ဟားခါးမြို့ရဲစခန်းတိုက်ခိုက်ခံရပြီး အကျဥ်းသားတွေ လွတ်မြောက်

  ဇူလိုင် ၂၀ – ၂၀၂၄ GG (VOM) ချင်းပြည်နယ်၊ဟားခါးမြို့မ ရဲစခန်း ဒီနေ့ဇူလိုင်လ ၂၀ ရက်နေ့မနက်စောက တိုက်ခိုက်ခံရပြီး အချုပ်မှာချုပ်ထားတဲ့ အကျဥ်းသား ၆၀ ကျော်လည်းလွတ်မြောက်သွားတယ်လို့သိရပါတယ်။ ” ဟုတ်တယ် ၊ မနက်အစော အဲ့ဒီဘက်မှာပစ်ခတ်သံတွေကြားပြီး မကြာဘူး အချုပ်မှာ ချုပ်ထားတဲ့သူတွေလည်းလွတ်သွားတယ်။အစောင့်တွေလည်းသေတယ်ကြားရတယ်။ဒီမှာကထောင်မရှိဘူး။ဘောလုံးကွင်းအပေါ်မှာအချုပ်ပဲရှိတာ ။ စခန်းမှာက ရဲတွေပဲရှိတာ ကျွန်တော်တို့သိသလောက်လူအင်အားလည်းသိပ်မများဘူး ” လို့ ဒေသခံကပြောပါတယ်။ အဆိုပါ အချုပ်စခန်းမှာရှိတဲ့ အကျဥ်းသားအမျိုးသား ၄၉ ယောက်နဲ့ အကျဥ်းသူအမျိုးသမီး ၁၃ ယောက်လုံး လွတ်မြောက်သွားတာဖြစ်ပြီး လက်ရှိမှာတော့ ချင်း PDF တပ်ဖွဲ့ ကထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဟားခါးမြို့မ ရဲစခန်းကို တိုက်ခိုက်ပြီး အချုပ်ခန်းဖောက်မှုကို Chinland Defense Force – Hakha ကလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ၊အကျဥ်းသားတွေထဲမှာ နိုင်ငံရေးအကျဥ်းသားတွေလည်းပါတဲ့အပြင် ရဲစခန်းကနေ…

Read More

ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုး

ဇူလိုင်လ ၂၀၊ ၂၀၂၄ Shy V (VOM) ကိုးကန့် MNDAA ဘက်က တရုတ်ရဲ့ တောင်းဆိုမှုကြောင့် အပစ်ခတ်ရပ်စဲကာလ သက်တမ်းထပ်တိုးကြောင်း ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ အသိပေး ကြေညာစာ ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံဘက်က ချက်ချင်းအပစ်အခတ်ရပ်စဲဖို့နဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုထားတာကြောင်း တောင်းဆိုချက်ကို တုံ့ပြန်ရန်အတွက် ကိုးကန့် MNDAA ရဲ့ စစ်ရေးကော်မရှင်က ဇူလိုင် ၁၉ ရက်မှ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကာလ သက်တမ်းတိုး ကြောင်း ဖော်ပြထားပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ အနေနဲ့ လက်ရှိရောက်ရှိနေတဲ့ နေရာတွေမှာ ခံစစ်သာ တိုက်ရမှာဖြစ်ပြီး မိမိတို့ဘက်က စတင် ထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေး စီမံ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။ ထိုးစစ်ရပ်တန့်ထားတဲ့…

Read More

ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်နဲ့ ကလေးမြို့တွေမှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီးမရသေးလို့ ဒေသခံတွေ အခက်ကြုံ

  ဇူလိုင် ၂၀ – ၂၀၂၄ SN (VOM) ချင်းပြည်နယ်ရှိ ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီး မရရှိသေးတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့မှာ ဓာတ်အား အဓိက ဖြန့်ဖြူးပေးနေတဲ့ အုန်းတော – ညောင်ပင်ကြီး ချောင်းကူးဓာတ်အားခွဲ 230KV ရုံ ဓာတ်အားလိုင်း အပြစ်ဖြစ်သွားတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှစတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လျှပ်စစ်မီး ပြတ်တောက်နေတဲ့အတွက် အဲဒီမြို့နယ်တွေက ဒေသခံပြည်သူတွေဟာ ကျန်းမာရေးကိစ္စ၊ လုပ်ငန်းခွင်နဲ့ အိမ်မှုကိစ္စရပ်တွေမှာ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။ “မီးမလာလို့ ဆေးရုံတွေမှာ ခွဲစိတ်ကုသဖို့အတွက် အဆင်မပြေဘူး ဖြစ်နေတယ်။ ခွဲစိတ်လူနာတွေကို စောင့်ခိုင်းထားရတယ်။ အရေးပေါ်လူနာတွေကိုတော့ မီးစက်နှိုးပြီး…

Read More

တရုတ်မှာ တံတားကျိုးပြီး ကားတွေမြစ်ထဲကျလို့ ၁၁ ယောက်သေပြီး ၃၀ ကျော်ပျောက်ဆုံး

  ပေကျင်း ၊ ဇူလိုင်-၂၀-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး အဝေးပြေးလမ်းပေါ်ရှိ တံတားတစင်းပြိုကျမှုကြောင့် လူ ၁၁ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော်ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရှန်ဇီပြည်နယ် ရှန်လွန်မြို့မှာ မနေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် တံတားပြိုကျခဲ့တာလို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေဟာ မြစ်ထဲကို ကျသွားတဲ့ ကားတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ မြစ်ထဲကိုကျသွားတဲ့ ကားငါးစီးထဲမှာ သေဆုံးသူ ၁၁ ယောက်ကို တွေ့ရှိထားပြီး နောက်ထပ်ကားအစီး ၂၀ လောက်ရေအောက် နစ်မြုပ်သွားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။ အခင်းဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးသမား ၇၀၀ ကျော်၊ စက်လှေ ၁၈ စင်း၊ ဒရုန်း ၃၂ စင်းတို့ စေလွှတ်ဖြန့်ထားပြီး ပျောက်ဆုံးနေသူတွေကို အစွမ်းကုန်ရှာဖွေဖို့ တရုတ်သမ္မတရှီကျင်းပင်က…

Read More
VOM News

FREE
VIEW