လားရှိုး မန်ဆူဘက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲကြား ပိတ်မိသူတွေရှိနေ

ဇူလိုင်လ ၂၇၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး မန်ဆူဘက်မှာတော့ ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး မန်ဆူ ဘုန်ကြီးကျောင်းဝန်းထဲမှာကိုးကန့်တွေ ဝင်ပြီး နေရာယူထားတယ်။နစက တပ်ဘက်ကလည်း မန်ဆူ ဗမာဘုန်းကြီးကျောင်းဝန်းထဲမှာ နေရာယူထားတယ်။ အဲဒီ ကျောင်းနှစ်ကျောင်းက ကားလမ်းမပဲ ခြားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မြို့ထဲ နှစ်ဖက် တပ်ဖွဲ့တွေက အပြိုင်အဆိုင် နေရာ‌ေတွ နီးနီး ကပ်ကပ် ဝင်ယူ‌ကြတော့ ရှောင်မပြေးနိုင်ပဲ ကျန်နေတဲ့ ပြည်သူတွေက တိုက်ပွဲကြားထဲညှပ် ပိတ်မိ ဒုက္ခရောက် ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မန်ဆူကနေ အောက်ဖက်ကို ပေးမသွားဘူး လို့သိရတယ်။ မနေ့ကလည်း လက်နက်ကြီးတွေ ကျတယ်လို့ သိရတယ်။…

Read More

ရခိုင်မှာ တိုက်ပွဲကြောင့် ခုနှစ်လအတွင်း တံတား ၁၆ စင်းထက်မနည်းဖျက်ဆီးခံထားရ

  ဇူလိုင် ၂၇ – ၂၀၂၄ GG (VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ခုနှစ်လအတွင်း တံတား ၁၆ စင်းထက်မနည်း မိုင်းခွဲဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖျက်ဆီးခံခဲ့ရတဲ့ တံတားတွေထဲမှာ ပြည်တွင်းရှိမြို့နယ်အချင်းချင်းချိတ်ဆက်ထားတဲ့ တံတားတွေပါသလို ရန်ကုန် – စစ်တွေလမ်းမပေါ်ကတံတားလည်းပါကြောင်း၊ ကျေးရွာချင်းဆက်တံတားတွေလည်း ပါတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ လက်ရှိဇူလိူင်လ ၂၇ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းက ကနဦးစာရင်းပြုစုရရှိတဲ့ တံတားဖျက်ဆီးခံရမှုအရေအတွက်ဖြစ်ပါတယ်။ ” အရင်ရက်ကကို သံတွဲနဲ့ဂွကြားက တံတားသုံးစင်းဖျက်ဆီးခံရတယ်။တံတားတွေပျက်စီးသမျှပြန်ပြင်နိုင်မှုမရှိတာများတယ်။စစ်ဖြစ်နေတော့ဘယ်သူကမှတာဝန်ယူပြန်မပြင်နိုင်ဘူး။လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုသာပိုများလာတဲ့အခြေအနေပါ။တံတားတွေပျက်တော့ တခြားတောလမ်းတွေကနေခက်ခက်ခဲခဲသွားနေရတာပေါ့ ။ ” လို့ ဂွဒေသခံကပြောပါတယ်။ သံတွဲနဲ့ ဂွကြားက တံတားဖျက်ဆီးခံရမှုက ဇူလိူင်လ တတိယပတ်ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ချင်းကွင်း၊ သရက်ပင်ကွင်း၊ဆင်ဒင်ကလေး တံတား သုံးစင်းဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဇွန်လအတွင်းမှာတော့ မောင်တောမြို့နယ်ထဲက မောရဝတီကျေးရွာအနီးရှိ တံတား နှစ် စင်း၊ မြင်းလွှတ်ကျေးရွာအနီးရှိ…

Read More

ရေနစ်မြုပ်ပျက်စီးတဲ့ စပါးခင်းတွေကို မြေဩဇာ၊စိုက်ပျိုးရေးဆေးနဲ့မျိုးစပါးကူညီမယ်ဆိုသော်ငြား ရေမကျပါကဘာမှမလုပ်နိုင်

  ဇူလိုင် ၂၇ – ၂၀၂၄ GG (VOM) ရေနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်ဆီးခဲ့ရတဲ့ မိုးစပါးစိုက်ခင်း​ေတွကို စာရင်းကောက်ယူပြီး လိုအပ်တဲ့ မျိုးစပါး ၊ မြေဩဇာနဲ့ စိုက်ပျိုးရေးဆေးတွေ ပံ့ပိုးပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က အသိပေးလာပါတယ်။ ဒါပေမယ့်လည်း ရေမကျသေးပါက ကူညီထောက်ပံ့မှုတွေဘာမှလုပ်လို့မရဘဲ ရေကျမှသာ ပျက်စီးထိခိုက်မှုရှိတဲ့ စိုက်ခင်းတွေကို လိုအပ်တဲ့အကူညီထောက်ပံ့တွေပေးနိုင်မှာဖြစ်တယ်လို့ MRF တာဝန်ရှိသူကဆိုပါတယ်။ ” ရေမကျသေးရင် ဘာမှ လုပ်လို့ မရသေးပါဘူး။ပျက်ဆီးထိခိုက်မှု ရှိတဲ့နေရာမှာတော့ သက်တမ်းတို မျိုးတွေ နဲ့ ပြန်စိုက်လို့ ရရင် စိုက်ဖို့ လုပ်ရမှာပါ။ စပါးခင်းရေမြုပ်တာ ၄-၅-၆ ရက်လောက် ရေမြုပ်ပြီး ရေပြန်ကျတဲ့ နေရာမှာတော့ သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာ၊ ဆေးတွေ နဲ့ အထွက်မလျော့အောင် ကူညီရမှာပါ။ ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ မိုးရွာသွန်းခြင်း၊မြစ်ရေတက်ခြင်း၊တောင်ကျရေနဲ့ချောင်းရေတက်မှုတွေကြောင့်…

Read More

ရန်ကုန် ဒီနေ့မိုးကြီးနေပြီး မြေပြိုပြီး ကားငါးစီးနဲ့ဆိုင်အချို့ပျက်စီး

  ဇူလိုင် ၂၇ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်းမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေသလို မြေပြိုမှုတွေလည်းဖြစ်ပွားပြီး ရပ်ထားတဲ့ကား ငါးစီးထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ မြေပြိုမှုက စမ်းချောင်းမြို့နယ် ၊ကျွန်းတောလမ်းရှိ ဘီးလင်းကျောင်းတိုက် အုတ်တံတိုင်းပြိုကျခဲ့တာဖြစ်ပြီး ပြိုကျမှုကြောင်​့အုတ်တံတိုင်းအနီး ရပ်နားထားတဲ့ ကားငါးစီး မြေပိကာ ထိခိုက်ပျက်စီးခဲ့သလို ဆိုင်နှစ်ဆိုင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” အုတ်တံတိုင်းပြိုကျတော့ ရပ်ထားတဲ့ကားတွေပေါ်မြေတွေပိပြီး အိမ်စီးကားငါးစီးကနောက်ဖင်ပိုင်းတွေ ပျက်စီးသွားတယ်။ပရဟိတကားသုံးစီးကတော့လွတ်သွားတယ်။ဆိုင်ကလည်းပျက်စီးသွားတယ်။လူတော့ထိခိုက်မှုမရှိဘူး။လျော်ကြေးဘာညာကိစ္စတော့မသိပါဘူး ။ ” လို့ ရပ်ကွက်နေထိုင်သူတယောက်ကပြောပါတယ်။ ရန်ကုန်မှာ ဇူလိုင်လ ၂၀ ရက်လောက် ကစပြီး ရွာခဲ့တဲ့မိုးက ခုရက်ပိုင်းမှာပိုပြီး မိုးရွာသွန်းမှုများတာကြောင့် ဒီနေ့ဇူလိုင်လ ၂၇ ရက်နေ့မှာ မြို့နယ်အများစုက ရပ်ကွက်တွေထဲကို ရေတွေဝင်ရောက်နေတဲ့အပြင် စျေးတွေထဲလည်းရေကြီးနေပြီး ကားလမ်းတွေမှာပါ ရေတွေကျော်နေတာဖြစ်တယ်လို့သိရပါတယ်။ ” မိုးက အတော်လေးကိုကောင်းနေတာ။အခုဆိုအိမ်ထဲထိရေတွေဝင်နေပြီ။ ဒီထက်ထပ်တက်ရင်မလွယ်ဘူး။အခုတော့အောက်ထပ် ဝင်နေပြီ။အိမ်ထဲ တပေခွဲလောက်ရှိနေပြီ။နေမမြင်ရတာကိုကြာပြီးမိုးကအရင်ရက်ထဲကရွာနေတာကိုခုရက်ကအတော်ကိုသည်းပြီးရေတက်လာတာ။” လို့ မရမ်းကုန်းနေထိုင် သူကပြောပါတယ်။…

Read More

ပဲခူးတိုင်းမှာ ရေကြီးနစ်မြုပ်မှုဒေသများလာပြီး မြေပြိုတာ၊တံတားပျက်စီးတာတွေရှိပြီး အစားအသောက်နဲ့အကူအညီတွေလိုအပ်နေ

  ဇူလိုင် ၂၇ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်းအပြင် အရှေ့ပိုင်းကမြို့နယ်တွေမှာပါ ရေကြီးနစ်မြုပ်မှုတွေရှိလာတာကြောင်း ပဲခူးတိုင်းတတိုင်းလုံးက မြို့နယ်အများစုမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားပြီး ရေဘေးသင့်ပြည်သူတွေလည်း သိန်းချီရှိကာ အစားအသောက်နဲ့အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ ပဲခူးတိုင်းအရှေ့ခြမ်းက ရွှေကျင်၊ပဲခူးမြို့၊မုန်း၊မဒေါက်မြို့နယ်အပါအဝင် မြို့နယ်အချို့က ကျေးရွာတွေ၊ အနိမ့်ပိုင်းရပ်ကွက်တွေမှာရေတွေဝင်ရောက်ပြီး အချို့ရွာတွေမှာ နေအိမ်တွေနစ်မြုပ်တဲ့အထိဖြစ်ပွားနေတဲ့ အပြင် ပဲခူး-ရန်ကုန် ကားလမ်းပေါ်လည်း ရေတွေစတင်ကျော်နေပြီဖြစ်တယ်လို့သိရပါတယ်။ ” ပဲခူး ရန်ကုန်ကားလမ်းရေကျော်နေပြီ။ကားတွေတော့သွားလို့ရနေသေးတယ်။ရပ်ကွက်တွေထဲလည်းရေဝင်နေပြီ။မနှစ်ကလိုရေတက်မကြမ်းဖို့တော့ဆုတောင်းပါတယ်။မနှစ်ကရေကြီးတာတော့ခုချိန်မဟုတ်ဘူး။အခုတော့ပဲခူးကစိုးရိမ်ရေမှတ်ထက်ကျော်နေပြီ။မဒေါက်ဘက်ကတော့ ပိုအတက်ကြမ်းနေတယ်။ ” လို့ပဲခူးမြို့ခံကပြောပါတယ်။ မဒေါက်မြို့နယ်မှာ စစ်တောင်းမြစ်ရေက မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၆ ပေခန့်ကျော်နေပြီး နောက်ထပ်လည်း ၁ ပေလောက်မြင့်တက်လာအုံးမယ်လို့ မိုး/ဇလကအသိပေးထားပါတယ်။ ရွှေကျင်မြို့မှာလည်း ရွှေကျင်မြစ်ရေက မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၄ ပေခွဲကျော်လွန်နေတဲ့အပြင် ထပ်ပြီးလည်း ၂ ပေလောက်မြင့်တက်လာအုံးမယ်လို့ဆိုပါတယ်။ ပဲခူးမြို့နယ်မှာလည်း ပဲခူးမြစ်ရေကမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၂ ပေကျော်လွန်နေပြီးနောက်ထပ် ၂ ပေ မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။ ” အရင်နှစ်ကမိုးက အောက်တိုဘာလထဲမှာ…

Read More

ဖလမ်းမြို့ကို သိမ်းမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာကြောင့် ဒေသခံထောင်နဲ့ချီ မြို့ကိုစွန့်ခွာ

  ဇူလိုင် ၂၇ – ၂၀၂၄ SN (VOM) လက်ရှိမှာ ချင်းပြည်နယ် (မြောက်ပိုင်း)၊ ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က တိုက်ခိုက် သိမ်းပိုက်တော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာကြောင့် ဒေသခံထောင်နဲ့ချီ မြို့ကိုစွန့်ခွာနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ထွက်ပြေး တိမ်းရှောင်သူတွေဟာ ကား၊ ဆိုင်ကယ် အလုံးရင်းနဲ့ ဖလမ်းမြို့နယ်ထဲက ကျေးရွာတွေအပြင် ဟားခါး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့အထိ ထွက်ပြေးနေကြတာဖြစ်ပြီး အရေအတွက်အားဖြင့် လူဦးရေ ၅၀၀၀ ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။ “မြို့ထဲမှာ ကျန်နေခဲ့တဲ့သူတွေလည်း တိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါပြီ။ ဘယ်သူမှလည်း မနေရဲကြတော့ဘူးလေ။ ဒီရက်ပိုင်း မြို့ကလူအကုန် ထွက်ခွာဖြစ်မယ်ထင်တယ်။ ကောလာဟလ သတင်းတွေကတော့ တောက်လျှောက် ထွက်နေတာပါပဲ။ အခုလည်း သတင်းထွက်နေတယ်။ ဒါပေမယ့် ဖလမ်းမြို့မှာတော့ အခုအချိန်အထိ စစ်ရေးဖော်ဆောင်တာ၊…

Read More

ဆေးရုံတက်နေတဲ့ ဘင်္ဂလားဒေ့ရှ် ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေ ဖမ်းဆီး

  ဒါကာ၊ ဇူလိုင်-၂၇-၂၀၂၄ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်မှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ဆေးရုံတက်နေတဲ့ ကျောင်းသားခေါင်းဆောင်သုံးယောက်ကို အာဏာပိုင်တွေက ဆေးရုံကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ ဆန္ဒပြခေါင်းဆောင်သုံးယောက်ဟာ ဒဏ်ရာတွေကို ကုသမှုခံယူနေဆဲဖြစ်ပေမယ့် မြို့တော်ဒါကာရှိ ဂိုနိုရှာသာရာဆေးရုံကနေ အရပ်ဝတ်ရဲတွေကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ကျောင်းသားတွေကို ခေါ်ဆောင်သွားဖို့ကို သဘောမတူပေမယ့် ရဲတွေက ဆေးရုံအကြီးအကဲကို ဖိအားပေးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူကပြောပါတယ်။ သွေးထွက်သံယိုမှုတွေဖြစ်ပွားပြီးနောက် ဆန္ဒပြသူတွေဟာ ယခုသီတင်းပတ်ကအစောပိုင်းကစပြီး ဆန္ဒပြပွဲတွေကို ယာယီဆိုင်းငံ့ထားပါတယ်။ ယခင်လွတ်လပ်ရေးတိုက်ပွဲဝင် စစ်မှုထမ်းဟောင်းတွေရဲ့ သားသမီးတွေအတွက် အစိုးရအလုပ်အကိုင်ခွဲတမ်းထားရှိမှုအပေါ် တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြမှုအတွင်း လူ ၁၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ် အစိုးရအလုပ်အကိုင်ရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ အဲဒီခွဲတမ်း ချန်ထားမှုနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေပြင်းထန်လာပြီးနောက် ဒီကိစ္စကို ရပ်သိမ်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က အမိန့်ချလိုက်ပါတယ်။ မကြာသေးမီက ဆန္ဒပြကျောင်းသားများ သေဆုံးမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဆန္ဒပြပွဲတွေ…

Read More

တီးတိန်မြို့မှာ လျှပ်စစ်မီးနဲ့ အင်တာနက် ပြန်လည်ရရှိ

  ဇူလိုင် ၂၇ – ၂၀၂၄ SN (VOM) ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မနေ့ ဇူလိုင် ၂၆ ရက်ကစပြီး လျှပ်စစ်မီးနဲ့ အင်တာနက် ပြန်လည်ရရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်ကစပြီး Hyper Line ရဲ့ Wifi Cable လိုင်းကနေ အင်တာနက် စတင် အသုံးပြုလို့ ရပြီဖြစ်သလို နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာလည်း ဇလွီး ရေအားလျှပ်စစ် စက်ရုံမှတဆင့် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ “လျှပ်စစ်မီးရော၊ Wifi ရော ပြန်ရနေပြီ။ လျှပ်စစ်မီးကတော့ အရင်က အလှည့်ကျကိုမှ တပတ်ကို နှစ်ရက်ပေးတာ။ အခုတော့ ဘယ်လိုပေးမလဲ မသိသေးဘူး။ Wifi ကလည်း ပြန်ရပေမယ့် အင်တာနက်လိုင်းဆွဲအား သိပ်မကောင်းသေးဘူး”…

Read More

၂၀၂၄ ပါရီအိုလံပစ် အားကစားပြိုင်ပွဲ ဖွင့်လှစ်

  ပါရီ၊ ဇူလိုင်-၂၇-၂၀၂၄ ပြင်သစ်နိုင်ငံမှာကျင်းပမယ့် ၂၀၂၄ ခုနှစ် ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို ပါရီမြို့လယ်မှာ ခမ်းနားဖွင့်လှစ်လိုက်ပြီး ကမ္ဘာတဝန်းက နိုင်ငံခေါင်းဆောင်တွေ ၊ ထင်ရှားကျော်ကြားသူတွေနဲ့ အားကစားသမားတွေ ပရိတ်သတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ Photo:Reuter/AP #Voiceofmyanmar #VOM #ပြင်သစ် #ပါရီအိုလံပစ် #ဖွင့်ပွဲ##

Read More

ပြည်ဝင်ခွင့်ဗီဇာ ပြဿနာကြောင့် တရုတ်ကို တရားဝင်လုပ်သားစေလွှတ်မှု ရပ်ဆိုင်းထားရ

  ဇူလိုင် ၂၇ – ၂၀၂၄ SN (VOM) တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ဒေသကို တရားဝင် မြန်မာအလုပ်သမား စေလွှတ်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာ ပြဿနာကြောင့် ရပ်ဆိုင်းထားရတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအဝိုင်းက သိရပါတယ်။ လတ်တလော နိုင်ငံခြားသားလုပ်သား ခေါ်ယူတာဟာ တရုတ်ပြည်မထဲက မဟုတ်ဘဲ မြန်မာနိုင်ငံ နဲ့ နီးစပ်တဲ့ ယူနန်ပြည်နယ်၊ တဲဟုန်ဒေသက စက်မှုဇုန်တွေမှာ လုပ်ကိုင်ဖို့အတွက် ဖြစ်တာကြောင့် တရုတ်ပြည်မကြီးက ဗီဇာ ထုတ်ပေးဖို့ အဆင်မပြေဖြစ်နေတာလို့ သိရပါတယ်။ “တရုတ်ပြည်မထဲက နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက်မရှိဘူး။ အခုလိုတာက တယ်ဟုန်ပြည်နယ်တခုတည်းဆိုတော့ သူတို့ဘက်က အလုပ်သမားဗီဇာ မပေးချင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆို ပြည်နယ်တခုကိုပဲ ခွင့်ပြုတာလေ။ တရုတ်ပြည်မကြီးမှာက နိုင်ငံခြားသား General Worker မှ မလိုတာ။ နောက် ပြည်မကြီးမှာက အလုပ်သမားဗီဇာ…

Read More
VOM News

FREE
VIEW