ဂရိနိုင်ငံ အေသင်မြောက်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းလို့ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

 

အေသင်၊ ဩဂုတ်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ဂရိနိုင်ငံ အေသင်မြို့မြောက်ဘက်မှာ တောမီးအကြီးအကျယ် ဆက်လက်လောင်ကျွမ်းနေပြီး မီးတောက်တွေဟာ ပေ ၈၀ အမြင့်ထိရှိလာတဲ့အတွက် ဒေသခံထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။

ရှေးယခင်က မာရသွန်ပြိုင်ပွဲများကျင်းပခဲ့တဲ့ သမိုင်ဝင်နေရာဖြစ်ပြီး အနီးနားရှိ ဗာနာဗက်စ်မြို့မှာလည်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ တောမီးရှောင်ရှားရင် ပိတ်မိနေသော ကား ၂၅ စီးပေါ်မှ လူများကို ကယ်ဆယ်ရေးသမားတွေက ကယ်တင်ခဲ့ရပါတယ်။

တောမီးလောင်ကျွမ်းမှုဟာ ယမန်နေ့ကထိ နေရာပေါင်း ၃၀ ကျော်မှာ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးငြှိမ်းသတ်ရေးအတွက် မီးသတ်သမားတွေ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ပူပြင်းတဲ့ ရာသီဥတုအခြေအနေကြောင်း တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွာနိုင်ကြောင်း ဂရိတာဝန်ရှိသူတွေက သတိပေးထားပါတယ်။

တောမီးလောင်ကျွမ်းမှု အခြေအနေဆိုးရွားလာတာကြောင့် ဂရိဝန်ကြီးချုပ် ကီရီယာကော့စ် မစ်ဆိုတာကစ်ဟာ အားလပ်ရက်ခရီးထွက်မယ့်အစီအစဉ်ကို ဖျက်သိမ်းပြီး အေသင်ကို ပြန်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဗာနာဗက်စ်နဲ့ ဂရမ်မာတီကိုမြို့ခံတွေကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ဒေသန္တရာ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။ တောမီးလောင်ကျွမ်းမှုကို မီးသတ်သမား ၁၆၅ ယောက်၊ ခြေလျင်အဖွဲ့ ကိုးဖွဲ့၊မီးသတ်လေယာဉ်တွေနဲ့ ငြှိမ်းသတ်ဖို့ ကြိုးစားနေကြပါတယ်။

Ref;BBC
Photo:Reuters

#Voiceofmyanmar #VOM #ဂရိ #တောမီးလောင်ကျွမ်းမှု

Related posts

Leave a Comment

VOM News

FREE
VIEW