စားခဲ့ကြပြီးနောက် အချို့သူတွေဟာ ပျို့အန်တာ၊ ပါးစပ်တဝိုက်မှာ ပြင်းထန်စွာနာကျင်မှုတွေခံစားခဲ့ရပြီးနောက် အရေးပေါ်ဌာနက လာရောက်ခေါ်ဆောင်ပြီး ဆေးရုံတင်ခဲ့ရပါတယ်။

ဆေးရုံတက်ရတဲ့ ကျောင်းသားကျောင်းသူတွေကို ဆေးရုံပို့ဆောင်ခဲ့ရာမှာ သတိလစ်မေ့မျောမှုတွေလည်း ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအာလူးကြော်တွေကို Isoyama Corp က ထုတ်လုပ်ရောင်းချတာဖြစ်ပြီး ဒီဖြစ်စဉ်အတွက် တောင်းပန်ထားပါတယ်။

ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဒီအစပ်လွန်အာလူးကြော်တွေ စားသုံးမယ့်သူတွေနဲ့ ပတ်သက်ပြီး သတိပေးချက် အပြည့်အစုံထုတ်ပြန်ထားကာ အသက် ၁၈ နှစ်အောက်တွေ ၊ သွေးတိုးနဲ့ အစာအိမ်ရှိသူတွေ စားသုံးတာကိုလည်း တားမြစ်ထားပါတယ်။

ဒီထဲမှာပါဝင်တဲ့ အစပ်ဟာ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ စိုက်ပျိုးလေ့ရှိပြီး တစ္ဆေငရုပ်သီးလို့တောင် ခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့အစပ်ဆုံးငရုပ်သီးမျိုးနွယ်ထဲက ရယူအသုံးပြုတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းကလည်း ဒိန်းမတ်နိုင်ငံဟာ အစပ်လွန်ကိုရီးယားခေါက်ဆွဲ ထုတ်ကုန်အချို့မှာ ပါဝင်တဲ့ အစပ်အဖြစ်အသုံးပြုတာတွေဟာ အတိုင်းအတာကျော်လွန်နေပြီး စားသုံးဖို့ အန္တရာယ်ဖြစ်စေတာကြောင့် နိုင်ငံတွင်းမှာ ပိတ်ပင်ခဲ့ပါတယ်။

Ref: BBC
Photo: Isoyama Corp

#Voiceofmyanmar #VOM #ဂျပန် #အစပ်လွန်အာလူးကြော် #ကျောင်းသား၁၄ယောက် #ဆေးရုံရောက်

Related posts

Leave a Comment

VOM News

FREE
VIEW